ကိုယ့်ကိုယ် ကိုယ် ဟိုနေ့က မြို့တော်ခန်းမအရှေ့ ပွဲကြောင့် အပေါင်းပါများ အမည်တပ်ထားတဲ့ ပုဒ်မ ၁၈ တမှုထဲ ရှိတယ် ထင်နေတာ။
အခုမှ အမှုသစ် တခု ထပ်ပေါ်လာတယ်။
တပ်မတော်ကို ခုတုံးလုပ်ပြီး အောက်တန်းကျတဲ့ ၀ါဒဖြန့်ချီမှုတွေ လုပ်နေတာ ဟာ စစ်ဘက်က ကြိုးကိုင်ထားတဲ့ အုပ်စုက ဖြစ်တယ်။
ဒီလောက် အဆင့်အတန်း မရှိ အောက်တန်းကျတဲ့ လုပ်ရပ်တွေ လုပ်နေတဲ့ လူတစုကို တပ်မတော်က လက်ခံထားတာကို အလွန် ၀မ်းနည်းမိတယ်။
တပ်မတော်ကြီး ဂုဏ်သိက္ခာ ကျဆင်းနေရခြင်း၊ လူထုရဲ့ မုန်းတီးမှုကို ပိုပိုခံယူလာရခြင်း အကြောင်းရင်းတွေထဲမှာ ဒီလို လူတွေရဲ့ ရှက်ဖွယ်လိလိ အပုပ်ချအတင်းအဖျင်း ပြောရေးနေသူတွေကြောင့်ပါ။
ကျနော်မသိ မမြင်ဖူးသော ကလေးမလေး အတွက် ကျနော် စိတ်မကောင်းပါ။ သူ့ မိဘတွေ ကျန်ရစ်သူ မိသားစုသာ မြင်ရရင် ပိုလို့တောင် စိတ်မကောင်းဖြစ်အုန်းမယ်။
သေသွားသူရဲ့ ပုံတွေကို ကိုယ့် အဖွဲ့အစည်း အတွက် ၀ါဒဖြန့်ချီရေးမှာ မဟုတ်တမ်းတရားယူသုံးတာလောက် ဖေါက်ပြန်မှု မရှိဘူးထင်ပါတယ်။
အမည်မသိ၊ မြန်မာလူမျိုးရော ဟုတ်မဟုတ် မသိရတဲ့ မိန်းကလေး ရဲ့ မိဘများကို ကျနော် နေမျိုးဇင် က ကြားကနေ တောင်းပန်လိုက်ပါတယ်။
စစ်မိစ္ဆာကောင်၊ စစ်အာဏာရှင် လက်ပါးစေ အလိုတော်ရိတွေ ရှိနေသေးသမျှ ကျနော်တို့ မြန်မာပြည် သူပြည်သားတွေ ဘ၀ အစစ မလုံခြုံသေးပါဘူး ဆိုတာ အခုလို ပုံတွေက ဖေါ်ပြနေပါတယ်။
နေမျိုးဇင် cr. nay myo zin
မုဒိန်းကျင့် လူသတ်ကောင် နေမျိုးဇင်၏ လူမှုရေးအရှုပ်တော်ပုံ
နေမျိုးဇင်အကြောင်း မသိသေးတဲ့ ပြည်သူတွေအတွက် ခံစားခဲ့ရတဲ့ပြည်သူတစ်ဦးတစ်ယောက် အတွက် မခံစားနိုင်လို့ ရင်ဖွင့်ပြရတာပါ။
နေမျိုးဇင် ခြေရှုပ်ခဲ့တဲ့ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာက ခင်နှင်းဖြူ(ခ)မိဖြူကို အတည်ပါဆိုတဲ့ စကားလေးနဲ့ ဖျက်စီးခဲ့ပြီး၊ ကိုယ်ဝန်ရှိမှ သူတာဝန်မယူနိုင်တော့ပါဘူးပြောလို့ စိတ်ထောင်း ကိုယ်ကြေနဲ့ အဆိပ်သောက်ခဲ့တဲ့အတွက် ခင်နှင်းဖြူ(ခ) မိဖြူသည် (23-10-2014) ရက်နေ့မနက် ၄ နာရီ ၃၀ မိနစ်တွင် ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာနေ ၄င်း၏နေအိမ်တွင် ကွယ်လွန်သွားခဲ့ပါသည်။
ဖြစ်စဉ်အကြောင်းကိုရှင်းပြရမယ်ဆိုရင်-
