#ကရင်အမျိုးသားရဲတပ်ဖွဲ့ #KNPF) #ရဲမှူး #၁ #ဦးအပါအ၀င် ၅ ဦး #သတ်ဖြတ်ခံရ

ကရင်အမျိုးသားရဲတပ်ဖွဲ့ (KNPF) ရဲမှူး ၁ ဦးအပါအ၀င် ၅ ဦး သတ်ဖြတ်ခံရ
အောက်တိုဘာ – ၃၁ – ၂၀၁၄
ကရင်အမျိုးသား(မီဒီယာ)
ကရင်အမျိုးသားအစည်းအရုံး KNU လက်အောက်ခံ ဒူးပလာယာခရိုင်က မြို့နယ်ဒုရဲမှူးတဦးအပါအ၀င် တပ်ဖွဲ့ဝင် ၅ ဦး ဒီလ ၂၃ ရက်နေ့က သတ်ဖြတ်ခံရတဲ့အတွက် တာဝန်ရှိသူတွေကို အရေးယူပေးဘို့ ကျန်ရစ်သူမိဘဆွေမျိုးသားချင်းတွေက တောင်းဆိုမှုတွေလုပ်သွားမယ်လို့သိရပါတယ်။
သေဆုံးသူတွေထဲက မိခင်ဖြစ်သူတဦးကတော့ ဒီအမှုနဲ့ပတ်သက်ပြီး တာဝန်ရှိသူတွေကို အရေးယူပေးဘို့ လုပ်ဆောင်သွားမှာဖြစ်တယ် အခုဖြစ်တာက ကိုယ့်အချင်းချင်းသတ်လို့သေရတာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီးတော့ ကရင်အမျိုးသားအစည်းအရုံးက တာဝန်ရှိသူတွေကတော့ တစုံတရာထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။
သတ်ဖြတ်ခံရတဲ့ ဆွေမျိုးသားချင်းတွေပြောတာကတော့ ဒီလ ၂၃ ရက်နေ့က တပ်စခန်းတခုမှာ ချုပ်နှောင်ခံရပြီးမှ အဲဒီနေ့မနက် ၁၁ နာရီဝန်းကျင်လောက်မှာ သတ်ဖြတ်ခံရတာလို့ ဆိုပါတယ်။
သေဆုံးသူဒုရဲမှူးစောသိန်းဦး (၄၅)နှစ်ဟာ အဖဦးအောင်ထွေးကျော် ရဲ့ သားဖြစ်ပြီး (ထွီးမောင်ထို) ရွာဇာတိဖြစ်တယ်လို့သိရပါတယ်။
အဲဒီဒေသအတွင်းက ဒေသခံတွေကတော့ အခုဖြစ်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး အတော့ကိုတုန်လှုပ်မိတယ်လို့ ပြောဆိုကြပါတယ်။
ပုံစာ – သတ်ဖြတ်ခံရသူဒူးပလာယာခရိုင်က(KNPF) မြို့ နယ်ရဲမှူးစောသိန်းဦး။ CR.ကရင်အမျိုးသား- မီဒီယာ

64271_559305630881487_1894257044127059094_n1958287_721690301247258_8765135624326516726_n

 

