#ကိုပါကြီးအမှုကိစ္စနှင့် #ပတ်သက်၍ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရုံးတွင် သတင်းစာ #ရှင်းလင်း ပွဲပြုလုပ်

ကိုပါကြီးအမှုကိစ္စနှင့် ပတ်သက်၍ ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရုံးတွင် သတင်းစာ ရှင်းလင်း ပွဲပြုလုပ်
==================================================
ဖမ်းဆီးထားစဉ် သေဆုံးသွားခဲ့ရသော ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ သေမှုသေခင်းအမှုဖွင့် ဆောင်ရွက်ထားမှုနှင့်ပတ်သက်ပြီး အောက်တိုဘာလ ၂၉ ရက်၊ ညနေ ၄း၀၀ နာရီက ၈၈ မျိုးဆက် (ငြိမ်း/ပွင့်) ရုံးတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ရာ ကွယ်လွန်သူ ကိုပါကြီး၏ ဇနီး မသန္တာမှ ၄င်း စုံစမ်းသိရှိထားခဲ့ရသမျှနှင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားသမျှ များကို ရှင်းလင်းပြောကြားသွားသည်။

ထို့နောက် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ ကိုကိုကြီးက နိုင်ငံရေးအင်အားစုများ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ စုပေါင်း၍ ကိုပါကြီး (ခ) ကိုအောင်ကျော်နိုင်၏ သေမှုသေခင်းဖြစ်ရပ်မှန်ပေါ်ပေါက်ရေးအတွက် မိသားစု ဆန္ဒနှင့်အညီ ကူညီဆောင်ရွက်ပေးသွားမည့်အကြောင်း ရှင်းလင်းပြောကြားသွားခဲ့ သည်။

အောက်တိုဘာလ ၂၃ ရက် နေ့စွဲဖြင့် ကာကွယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်သည် ဆိုသော သတင်းဓာတ်ပုံတွင် ( ကိုပါကြီးနှင့်အတူ ) ပါရှိသော ကိုကိုအောင်မှ ကိုပါကြီး သည် လက်နက်ကိုင်အဖွဲ့အစည်းဝင် မဟုတ်ကြောင်းကို ရှင်းလင်းပြောကြားသွား ခဲ့သည်။

ကိုပါကြီးကို ဖမ်းဆီးသည့်အချိန်က မျက်မြင်တစ်ဦးလည်းဖြစ်ပြီး အမှုဖွင့်အရေးယူ ဆောင်ရွက်နိုင်ရန် မသန္တာနှင့်အတူ လိုက်ပါကူညီဆောင်ရွက်ပေးနေသူ မွန်အမျိုးသားပါတီ ၊ ဗဟိုအလုပ်အမှု့ဆောင်ကော်မတီဝင် နိုင်မောင်ညွန့်မှ ၄င်း၏သိရှိချက်များ နှင့် လုပ်ဆောင်မှုအဆင့်ဆင့်တွင် ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများကို ရှင်းလင်း ပြောကြားခဲ့ပြီး သတင်းဌာနများမှ မေးမြန်သည်များကို ၎င်းတို့မှ ပြန်လည်ဖြေကြားခဲ့ကြသည်။

10714018_564502580347174_4120304718677950074_o10454453_564501907013908_3916522872644424399_n10688061_564502537013845_3277172541938914671_o

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s