နေမျိုးဇင်ဆိုတာ မြန်မာ့လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေး ဘာညာ ဆိုပြီး ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်ကို 2012 ခုနှစ် နှစ်ကုန်ပိုင်းကနေ ၀င်ထွက်လှုပ်ရှားလာခဲ့တာ လူတိုင်း အသီဖြစ်ပါလိမ့်မယ်၊ သူစတည်းချတဲ့ နေရာဖြစ်တဲ့ ပန်းတနော်မြို့နယ်၊ အကယ်ချောင်းကျေးရွာက တိုင်းရင်းဆေးဆရာ သိန်းဝင်း အိမ်ကနေပဲ ၀င်/ထွက် သွားလာနေခဲ့တာ ပန်းတနော်သားတိုင်းသိပြီးဖြစ်ပါလိမ့်မယ်။
နေမျိုးဇင်ရဲ့ ဧရာဝတီတိုင်းမှာ ကျော်ကြားခဲ့တဲ့ ပန်းတနော်အင်းဖြစ်စဉ်မှာ ရဲတွေကို ပမာမခန့် ပြန်ပြောခဲ့ပုံ၊ ရဲရဲတောက် အဖမ်းခံခဲ့ပုံ၊ တောင်သူလယ်သမား ဆန္ဒဖော်ထုတ်ပွဲတွေကျင်းပခဲ့ပုံ၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဌ ဦးဆန့်ဆင့် သာသနာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးအဖြစ် မပြောင်းရွှေ့ပေးရရေးဆန္ဒဖော်ထုတ်ခြင်းများနဲ့ ဧရာဝတီတိုင်းမှာ ပန်းတနော်ကိုအခြေတည်ပြီး လှုပ်ရှားခဲ့တာ နေမျိုးဇင်ဆိုတဲ့ နာမည်တစ်လုံးရရှိခဲ့ပါတယ်။
အဲဒီ့နောက်မှာတော့ အကယ်ချောင်းသိန်းဝင်းအိမ်မှာအခြေတည်လို့ နိုင်ငံတကာက အလှူရှင်တွေလှူတဲ့ ပိုက်ဆံနဲ့ 2013 ခုနှစ် နှစ်လည်လောက်မှာ ကွန်ပျူတာသင်တန်းဆိုပြီး ဖွင့်လှစ်ခဲ့ရာမှာ ရွာနီးစပ်ချုပ်က လူငယ်၊ လူရွယ်၊ ပျိုပျို၊ အိုအိုတွေ သင်တန်းတက်ခဲ့ပါတယ်၊ အဲဒီ့သင်တန်းမှာ တက်ရောက်နေတဲ့ အကယ်ချောင်းကျေးရွာကပဲ ဦးမောင်စိုးရဲ့ သမီး ခင်နှင်းဖြူ(ခ)မိဖြူ၊ အသက်(၁၈)နှစ်၊ (၉)တန်းကျောင်းထွက်၊ ကရင်လူမျိုး (ပုဂိုရေးထိခိုလိုချင်းအလျဉ်းမရှိပါ အမည်များ အမှန်ကိုရေးသား ရခြင်းကို တောင်းပန်ပါသည်။ ပန်းတနော်မြို့နယ် ဆရာဝန်ကြီးကိုလည်း ကျွန်တော်ပေးထားတဲ့ကတိဖောက်ဖျက်မိတဲ့အတွက် အထူးပဲ တောင်းပန်ပါတယ်) ကလေးမနေနဲ့ မျက်လုံးချင်း ချစ်ကြိုးသွယ်၊ အကြိမ်ကြိမ်လာရောက်ရာကနေ သံယောဇဉ်တွေတွယ်ပြီး ဒီကွန်ရက်က မောင်ကြီး ရုန်းမထွက်နိုင်ဘဲ သောက်လေသောက်လေ ငတ်မပြေတဲ့ ဆားငန်ရေကို အကြိမ်ကြိမ် သောက်သုံးမိခဲ့ကြတယ်၊ အတည်ပါဆိုတဲ့ စကားလေးတစ်ခွန်းနဲ့တင် မိဖြူ တစ်ယောက်ကျေနပ်ခဲ့ရပါတယ်။
ဒီလိုနဲ့ အချစ်ဒီရေမြင့်တက်လာလို့ မမှားသင့်တာတွေ မှားခဲ့တဲ့ မိဖြူတစ်ယောက် အခန့်မသင့် လို့ပဲလား(တားဆေးမသောက်မိလို့ပဲလား) 2014 ခုနှစ် အေပြီလလောက်မှာ ကိုယ်ဝန် ရပါလေရောလားဗျာ။ မောင်မင်းကြီးသား နေမျိုးဇင် တစ်ယောက် ကလေးမလေး ဗိုက်ကြီးတယ်ကြားရော ပန်းတနော်မြို့နယ်ကနေ စုန်စုန်မြုပ် ပျောက်ကွယ်သွားတာ တိုင်းဧရာဘက်ကို ယောင်လို့တောင် ခြေဦးတောင်မလှည့်ဝံ့တော့ဘဲ ရန်ကုန်နဲ့ အထက်ဘက်မှာတင် အလုပ်ရှုပ်ပြနေခဲ့ပါတယ်။
