စည်းလုံးခြင်းနိမိတ်ပုံနဲ့ KAF ကော်သူးလေတပ်မတော် မီးပုံပျံ ကော်သူးလေတပ်မတော် မီးပုံပျံ
…………………………………………………………………………….
စည်းလုံးညီညွတ်ခြင်းပြယုဂ်ကို ဖေါ်ဆောင်ခြင်းနဲ့ ကရင့်အမျိုးသားခေါင်းဆောင် စောဘဦးကြီးမူလေးချက်အောက်က KAF ကော်သူးလေတပ်မတော်အား ကြိုဆိုဂုဏ်ပြုခြင်းအထိမ်းအမှတ်အနေဖြင့် နိုဝင်ဘာ(၇)ရက်(ကရင်ပြည်နယ်နေ့)မှာ ဒီမီးပုံးပျံကြီးကို လွှတ်တင်ခဲ့တာဖြစ်ပါတယ်။
ဘားအံမြို့နဲ့ (၁၀)မိုင်ခန့်ဝေးတဲ့ ဖျားလုံရွာမှာ လွှတ်တင်ခဲ့တဲ့ ဒီမီးပုံးကြီးကို ကိုးဒီသွေးတို့အဖွဲ့က Saw Freedom ကိုယ်တိုင်စီစဉ်ဖန်တီးထားပြီး မလေးရှား MKO အဖွဲ့နဲ့ တခြားသောမျိုးချစ်ကရင်အမျိုးသားများ ပါဝင်ပံ့ပိုးထားကြပါတယ်။
ဒီမီးပုံးပျံကြီးဟာ ကရင်အမျိုးသားတို့ရဲ့ စိတ်ဓါတ်ခွန်အားနဲ့ တည်ဆောက်ယူထားတဲ့ KAF ကော်သူးလေတပ်မတော်ရဲ့ အနာဂတ်ခရီး အစဉ်ဖြောင့်ဖြူးဖို့အရေးကို ဦးတည်ထားသလို
ရှေ့ဆက် ရင်ဆိုင်ကြုံတွေ့နိုင်တဲ့ အခက်အခဲ၊ အဟန့်အတားနဲ့ စိန်ခေါ်မှုတွေကို သင်ပုန်းချေမဲ့ ငြိမ်းချမ်းခြင်းနိမိတ်ပုံကို ဖေါ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။
ဒီလိုနဲ့ KAF ကော်သူးလေတပ်မတော်ဟာ လူထုထောက်ခံမှုမီးဆာကိုအားယူပြီး မီးပုံးပျံကြီးလိုပဲ အမြင့်ဆုံးတနေရာကို ဧကန်မုချ ရောက်ရှိနိုင်တော့မှာ ဖြစ်ပါတယ်။
by Nined Blood