အလွတ်သတင်းထောက်ပျောက်ဆုံးနေမှု မနက်ဖြန်ရန်ကုန်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်မည်
အောက်တိုဘာ – ၂၀ – ၂၀၁၄
သတင်း – ကရင်အမျိုးသား (မီဒီယာ)
မွန်ပြည်နယ်တွင် ၁ လနီးပါကြာ ပျောက်ဆုံးနေသည့် အလွတ်သတင်းထောက် ကိုအောင်ကျော်နိုင်(ခ)ကိုပါကြီးနှင့်ပတ်သက်၍ မိသားစုဝင်များက မနက်ဖြန်ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့ နယ်ရှိ ရွှေတောင်ကျောင်းတိုက်တွင် နေ့လည် ၁၂ နာရီမှ မွန်းလွဲ ၂ နာရီထိ သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်သည်။