အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ 
Labour Rights Defenders and Promoters
မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ချုပ် (FTUM) မှ ဦးမင်းလွင် ၏
အကြမ်းဖက်တိုက်ခိုက်မှုအပေါ် ထုတ်ပြန်ကြေညာချက်။
၂၀၁၄ ခုနှစ် အောက်တိုဘာလ ၄ရက်
၁။ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်၁၀နာရီတွင် ရန်ကုန်မြို့
အပြည်ပြည်ဆိုင်ရာအလုပ် သမားအဖွဲ့ချုပ်ရုံး (ILO) တွင်ပြုလုပ်သော Educator
Network အစည်းအဝေးသို့ အလုပ်သမားအခွင့် အရေး ကာ ကွယ်မြင့်တင်သူများအဖွဲ
့(LRDP) မှ ဒေါ်အိရွှေစင်ညွန့်  တက်ရောက်ခဲ့ပါသည်။
၂။ အစည်းအဝေးမစတင်မှီ အစည်းအဝေးခန်းမအတွင်း ဦးမင်းလွင်
(အလုပ်သမားသမဂ္ဂအရေး/ လူ့ အခွင့်အရေးဌာန အတွင်းရေးမှူး –
မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ ချုပ်) မှ ဒေါ်အိရွှေစင်ညွန့် အား “ITUC သို့ 
၎င်း၏အကြောင်းအား စာပို့သလား” ဟု မေးမြန်းရာ ဒေါ်အိရွှေစင်ညွန့်မှ “စာပို့
ခဲ့ကြောင်း” ဖြေကြား ခဲ့ခြင်းအပေါ် ရင့်သီးသောစကားလုံးများ၊
ရိုင်းပြသောဆဲဆိုမူများဖြင့်ပြောဆိုပြီး ဦးမင်းလွင် မှ
ဒေါ်အိရွှေစင်ညွှန့်အား ကိုယ်ထိလက်ရောက် လူမဆန်သောအပြုအမူဖြင့်
ထိုးကြိတ်မှုများပြုလုပ်ခဲ့ပါသည်။
၃။ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) မြန်မာရုံးခွဲနှင့်
မြန်မာနိုင်အလုပ်သမား အဖွဲ့ချုပ်တွင်
လူ့အခွင့်အရေးဌာနအတွင်းရေးမှုးအဖြစ်တာဝန်ယူနေသည်ဆိုသော ဦးမင်းလွင် သည်
ဒေါ်အိရွှေစင်ညွန်(LRDP) အား အိုင်အယ်လ်အိုရုံး
ပရ၀ုဏ်အစည်းအဝေးခန်းမအတွင်းတွင် အမျိုးသမီး တစ်ဦးအား
ရိုင်းစိုင်းသောအပြုအမူအပြောအဆိုများနှင့် ကိုယ်ထိလက်ရောက်
ထိုးကြိတ်မှုများ လုပ် ဆောင်ခဲ့သည့်အတွက်
အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ အနေနှင့် အရေးယူဆောင်ရွက်
သင့်ပါသည်။
၎။ အလုပ်သမားအခွင့်အရေးကာကွယ်မြှင်တင်သူများအဖွဲ့သည်
အလုပ်သမားအရေးကိစ္စများအား ညှိ နှိုင်းဆောင်ရွက်ဖြေရှင်းပေးခြင်း၊
အလုပ်သမားသမဂ္ဂများအားဖွဲ့စည်းပေးခြင်းနှင့် ကူညီဆောင်ရွက်မူများ
လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။ မြန်မာနိုင်ငံအလုပ်သမားအဖွဲ့ အစည်း(FTUM)သည်
ထိုင်းမြန်မာ နယ်စပ်တွင်အခြေစိုက်ပြီးပြည်တွင်းသို့ပြောင်းလာသောအဖွဲ့ဖြစ်သည်။
ထိုအဖွဲ့မှ လူအခွင့်အရေးနှင့် အလုပ်သမားအခွင့်အရေးတာဝန်ခံတစ်ဦး၏
ရိုင်းစိုင်းသောပြောဆိုမူ၊ လူမိုက်ဆန်ဆန် ကိုယ်ထိလက်
ရောက်ကျူးလွန်ခြင်းများအား သက်ဆိုင်ရာ အဖွဲ့ အစည်းများသို့
အကြောင်းကြားကာ ဥပဒေနှင့်အညီ အရေးယူနိုင်ရန်လုပ်ဆောင်သွားမည်ဖြစ်သည်။
၅။ အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (ITUC)
မြန်မာပြည်ရုံးခွဲတွင် တာဝန်ယူနေသည့် အလုပ်သမားအဖွဲ့ချုပ် (FTUM) မှ
ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးမင်းလွင်သည် အမျိုးသမီးတစ်ဦးအား ယခုကဲ့သို့
အကြမ်းဖက်လုပ်ဆောင်မူများသည် မြန်မာနိုင်ငံအတွင်းရှိ အလုပ်သမားများ၊
အလုပ်သမား သမဂ္ဂများနှင့် အလုပ်သမားအရေးလုပ်ဆောင်သူများအတွက်
စိတ်မချဖွယ်ရာအခြေအနေနှင့် စိုးရိမ်ပူပန် မှုရှိကြောင်း
အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ မှ သဘောထားထုတ်ပြန်ပါ
သည်။
ဆက်သွယ်၇န် – မင်းကျော်အေးနိုင် (အတွင်းရေးမှူး) – ၀၉၂၅၅၈၀၇၇၃၀
– မျိုးဇော်(တွဲဘက်အတွင်းရေးမှူး) – ၀၉၄၂၀၀၆၅၈၇၆
ဗဟိုအလုပ်အမူဆောင်ကော်မတီ
အလုပ်သမားအခွင့်အရေးကာကွယ်မြှင့်တင်သူများအဖွဲ့ 