” မြန်မာပြည်နယ်စပ် က မာဖီးယား များ ”
=====================================================
မြ၀တီမြို့ ဥပဒေ၏ အထက်၍ BGF ရှိသည်။
ရှင်းပြပါရစေရှင့်-
ဒီရက်ပိုင်းအတွင်း လူကုန်တားဆီးရေး မူးယစ်ဆေးဝါးနိုင်နင်းရေး ကိစ္စများ ကြားသိနေရ ပါတယ် ရှင့် တစ်နေ့က ကျွန်မတင်တဲ့ စာမှာ BGF အကြောင်းတင်မိရင်းက ကွန်မန်းများတွင် ပြောကြရင်း ကျွန်မလည်း 999 ဂိတ်အကြောင်းပြောဖြစ်ပါတယ်၊ ဒီအချိန်မှာ လူကုန်တားဆီးရေး ကိစ္စပြောဖြစ် တော့ Pyi Taw Pyan ဆိုတဲ့ အကောင့်ပိုင်ရှင်ကထောက်ပြရင်းက 999 BGF ဂိတ်တွင် တရားမ၀င် လူမောင်ခိုလုပ်ငန်းကြီးလုပ်ကိုင်နေခြင်းကို မြ၀တီခရိုင်အုပ်ချုပ်ရေးမှူး၊ရဲမှူး ၊လ၀ကမှူး၊ ရှေ့တန်းရုံးတို့ ဘာကြောင့် မသိရတာလည်း ဆိုတာကို ကျွန်မလည်းစိတ်ဝင်စား တာနဲ့ ကိုယ့်ထမင်းကိုယ်စားပြီး လိုက်လေ့လာလိုက်ပါတယ် ဥပဒေဆိုတာ တစ်ခုတည်း ရှိတယ် လို့ ပြောတဲ့ အသံကြားဖူးကြပါလိမ့်မယ်။ **ဒါပေမယ် မြ၀တီမှာ ၂ ခုရှိပါတယ် တိုင်းရင်းသားများ ၊ပြည်သူများအတွက်တစ်ခုပါ၊ BGF နဲ့ အစိုးရ အရာရှိတွေအတွက် တစ်ခုပါ၊ ဥပဒေ (၂) ခုမရှိရင်
(၁) ဘတ်ထောင်ချီတောင်းပြီး လူကုန်ကူးနေတဲ့ ၉၉၉ BGF ဂိတ်ကို ဘာလို့ လူကုန်တာဆီးရေးက မဖမ်းတာလည်း။ ?
(၂) 999 BGF ဂိတ်က နေရာတွေမှာ မြင်းဆေး၊ဖဲဝိုင်း၊ ဂျင်ဝိုင် အစရှိမကောင်းတာအကုန် ရပါ တယ် (အဖွဲ့စုံက ဘာလို့မဖမ်းတာလည်း၊ သွားစစ်မယ် မမိ့ဘူးဆိုပြီး ဂိတ်ကနေ အိပ်ဖောင်း ပြီး ပြန်လာမယ့်သူတွေဆိုတာ သိပါတယ်ရှင်)
(၃) မြ၀တီတစ်မြို့လုံးနီးပါး တစ်ဘက်နိုင်ငံကပြန်ရင် (999 BGF ) ဂိတ်မှာလူတွေကို ထိုင်းဘတ်ငွေနဲ့ရွေးရတယ်ဆိုတာ အားလုံးသိပါတယ် (လ၀က၊ လူကုန်တား၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ရှေ့တန်းစစ်ဆင်ရေးရုံး၊စရဖ )999 BGF ဂိတ်က ကိစ္စတွေတော့ သူတို့ လုံးဝမသိဘူးပေါ့ရှင် (ရီရတယ်နော်)
(၄) လ၀က ရွေတံခါးမှူး လူဝင်လူထွက် ကိစ္စ 999 BGF ဂိတ်မှာ ဘယ်သူတွေဝင်ပြီး ဘာတွေလုပ်နေလည်း( မြန်မာစာကားမတတ်တဲ့ အသားမဲမဲ မုတ်ဆိပ်တစ်တောင်လောက်တွေလည်း ပါတတ်တယ် ဒါပေမယ့် သူသိချင်တာက တစ်ရက်ခွဲတမ်းကိုဘဲသိချင်တာပါ)
အဓိကလူကတော့ အထွေတွေအုပ်ပေါ့ (ခယက) ခရိုင်အုပ်ချုပ်ရေးမှူးက အလုပ် လုပ်တယ်လို့ သူငယ်ချင်းကပြောဖူးပါတယ် ကျွန်မရီချင်ပါတယ် အစည်းအဝေးလုပ်တာကို အလုပ်ထင်နေသူ အခု 999 BGF ဂိတ်ကခွဲတမ်းယူပြီး ကိုယ့်တိုင်းရင်သား မြန်မာလူမျိုးတွေကို မတရားငွေ ညစ် တောင်ခံနေတဲ့ 999BGF ဂိတ်က ကိစ္စ၊ ကိုယ့်တိုင်းရင်းသားတွေ ဆီကနေ ဒမြတိုက်ထားတဲ့ မျက်ရည်တွေကို ခွဲတမ်းယူပြီး မသိသလိုနေပေးတဲ့ ခရိုင်အုပ်ချုပ်ရေး မှူးဆိုသူက ဥပဒေစာကားတစ်ခါတစ်ခါ သူပါးစပ်ကပြောထွက်တာ သိပ်ရှက်ဖို့ကောင်းတယ်၊ သူကတော့ ရှက်တတ်ဘူးထင်ပါတယ်ရှင်)
*** တစ်ကယ်တော့မြ၀တီဥပဒေအထက်မှာ 999 က BGF တွေရှိပါတယ်ရှင်***
Credit to ကရင်မလေး — Sayar Wai