မိဖြူ ခဗျာ အောင်သွယ်တော် ဦးသိန်းဝင်းကတဆင့် နေမျိုးဇင်ကို ဆက်သွယ်ခဲ့ပေမယ့် အထမမြောက်၊ အဆက်အသွယ်မရခဲ့ပါဘူး၊ ဒီလိုနဲ့ အရှက်ကို ကာကွယ်လိုတဲ့ မိဖြူ တစ်ယောက် ကိုယ်ဝန်ဖျက်ဖို့ကြံစည်ပြီး ဆေးတွေသောက်ခဲ့ပေမယ့် ကိုယ်ဝန်မပျက်သွားခဲ့ပါဘူး၊ ဖြစ်သမျှအကြောင်း အကောင်းဘဲဆိုပြီး ကလေးမွေးဖို့ကြိုးစားနေတဲ့ မိဖြူလေးခဗျာမှာ မောင်မင်းကြီးသားအပေါ်တွယ်တာနေတဲ့ သယောဇဉ်စိတ်၊ ကလေးဖျက်ချဆေးတွေသောက်ခဲ့တဲ့ဒဏ်၊ မိသားစုရဲ့ ပြောဆိုတဲ့ဒဏ်နဲ့၊ စီးပွားရေးမပြေလည်မှုဒဏ် အဲဒီ့ဒဏ်ရာတွေ ဖိစီးလာတော့နောက်ဆုံး မခံနိုင်တာနဲ့ အဆိပ်သောက်သေဖို့ကြံခဲ့တာ မိသားစုတွေသိလို့ဘာမှမဖြစ်ခဲ့ပေမယ့် အဲဒီ့ဒဏ်တွေကြောင့် 8-9-2014 ရက်နေ့ကနေပြီး 15-9-2014 ရက်နေ့ အထိ တစ်ကြိမ်၊ 21-9-2014 ရက်ကနေပြီး 29-9-2014 ရက်နေ့ကနေတစ်ကြိမ်၊ 18-10-2014 ရက်နေ့ ကနေပြီး 22-10-2014 ရက်နေ့အထိ (၃)ကြိမ်တိုင်တိုင်ပန်းတနော်မြို့နယ်ဆေးရုံမှာ တက်ရောက် ဆေးကုသပေမယ့် စိတ်ထောင်း ကိုယ်ကြေစွာနဲ့ နောက်ဆုံးအကြိမ် ဆေးကုသမှုခံယူပြီး နေအိမ်ကိုပြန်အရောက် 23-10-2014 ရက်နေ့ နံနက်(၄)နာရီ (၃၀)မိနစ်မှာပဲ နွမ်းလျှစွာနဲ့ ဘ၀တစ်ပါးကိုကြွေလွင့်သွားခဲ့ရှာပါတယ်။
နေမျိုးဇင်ဆိုတဲ့ ကောင်ရဲ့သမိုင်းကြောင်းကို ပြန်ကြည့်မယ်ဆိုရင် တပ်မတော်မှာ တာဝန်ဝန်ထမ်းစဉ် ကာလတုန်းကလဲ သူများမယားကို လင်ငုတ်တုတ်ရှိရဲ့နဲ့ ကြာခိုလို့ အပြစ်ပေးခံရ၊ အရာရှိတန်မဲ့ မကောင်းတာလိုက်စား၊ ကြာကူလီလုပ်ခဲ့ဖြစ်စဉ်တွေ တစ်ပုံတစ်ပင်နဲ့ မောင်တစ်ယောက်ပါ။
အခုလဲ လူမှုရေးအဖွဲ့အစည်းဆိုပြီး စကားကြီး စကားကျယ်တွေပြော၊ နိုင်ငံတကာအလှူရှင်တွေရဲ့ ပိုက်ဆံတွေကို အလွဲသုံးစားလုပ် သူများ သားသမီးကို ကိုယ့်မှာမယားကြီးရှိရဲ့နဲ့ ဖျက်စီးခဲ့တဲ့ကောင်
ဒီကောင်ကို ပြည်သူတွေကပဲ အမိန့်ချပေးပါတော့ဗျာ။
ဒီစာကို ခင်ဗျားတို့တတွေ ဖတ်နေရချိန်မှာ ခင်နှင်းဖြူ(ခ)မိဖြူဟာ ရက်လည်ဆွမ်းသွပ်ပြီးနေပါပြီ အများသူငှာတွေ အတန်တန်တားနေတဲ့ကြားက ကျုပ်ရဲ့ခံစားချက်ကို ခင်ဗျားတို့ သိအောင် ပြန်ပြီး ဝေငှ ပေးလိုက်တာပါ။ ခင်ဗျားတို့လဲ ကျုပ်လိုပဲ ခံစားရလိမ့်မယ်လို့ ယုံကြည်ပါတယ်။ (မခံမရပ်နိုင်သူ)
ခင်နှင်းဖြူ(ခ)မိဖြူ ကောင်းရာသုဂတိလားပါစေ၊ ဘ၀အဆက်ဆက် နေမျိုးဇင်လိုကောင်နဲ့ မဆုံတွေ့ပါစေနဲ့
ဆေးရုံမှ နေအိမ်သို့ပြန်လည်သယ်ဆောင်လာစဉ်
ဝမ်းနည်း ကြေကွဲဖွယ်ရာ သေဆုံးခဲ့သည့် ခင်နှင်းဖြူ(ခ)မိဖြူ
အသုဘပို့ဆောင်စဉ် cr.ဒီမို ပါပါကြီး