########

(KNU/KNLA PC) ငြိမ်းချမ်းရေးကောင်စီတပ်သားနှင့် ကရင် ဒေသခံအချို့အား BGF ၀င်ရောက်ရိုက်နှက်ခဲ့ October 30, 2014
ကရင်ပြည်နယ်၊ မြ၀တီမြို့ တောင်ကလေးအေးရိပ်သာဘုန်းကြီးကျောင်း အနောက်ဘက်ခြမ်း မြေနီကုန်းတွင် နယ်ခြားစောင့်တပ် (BGF)အဖွဲ့ဝင်တစ်စုက ကရင်ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA PC) တပ်ဖွဲ့ဝင်နှင့် ဒေသခံအချို့အား အောက်တိုဘာ ၂၅ရက် နေ့က ၀င်ရောက်ရိုက်နှက်ခဲ့သည်ဟု သိရသည်။
ထိုရိုက်နှက်မှုတွင် BGF အမှတ်(၁၀၂၂) တပ်ရင်းမှ ဗိုလ်ချင်းလုံ ဦးဆောင်သည့် ၁၀ဦးပါ အဖွဲ့က ယူနီဖေါင်းအပြည့်အစုံ ၀တ်ဆင် ကာ လက်နက်နှင့်တကွ ငြိမ်းချမ်းရေးကောင်စီတပ်ဖွဲ့ဝင် နေထိုင်ရာ အိမ်တစ်အိမ်သို့ ရောက်ရှိလာပြီး အိမ်ပေါ်ရှိ ငြိမ်းချမ်းရေး ကောင်စီ တပ်သား ၄ဦးနှင့် ဒေသခံ ၅ဦးတို့ကို ရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေးကောင်စီ ဗျူဟာ(၁)မှ တပ်သားစောဝင်း သိန်းက ကေအိုင်စီသို့ ပြောသည်။
“သူတို့က ကျနော်တို့နေတဲ့နေရာမှာ လက်နက်အစုံနဲ့ လာတယ်။ ကျနော်တို့ကို အရင်ဆုံး ဘာမှမမေးဘဲ အပြင်းအထန်ရိုက် တယ်၊ ကန်တယ်။ ရိုက်လို့ပြီးသွားမှ ကျနော်တို့ကို မေးတယ်။ ပြီးတော့ ကျနော်တို့လက်နက် ၂လက်ကိုသိမ်းပြီး တီဗွီ၊ စီဒီ အောက်စက်နဲ့ အခြားအိမ်သုံးပစ္စည်းအချို့တွေလည်း ယူသွားတယ်။ လက်နက်ကိုတော့ နောက်ပိုင်းမှာ ပြန်ပေးတယ်”ဟု စော ၀င်းသိန်းက ပြောသည်။
ရိုက်နှက်ခံရသူများမှာ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်များဖြစ်ကြသော စောတာနွီး၊ စောကွယ်ထူး၊ စောသူခိုဖိုးတို့နှင့် ဒေသခံ များဖြစ်သည့် စောတင်ကို၊ စောကျော်ပိ၊ စောအငယ်ကောင်နှင့် စောကဆောတို့ဖြစ်ကြောင်း သိရသည်။
ရိုက်နှက်ခြင်းခံရသူ ဒေသခံ စောကျော်ပိကလည်း “သူတို့ ရုတ်တရက် လာတယ်။ သေနတ်နဲ့ ချိန်တယ်။ ဘာမှမမေးခင်မှာ ကျနော်တို့ကို အပြင်းအထန် အရင်ရိုက်ပြီးမှ နင်တို့က စစ်သားလာလို့ မေးတယ်။ ကျနော်တို့ကတော့ စစ်သား မဟုတ်ဘူး။ ဘုန်း ကြီးကျောင်းမှာ ဆွမ်းချက်နေတဲ့သူတွေပါလို့ ကျနော်တို့ ပြန်ဖြေတယ်”ဟု ပြောသည်။
ယင်းဖြစ်ရပ် ဖြစ်ပွားခဲ့သည့်အပေါ် ဖြေရှင်းရန်အတွက် BGF မှ အမှတ်(၃)တိုက်နယ်မှူး ဗိုလ်မှူးချုပ်စောချစ်သူနှင့် ငြိမ်းချမ်းရေး ကောင်စီမှ ဗျူဟာမှူး ဗိုလ်မှူးကြီးစောရွှေကျော်တို့က နှစ်ဦးနှစ်ဘက် ညှိနှိုင်း ဆွေးနွေးခဲ့ကြသော်လည်း ရိုက်နှက်မှုကျူးလွန်သူ BGF တပ်ဖွဲ့ဝင်များကို တစုံတရာ အပြစ်ပေးခြင်းမရှိဘဲ ခံဝန်ကတိလက်မှတ်သာ ထိုးခိုင်းခဲ့သည်ဟု သိရသည်။
လက်ရှိအချိန်တွင် ရိုက်နှက်ခံရသူအချို့မှာ မြ၀တီဆေးရုံကြီးတွင် ဆေးကုသမှု ဆက်လက် ခံယူနေရသလို ရိုက်နှက်မှု ကိစ္စနှင့် ပတ်သက်၍ ကျူးလွန်သူများအား အရေးယူခြင်းသော်လည်းကောင်း၊ ဥပဒေအရသော်လည်းကောင်း၊ တာဝန်ရှိသူများက အရေး ယူ လုပ်ဆောင်ခြင်းမျိုးလည်း မတွေ့ရကြောင်း စောဝင်းသိန်းက ပြောဆိုသည်။
ကရင်ပြည်နယ်တွင် နယ်ခြားစောင့်တပ်(BGF) နှင့် ကရင်လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ငြိမ်းချမ်းရေးကောင်စီတို့အကြား ပဋိ ပက္ခ ဖြစ်ပွားကြရာတွင် စုစုပေါင်း ၅ကြိမ်ရှိခဲ့သည်ဟု ငြိမ်းချမ်းရေးကောင်စီ၏ မှတ်တမ်းအရ သိရသည်။
by – ကေအိုင်စီ – ကရင်သတင်းဌာန

1510442_560401064060335_1012930158800356531_n1966845_560401130726995_360745633936723074_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s