“ဘတ်ငွေ ငါးဒဿမငါးဘီလီယန်ခန့်လိမ်လည်ထားသည့်ကုမ္ပဏီကိုဖမ်းပြီ”
၂၀၁၄ ခု အောက်တိုဘာလ ၂၄
မြတ်ညို(အလွတ်သတင်းထောက်)…
၅လအတွင်း အကျိုးအမြတ်ဖြစ်မည်ဆိုသည့် ဆွဲဆောင်မှုဖြင့် မြန်မာအလုပ်သမား ထောင်ချီရှိသည့် မြန်မာ အလုပ်သမားများထံမှ ဘတ်ငွေ ဘတ်ငွေ ငါးဒဿမ ငါးဘီလီယံခန့်လိမ်လည်ထားသည့် ကုမ္ပဏီအား ပူးပေါင်းအဖွဲ့များက ယနေ့ နှိမ်နင်းနိုင်လိုက်ကြောင်းသိရှိရသည်။
ဘန်ကောက်မြို့ဖလန်းဆောင်နယ်မြေ မူဘန်းDK ၂၆လမ်း တွင်ရှိသော ဆဲဗင်းအလဲဗင်း ဈေးဆိုင် အနီးတွင်ရှိသော စံကျော်ပင် ကုမ္ပဏီ SUNJAOPING.ltd အား ထိုင်းစစ်တပ်၊ ရာဇ၀တ်မှုတိုက်ဖျက် နှိမ်နင်း ရေးအထူး ရဲတပ်ဖွဲ့ Economic Crime Suppression Division မြန်မာသံရုံးအလုပ်သမား ကူညီစောင့် ရှောက် ရေးကော်မတီအဖွဲ့ဝင်များဖြစ်ကြသော ထိုင်းတောင်ပိုင်း အခြေစိုက် ပညာရေးဖွံ့ဖြိုးရေးဖေါင်ဒေးရှင်း FED နှင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံ သားများအဖွဲ့ MAT တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဇူလိုင်လက စတင်၍ ဘန်ကောက်အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ အဖွဲ့ MAT သို့၊ TIN SAN DAR WIN TE- 036141 WIN WIN KHAING@WIN KHAI KT-045420,THEIN ZAW TUN@AIR KT-326714 ကိုင်ဆောင်ထားသူသုံးဦးတို့က စတင်တိုင်ကြား ခဲ့သည်။ ထိုအလုပ်သမားတို့သည် စန်ကျောင်ပင်ကုမ္မဏီသို့ ၂၀၁၄ ခုဖေဖေါ် ၀ါရီလ ၇ ရက်နေ့က စတင် ဝင်ရောက်ခဲ့သည်။ ၀င်ကြေး ၁၂,၅၀၀ ဘတ်သွင်းရ သည်။ စဝင်သည့်အချိန်မှစ၍ ကုမ္ပဏီမှ ရောင်းချ သည့်ပစ္စည်းများအား တစ်လ လျှင်ဘတ်ငွေ ၁,၀၀၀ ဖိုးစီ၊ ၅လတိုင် တိုင်ဝယ် ယူရမည်ဖြစ်သည်။ ၅လ ပြည့်ပြီး လျှင် ကုမ္ပဏီမှ တစ်ဦးစီ ၄၅,၀၀၀ ဘတ် ပြန်လည်အကျိုးခံစားရမည်ဟု
မြန်ပြည်သားတို့အားလိမ်ညာနေသောစန်ကျောင်ပင်ကိုထိုင်းနယ်မြေခံဗိုလ်မှုးစစ်လချိုင်ဖန်ထစ်နှင့်Economic Crime Suppression Divisionပူးပေါင်းအဖွဲ့မှဖမ်းစီးလိုက်ပြီ
23.10.2014
3.2မိနစ်
တွဲလက်ညီ
ဒီပွဲဖြစ်မလားဟဟဟ