CR. KO NAY MYO ZIN
အောက်တိုဘာ – ၂၉ – ၂၀၁၄
သတင်းနှင့်ဓာတ်ပုံ – ကရင်အမျိုးသား(မီဒီယာ)
ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA က ဦးဆောင်ပြီး ကော်သူးလေတပ်မတော် (KAF) ဖွဲ့စည်းရေးနဲ့ပတ်သက်တဲ့ ဆွေးနွေးပွဲကို ဒီနေ့မနက်က ဌာနချုပ်တည်ရှိရာ ဆုံဆည်းမြို င်မှာ စတင်ကျင်းပနေပါတယ်။
၃ ရက်ကြာမဲ့ ဒီဆွေးနွေးပွဲကို DKBA အဓိပတိဗိုလ်ချုပ်ကြီးစောလားပွယ် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး ကရင်လက်နက်ကိုင်အဖွဲ့အချို့ က ကိုယ်စားလှယ်တွေနဲ့ကရင်အမျိုးသားတွေ တက်ရောက်ဆွေးနွေးနေကြပါတယ်။
ဆွေးနွေးပွဲရည်ရွယ်ချက်က ကရင်တမျိုးသားလုံးအတွက် တခုတည်းသောတပ်မတော် ပေါ်ပေါက်ရေးအတွက်ဖြစ်တယ်လို့ ဆွေးနွေးပွဲအစီအစဉ်မှာ ပါရှိပါတယ်။
ဆွေးနွေးပွဲနောက်ဆုံးနေ့မှာ ကောင်သူးလေတပ်မတော်ဆိုင်ရာနဲ့ပတ်သက်ပြီး သဘောထားထုတ်ပြန်မှာဖြစ်သလို သတင်းစာရှင်းလင်းပွဲပြုလုပ်သွားမှာဖြစ်တယ်လို့ DKBA က တပ်မှူးကြီးတဦးက ကရင်အမျိုးသား(မီဒီယာ)ကို ပြောပါတယ်။
ဒီဆွေးနွေးပွဲကို ပြည်တွင်းပြည်ပက သတင်းထောက်အချို့  တက်ရောက်သတင်းယူနေတာကိုတွေ့ရှိရပြီး အများစုကတော့ ရန်ကုန်အခြေစိုက်သတင်းဌာနက သတင်းထောက်တွေဖြစ်ပါတယ်။
https://soundcloud.com/jargyi/knu-kaf-meeting-news
Union National Resistance Army
ရက်သတ္တတပတ်နီးပါးကြာ ဆွေးနွေးပွဲအဖြေ
အောက်တိုဘာ – ၂၉ – ၂၀၁၄
ကရင်အမျိုးသား(မီဒီယာ)
ဒီလ ၂၃ ရက်နေ့ကစတင်ခဲ့တဲ့ ကေအင်န်ယူ အရေးပေါ်အစည်းအဝေး ဒီနေ့မှာပြီးဆုံးခဲ့ပြီး အချက် ၆ ချက်ပါတဲ့ အဖြေကိုရရှိလိုက်ပါတယ်။
ဒီအဖြေရတဲ့ ကေအင်န်ယူ ဗဟိုအမြဲတမ်းကော်မတီဝင် ၅၀ နီးပါး နဖူးတိုက်ဒူးတုက်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
ထူးခြားချက်ကတော့ ပြောရေးဆိုခွင့်ရရှိသူ နှစ်ဦးထဲမှာ ပဒိုသမိန်ထွန်းပါတာကိုတော့ ကရင်အမျိုးသားအချို့ သဘောတွေ့ခဲ့ကြပါတယ်။
KNU Central Standing Committee 3rd emergency meeting Statement
Nay Myo Zin ကော်သူလေး တပ်မတော် ဖွဲ့စည်းရေး အခမ်းအနား မှတ်တမ်းများ.
ကော်သူမွဲခီး ( ဆုံဆည်းမြိုင် ) တွင် ကျင်းပသည့် ကော်သူလေး တပ်မတော် ဖွဲ့စည်းခြင်း ဆိုင်ရာ မျက်နှာစုံညီ အစည်းအဝေးသို့ ပြည်ထောင်စု လူမှုနိုင်ငံေ၇း အသင်း တသင်း အနေဖြင့် သွားရောက် အားပေးတက်ရောက်ခဲ့ပါသည်။ တိုင်းရင်းသား အားလုံး စုစည်းကျစ်လစ်ခိုင်မာစွာ ချိတ်ဆက် ပြီး ဘုံရည်မှန်းချက်ကို ဟန်ချက်ညီအောင် ချည်းကပ်နိုင်မှသာ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု စနစ်ကို အမြန်ဆုံး တည်ဆောက်နိုင်မည်ဖြစ်ပါသည်။
ပြည်သူတွင် ရန်သူမရှိ။
ဒီကေဘီအေတပ်မှ ခေါင်းဆောင်စစ်သည်များ အားလုံး နှင့်တရင်းတနှီး ၊ ယခင်က မည်သို့ပင် ရှိခဲ့သည်ဖြစ်စေ။ ယခု အခါ တော်လှန်ရေး အဖွဲ့အစည်းများ နှင့် ပြည်ထောင်စု တည်ဆောက်ရေး ၊ တိုးတက်ဖွံ့ဖြိုးရေး ၊ အသွင်ကူးပြောင်းရေး လူမှုအဖွဲ့အစည်း ၊ နိုင်ငံရေး အဖွဲ့အစည်းအားလုံး တွဲဖက် လုပ်ဆောင်ရတော့မည့် အချိန်ဖြစ်သည်ဟု မိမိတို့ ယုံကြည်သည်။
https://democracyforburma.wordpress.com/2014/10/30/ကိုပ%E1%80%AB%E1%82%80ကီးသည်-kko-လုံးဝမဟုတ/