#DKBA #MYANMAR #မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် အခြေခံ လူတန်းစားများ ပိုမိုထိခိုက် ကော့ကရိတ်- ယနေ့  ဘားအံလိုင်းကား လက်နက်ကြီးထိမှန်

မြဝတီမြို့၏ စစ်ရေး မငြိမ်သက်မှုတွင် အခြေခံ လူတန်းစားများ ပိုမိုထိခိုက် ကော့ကရိတ်- ယနေ့  ဘားအံလိုင်းကား လက်နက်ကြီးထိမှန်
________________________________________________၃၀.၉.၂၀၁၄

 

1794692_562339270566222_266982139984499321_n10712696_562344590565690_3821441874055137990_n10460207_562339523899530_8967179862021099622_n
ဒီမိုကရေစီ အကျိုးပြု ကရင် အမျိုးသား တပ်မတော် (DKBA) နှင့် တပ်မတော် တပ်ဖွဲ့ တို့အကြား စက်တင်ဘာလ ၂၇ ရက်နေ့ မြဝတီမြို့၌ ပစ်ခတ်မှု ဖြစ်ပွား ခဲ့ခြင်း၏ အကျိုးဆက် စီးပွားရေးနှင့် နေထိုင်မှု ဘဝ ရိုက်ခတ်မှု များကို မြဝတီ မြို့ခံ အခြေခံ လူတန်း စားများ ပိုမို ခံရကြောင်း မြဝတီမြို့ ရပ်ကွက် အုပ်ချုပ်ရေးမှူးနှင့် မြဝတီမြို့ စီးပွာရေး လုပ်ငန်းရှင် များက ပြောသည်။
“ကုန်သည်တွေ လုပ်ငန်းရှင်တွေ ငွေရှင် ကြေးရှင် တွေကို ထိခိုက် တာလည်း ထိခိုက် ပါတယ်၊ ဒါပေမယ့် သူတို့ တွေက ချက်ခြင်း ထမင်း မငတ်ဘူး။ ဥပမာ ဆိုင်ကယ် တက္ကစီ သမားတွေ၊ စားသောက် ဆိုင်တို့၊ နေ့စား အလုပ်သမားတွေ စတဲ့ အခြေခံ လူတန်းစား တွေရဲ့ မိသားစု အတွက် ဝင်ငွေရဖို့ အလုပ် လုပ်ဖို့ မဖြစ် တော့ဘူး၊ သူတို့ တွေက ဒီမတည်မငြိမ် ဖြစ်မှုကို အခံ ရဆုံး လူတွေပါ” ဟု မြဝတီမြို့ အမှတ် (၁) ရပ်ကွက် ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးနောင်က ပြောသည်။
ထိုသို့ ပစ်ခတ်မှု ဖြစ်ပွားပြီး အခြေအနေ မတည်ငြိမ်မှု အပေါ် ကုန်သွယ်ရေး ထိခိုက် မည်ကို စီးပွားရေး လုပ်ငန်းရှင် အချို့က စိုးရိမ် နေပြီး ကုန်သွယ်ရေး လမ်းကြောင်း၌ ကုန်စည် စီးဆင်းမှု လျော့နည်း သွားသော်လည်း ကုန်စည် စီးဆင်း နေဆဲ ဖြစ်ကြောင်းနှင့် ပုံမှန် ကုန်သွယ်ရေး လမ်းကြောင်း ပြတ်တောက် သွားသည် အထိ ရိုက်ခတ်မှု မရှိကြောင်း ဦးစိုးနောင်က ဆက်ပြောသည်။
ထိုသို့ နှစ်ဖက် တိုက်ခိုက်မှု၏ အကျိုးဆက် မတည် မငြိမ် ဖြစ်မှုကြောင့် ဆောက်လုပ်ရေး လုပ်ငန်းများ၊ အခြား ပရိဘောဂ စသည့် လုပ်ငန်းငယ် များလည်း ဤရက်ပိုင်း အတွင်း လုပ်သား ရှားပါးမှု ပြသနာ များကို ရင်ဆိုင် နေကြရကြောင်း မြဝတီ မြို့ခံ စီးပွားရေး လုပ်ငန်းရှင် တဦး ဖြစ်သည့် ဦးတင်ဦးက ပြောသည်။
“ကျွှန်တော့် ဆီမှာတောင် အလုပ် သမားတွေ မနေ့က စပြီး အလုပ်မဆင်း ကြဘူး ၊ ဒီနေ့မှ လာပါ ဆိုပြီး ပြန်ခေါ်ရတယ်၊ တချို့ဆိုရင် သုံးရက်စလုံး အလုပ်မဆင်း ကြဘူးလေ။ ကုန်စည် နည်းတော့ နေ့စား ၊ အခေါက်စား အထမ်းသမားတွေ ထိခိုက်တယ်၊ ဒါ့ပြင်ကို ရန်ကုန်၊ မန္တလေး ကနေ၊ တောင်ကြီး ကနေ လာပြီး ဒီမှာ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ သစ်လုပ်ငန်း တွေမှာ လုပ်ကြတဲ့ အလုပ်သမား တွေဆို နေရပ် ပြန်တဲ့ လူတွေတောင် ရှိနေကြတယ်” ဟု ဦးတင်ဦးက ပြောသည်။
ယနေ့တွင် ဆိုင်အချို့ ပြန်ဖွင့်၍ ကုန်သွယ်မှု၊ ရောင်းဝယ် မှုများ ပုံမှန် လည်ပတ်ရန် ကြိုးစား နေကြ သော်လည်း မြို့ခံများ၏ စိတ်၌ အခြေအနေအား ထိတ်ထိတ် လန့်လန့်ဖြင့် စောင့်ကြည့်လျက် ရှိနေကြောင်းလည်း ဦးတင်ဦးက ဆက်ပြောသည်။
မြဝတီ မြို့သည် တစ်ဖက် ထိုင်းနိုင်ငံ မဲဆောက်မြို့နှင့် ဆက်စပ် နေသည့် ထိုင်းမြန်မာ နယ်စပ်မြို့ ဖြစ်ကာ မြန်မာ နိုင်ငံသို့ နယ်စပ် ဖြတ်ကျော်၍ သွင်းကုန်/ထုတ်ကုန် တင်ပို့သည့် လမ်းမကြောင်း ကြီးလည်း ဖြစ်သည်။
ထို့ပြင် လက်နက်ကိုင် အဖွဲ့ အများအပြား အခြေ စိုက်သည့် မြို့တစ်မြို့လည်း ဖြစ်ကာ မြဝတီ တစ်မြို့ တည်း၌ မြန်မာ အာဏာ ပိုင်များ အပါအဝင် လက်နက်ကိုင် အဖွဲ့များ၏ အကောက်ဂိတ်များ စုစုပေါင်း (၆၀) ကျော် ရှိကြောင်း ဦးတင်ဦးက ပြောသည်။
———————————
ယနေ့နေ့လည် ဘားအံမှကော့ကရိတ်သို့ထွက်ခွာလာသော
လိုင်းကား နေ့လည် ၁း၃၀ခန့်အချိန်သာမညအလွန် သာယာကုန်းနှင့် ဒူရိန် ရော်ဘာခြံနား
အရောက်တွင် ကားနှင့် ပေ ၂၀ခန့်အကွာ လက်နက်ကြီးတစ်လုံးပေါက်ကွဲ
ခဲ့ပါသည်။ ကားပေါ်ပါခရီးသည်အချို့ လက်နက်ကြီးအစထိမှန်ဒါဏ်ရာရသည်။
ကော့ကရိတ်တံတားