Skip to content

#susu #nway #မအူပင်အကျဉ်းထောင်မှ မြို့နယ်တရားရုံးသို့ ရုံးထုပ်တဲ့အချိန် ဦးမြင့်ဦးနှင့်ဦးမောင်စိုးတိုးအား #FARMERS #JAILED

October 20, 2014

မအူပင်အကျဉ်းထောင်မှ မြို့နယ်တရားရုံးသို့ ရုံးထုပ်တဲ့အချိန် ဦးမြင့်ဦးနှင့်ဦးမောင်စိုးတိုးအား ကျမ စကားပြောခွင့်ရခဲ့ပါတယ်။**
*******–****************-*********
ဦးမောင်စိုး
ကျွန်တော်အတွက် မပူပါနဲ့ ကျွန်တော်တို့ မိဘလက်ထက်ထဲက စိုက်ပျိုးလုပ်ကိုင်လာတဲ့ သိမ်းဆည်းခံ လယ်ယာမြေတွေကို လယ်မားတွေ လက်ထဲ ပြန်ရောက်အောင် အပြင်က အဖွဲ့အစည်းတွေက ကူညီပေးကြပါ။
ကျွန်တော်တို့ လယ်ယာမြေတွေကို အော့ချတ်(ဒ်)ကုမ္ပဏီက သိမ်းပြီး ကိုင်းတောကြီးဖြစ်အောင် ထားခဲ့တာ ဘာစီမံကိန်းမှ မအေညင်မြင်ဘူး ။
နောက်ထပ် လယ်သမားတွေ အဖမ်းမခံရအောင် အပြင်မှာရှိတဲ့ အမတို့ အဖွဲ့အစည်းတွေက ကူညီပေးပါ။
ထောင်ဆိုတော့ ကိုယ်အိမ်လိုတော့မဟုတ်ဘူးပေါ့
ညဘက်ဆိုရင် အိပ်ကတာ အဆင်မပြေဘူး အိပ်ယာ နေရာချပေးတာ တစ်ယောက်နှင့် တစ်ယောက် အသားခြင်းထိပြီးနေရာချပေးသဖြင့် အိပ်ကတာ အဆင်မပြေကြောင်း။
ညဘက်ကြရင် ဘာရာတွေ ကင်းခေါက်ပြီးသတင်းပို့တဲ့အတွက် အိပ်လို့မရကြောင်း။
ကျွန်တော်ရဲ့ ခါးအောက်ပိုင်းတွေ လေးနေတဲ့အတွက် လိမ်းဆေးတွေ အိမ်မှာပြီး လိမ်းနေရတယ်။
ကျမက အပြင် ဆရာဝန်တွေ အထူးကုဆရာဝန်ကြီးတွေ ထောင်ထဲကို ဆေးလာကုတာရှိလာဆိုတော့ မရှိပါဘူတဲ့
အလုပ်ခိုင်းတာရှိလားဆိုတော့ ကိုယ်အခန်းထဲမှာတော့ သန့်ရှင်းရေးလုပ်ရတယ်။ ရုံးထုပ်ပြီးရင် သံခြေကျင်းတွေ (၂)ရက်လောက်နေမှ ဖြုတ်ပေးတဲ့ အတွက် နေရထိုက်ရတာခက်တယ်တဲ့
တရားမျှတမှုမရှိတဲ့ အတွက် မိသားစုတွေ ဆန္ဒပြခွင့် အမဆီ တောင်းဆိုတာကို ခွင့်ပြုပေးပါ ဆန္ဒထုပ်ဖေါ်တဲ့ မိသားစုတွေ ဝန်းရံပေးပါ။
ဦးမြင့်ဦး
ကျွန်တော်မပါဘဲနဲ့ အခုလို ထောင်ချအရေးယူထားတာ ကျွန်တော်ရဲ့ဂုဏ်သိက္ခာ အရှက်တွေ မိသားစုအားလုံးပါ ထိခိုက်ပါတယ် နောက်ကျွန်တော်ရဲ့သား ဉ္ဇီင်းရဲ့ပညာရေး ကလေးတွေရဲ့ပညာရေး စီပွားရေးတွေ ထိခိုက်ကြောင်း ပြောပြပါတယ်။
တကယ်ကို စိတ်မကောင်းစရာ မြင်ကွင်းပါ။

10580462_555978527866604_1791506523_n

မိမိလယ်ယာမြေတွေ သိမ်းဆည်းစဉ်က သီနှံအကျိုး ဖျက်စီးမှု လျှော်ကြေးလဲမရ လယ်ယာမြေ လျှော်ကြေးလဲမရ (စီမံကိန်းအကျိုးတူလုပ်ပါတယ်လို့ လူကြားကောင်းအောင်အော်နေတဲ့ အော့ချတ်(ဒ်)ကုမ္ပဏီ Drမြင့်စိန်က စီမကိန်းမအောင်မြင်ဘဲ (၁၃)နှစ်လောက်မြက်ရိုင်းတောကြီး ဖြစ်နေတဲ့အတွက် ဒေသခံတောင်သူလယ်သမားတွေမှာ မြွေကိုက်ခံရ၍ သေဆုံးခဲ့ရသူများစွာရှိခဲ့ပါတယ် (၂၀၁၂)လယ်ယာမြေ ဥပဒေထွက်လာတော့ ဒေသခံတောင်သူလယ်သမားတွေက ကိုင်းတောကြီးဖြစ်နေတဲ့မိမိတို့ လယ်ယာမြေတွေကို ဆင်းလုပ်မိရာမှ (၁၄၄)ထုပ်နိမ်နှင်းခြင်းခံရလို ရဲနှင့်လယ်သမားကြားပဋိပက္ခဖြစ်ခဲ့ရပြီ ရဲတစ်ယောက်သေဆုံး လယ်သမားအများအပြား ဒဏ်ရာရခဲ့ရတယ် လယ်သမားနှစ်ဦး အဖမ်းခံရတယ် တရားရုံးက ဦးမြင့်ဦးကို(၅)နှစ် ဦးမောင်စိုးကို(၃)နှစ် အမိန့်ချခဲ့တယ်။
တရားလိုလုပ်သူ နိုင်ငံတော်မှ အမိန့်ချတာနှစ်နဲတယ်ဆိုပြီး အယူခံဆက်တက်တယ် အော့ချတ်(ဒ်)ကုမ္ပဏီမှ(၄၄၇ ၄၂၇)နှင့်တရားထပ်စွဲထားသဖြစ် သိမ်ဆည်းခံလယ်သမားများမှာ တရားရုံးတွင် တရားရင်ဆိုင်နေရပါတယ်။
တောင်သူလယ်သမားတွေကို(၄၄၇ ၄၂၇)နှင်ုတရားစွဲလို့ရရင် လယ်သမားတွေက သိမ်းဆည်းခဲ့တဲ့ လူတွေနဲ့ အကျိုးတူလုပ်ခဲ့တဲ့သူတွေကို (၄၄၇ ၄၂၇)နဲ့ တရားပြန်စွဲချင်ပါတယ်။်

10347631_556517817812675_4695529775836369897_n10553594_556517441146046_5734649186333222123_n10425859_556517614479362_3086013056147036205_n10378247_556517267812730_1073339846708808053_n

 

10404367_556517064479417_7297712920847898331_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: