Skip to content

#သက်ဆိုင်ရာက ခွင့်မပြုသော်လည်း လှည်းတန်းတွင် ဆန္ဒပြ

November 12, 2014

သက်ဆိုင်ရာက ခွင့်မပြုသော်လည်း လှည်းတန်းတွင် ဆန္ဒပြ
By ဖိုးတုတ်(လှည်းတန်း) On Wed, 2014-11-12
အခြေခံဥပဒေပုဒ်မအချို့ပြင်ဆင်ရေး၊ ပီအာရ်စနစ်ဖျက်သိမ်းရေးတို့နှင့် ပတ်သက်ပြီး ကမာရွတ်မြို့နယ်လှည်းတန်းထိပ်တွင် ဆန္ဒထုတ်ဖော်ရန်အတွက် သက်ဆိုင်ရာက ခွင့်မပြုခဲ့သော်လည်း ဆန္ဒပြသူများမှာ မူလအစီအစဉ်အတိုင်း ဆန္ဒထုတ်ဖော်ခဲ့သည်။

ဆန္ဒထုတ်ဖော်ရန်အတွက် သတ်မှတ်ထုတ်ပြန်ထားသည့်အတိုင်း ငါးရက်ကြိုတင်ကာ စာတင်ခဲ့သော်လည်း သက်ဆိုင်ရာက တာမွေမြို့နယ် ဟစ်တိုင်တွင် ခွင့်ပြုခဲ့သော်လည်း မူလစာတင်ထားသည့်အတိုင်း လှည်းတန်းထိပ်မှ သံလွင်လမ်းအထိ ဆန္ဒထုတ်ဖော်သွားမည်ဟု ဦးဆောင်သူ အချို့ကဆိုသည်။

‘‘ကျွန်တော်တို့က ကိုယ့်ဆန္ဒကို ထုတ်ဖော်တာ ဘယ်အာဏာပိုင်ရဲ့ ဆန္ဒကိုမှ မလိုက်နာနိုင်ဘူး။ ဆိုလိုတာကတော့ ဆန္ဒပြတဲ့သူတွေ ထောင်ချချင်လို့ လုပ်တယ်လို့မြင်တယ်။ ဥပဒေကို လက်တစ်လုံးခြားလုပ်နေတာပဲ။ မေးချင်တာ တစ်ခုကတော့ ဒီမိုကရေစီအဖွံ့ဖြိုးဆုံး တိုင်းပြည်က သမ္မတလာမှ မြန်မာနိုင်ငံမှာ ဒီမိုကရေစီဆိတ်သုဉ်းသွားပြီးလားဆိုတာ သိချင်ပါတယ်’’ဟု ၎င်းကဆိုသည်။

ဆန္ဒထုတ်ဖော်သူတွေအနေဖြင့် ၅၉(စ/ဃ)၊ ပုဒ်မ (၄၃၆)၊ ပုဒ်မ ၆(စ)၊ ပီအာရ်စနစ်စသည်တို့ကို ဖျက်သိမ်းပေးရန်နှင့် လာမည့် ၂၀၁၅ တွင် ဒေါ်အောင်ဆန်းစုကြည့်သမ္မတဖြစ်ရန်အတွက် အမေရိကန်သမ္မတအိုဘားမားက မြန်မာအစိုးရကို ဖိအားပေးတောင်းဆိုရန် ဆန္ဒထုတ်ဖော်သူများက တောင်းဆိုခဲ့ကြပြီး အခြေအနေအရ မူလလမ်းကြောင်းအတိုင်း မဟုတ်တော့ပဲ လှည်းတန်းထိပ်မှ နာနတ်တောခုံးတံတားထိ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

အာဆီယံအစည်းအဝေးပွဲကျင်းပချိန်တွင် အမေရိကန်သမ္မတအိုဘားမားအပါအ၀င် နိုင်ငံခေါင်းဆောင်များလာရောက်မှုကြောင့် လုံခြုံရေးအခြေအနေကို အကြောင်းပြကာ ရန်ကုန်၊ စစ်ကိုင်း၊ မန္တလေးစသည့်မြို့ကြီးများတွင် ဆန္ဒထုတ်ဖော်ပွဲများကို ပိတ်ပင်ထားကြောင်း သိရသည်။

1798446_599540233507325_1850637159649641940_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: