We respect King of Thailand .
We love King of Thai .
Parents of accused Koh Tao murder case thanks Thailand citizens.
They also thanks and respectfully request
His Majesty the King of Thailand
Bhumibol Adulyadej to (help) revealing the truth
(to seek justice for their sons).
မေတ္တာတရားဟာ
နယ်ခြားစီးတားလို့  မရဖူး။
ထိုင်းလူထုကို
ဘဝလုံခြုံအောင် လမ်းပြနေဆဲ
ထိုင်းဘုရင် ဘူမိဘော ကို
မြန်မာအလုပ်သမားတွေ
လေးစား အားကိုးနေဆဲပါ ။
ထုတ်ပြန်ကြေညာချက်”
ရွှေလုပ်သား နစ်နာသူနှင့် စွပ်စွဲခံရသူမိသားစု၏ အခွင့်အရေးချိုးဖောက်ခြင်း အပြုအမှုများကို ရပ်တန့်ပေးပါရန် တောင်းဆိုခြင်း၊ ကော့တောင်ကျွန်းအမှုမှ တာဝန်ရှိသူများနှင့် သတင်းဌာနများ၏ လုပ်ဆောင်ချက်များ cr. ရွှေလုပ်သား
မြန်မာလူငယ် ၂ ဦး၏ မိဘများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်
**********************************************************
ဗြိတိန်နိုင်ငံသား ၂ ဦး အသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စွပ်စွဲဖမ်းဆီးခံထားရတဲ့ မြန်မာလူငယ်နှစ်ဦးကို သွားရောက်တွေ့ဆုံဖို့ သူတို့ရဲ့ မိဘတွေ ဒီနေ့မနက် ဘန်ကောက်ကိုရောက်ရှိလာပြီးနောက် မြန်မာသံရုံးမှာ ညနေပိုင်း သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
.
သတင်းစာရှင်းလင်းပွဲမှာ မြန်မာလူငယ် ၂ ဦးရဲ့ မိဘ အုပ်ထိန်းသူတွေက ထိုင်းဘုရင်မင်းမြတ်၊ ထိုင်းအစိုးရနဲ့ ထိုင်းပြည်သူတွေကို တရားဥပဒေအရ မျှမျှတတ ဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံသွားတယ်လို့ မြန်မာသံရုံးမှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက် ကိုအေးနိုင်က ပြောပါတယ်။
.
သတင်းစာရှင်းလင်းပွဲပြီးနောက် ထိုင်းလူ့အခွင့်အရေးကောင်စီ၊ ရှေ့နေများကောင်စီက တာဝန်ရှိသူတွေနဲ့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးထဲမှာ သံရုံးတာဝန်ရှိသူတွေ၊ မြန်မာလူငယ် ၂ ဦးရဲ့ မိဘ အုပ်ထိန်းသူတွေနဲ့ ဆွေးနွေးနေကြတယ်လို့ ဆိုပါတယ်။
.
Credit : DVB