၂၂၊၁၀၊၂၀၁၄၊
– လူသတ်မှု့နဲ့ စွတ်စွဲခံထားရသည့် အလုပ်သမားနှစ်ဦး၏မိဘများကို မြန်မာပြည်မှ ခေါ်ယူခဲ့ပါသည်။
– ၂၂၊၁၀၊၂၀၁၄ ရက်နေ့မနက်တွင်၊ ဘန်ကောက်လေဆိပ်သို့ ရောက်ရှိလာပြီး၊ အဆိုပါမိသားစုအားနှင့် သတင်းထောက်များတွေ့ဆုံခဲ့ပါသည်။
– နေ့လည် ( ၄) နာရီတွင်၊ သံအမတ်ကြီး ဦးဝင်မောင်မှ၊ ထိုင်းလူ့အခွင့်ရေးကောင်မရှင်နှင့် ထိုင်းရှေ့နေများကောင်စီမှ တာဝန်ရှိသူများနှင့် တွေ့ဆုံးပြီး၊ ရှေ့လုပ်ငန်းစဉ်များဆွေးနွေးခဲ့ပါသည်
– ထိုင်းရှေ့နေများကောင်စီမှ ထိုင်းနိုင်ငံ၏၊ ကျွမ်းကျင်သည့် လူ့အခွင့်အရေး ရှေ့နေ ( ၁၆)ဦးပါဝင်သည့် ကော်မီတီဖွဲ့စည်းခဲ့ပြီး အဆိုပါအမှု့ကို တရားဥဒေအရအကူအညီပေးလျှက်ရှိပါသည်
– အစွတ်စွဲခံထားရသည့် အလုပ်သမားများ၏ မိသားစုဝင်များနှင့်ထိုင်းရှေ့နေများကောင်စီမှတာဝန်ရှိသူများ၊ထိုင်းလူ့အခွင့်အရေး ကော်မရှင်မှတာဝန်ရှိသူများ၊ ရင်းနှီးပွင့်လင်းစွာ တွေ့ဆုံးမေးမြန်းခဲ့ပါသည်၊
– ယခုကိစ္စသည်၊ ထိုင်း၊ အင်္ဂလိပ်၊ မြန်မာသုံးနိုင်ငံ ပြသာနာဖြစ်နေသည့်အတွက်၊ အားလုံးအတွက်အဆင်ပြေစေချင်။ ပွင့်လင်း၊မြင်သာသည့် စုံစမ်းစစ်ဆေးမှု့ ဖြစ်ချင်ကြောင်း၊ အမှန်တရားအတိုင်းဘဲဖြစ်ချင်ကြောင်းနှင့် မြန်မာပြည်သားများကို အတွက်မိမိအနေဖြင့်အတတ်နိုင်ဆုံးတရားဥပဒေအရကူညီပေးသွားမည်ဖြစ်ကြောင်း၊မကြာမီအတွင်း ထိုင်းရှေ့နေများကောင်စီရုံးသို့ သွားရောက်ပြီး။ မြန်မာအစိုးရအနေဖြင့်တရားဝင်အမှု့အပ်မည်ဖြစ်ကြောင်းထိုင်းနိုင်ငံဆိုင်ရာမြန်မာသံမတ်ကြီး ဦးဝင်းမောင်မှပြောပါသည်။
– ထိုင်းနိုင်ငံလူအခွင့်အရေးကော်မရှင်သည်၊ထိုင်းနိုင်ငံ၏ရဲတပ်ဖွဲ့နှင့်အစိုးရလက်အောက်တွင်မရှိကြောင်း။အမှန်အတိုင်းပြောရမည်ဆိုလျှင် မိမိတို့အား မည်သူမှအမိန့်ပေးလို့ မရ။ မိမိတို့ အနေဖြင့်မတရားသဖြင့် ပြုကျင့်ခံနေရ သည့် သူများကို အကူအညီပေးဖို့ဖွဲ့ထားခြင်းဖြစ်ကြောင်း နှင့် မိမိတို့ အနေဖြင့် ဘာသာလူမျိုးမခွဲခြားဘဲ လူသားအခြင်းခြင်းကူညီဖို့ လိုအပ်ပါသည်။ မိမိတို့ အနေဖြင့် အစွတ်စွဲခံထားရသည့် မြန်မာအလုပ်သမားများသည်၊ နှိမ့်စက်ညှင်းပန်းခံခဲ့ရသည်၊ဟုယုံကြည်ကြောင်း၊ ထိုင်းနိုင်ငံလူအခွင့်အရေးကော်မရှင်ဥက္ကဌမှပြောပါသည်။
– (၂၄၊၁၀၊၂၀၁၄) ရက်နေ့တွင် မိသားစုများအနေဖြင့် ကော့စမွေကျွန်းအကျဉ်ထောင်သို့သွားရောက်ပြီး၊လူသတ်မှု့မှု့ဖြင့် စွတ်စွဲခဲ့ထားရသည့် သားများနှင့် သွားရောက်တွေ့ဆုံးမည်ဖြစ်ပါသည်။
(ထူးချစ်)
မှတ်ချက်၊ အဆိုပါလုပ်ငန်းများ၊ အောင်မြင်ချောမွေ့အောင်၊လုပ်ဆောင်နိုင်ရန်အတွက်၊ ကူညီဆောင်ရွက်ပေးနေသည့်၊ ထိုင်း၊မြန်မာ၊မိတ်ဆွေများကိုလွန်စွာကျေးဇူးတင်ပါသည်၊ မိမိတို့လုံးခြုံရေးအတွက်၊ စိုးရိမ်ပူပန်ပေး (ဆုတောင်းပေးနေသည့်)့ ဆိုသည့် မြန်မာနိုင်ငံသားညီ၊ငယ်၊ညီမငယ်များကိုလဲ ၊ လွန်စွာကျေးဇူးတင်ပါကြောင်း နှင့်မိမိတို့ အနေဖြင့်အဆိုပါလုပ်ငန်းများဝင်ရောက်လုပ်ကိုင်ပါက၊ အန္တရယ်ရှိနိုင်သည်ကို ကြိုတင်တွက်ချက်ပြီးဖြစ်ပါကြောင်း၊ CR.Htoo Chit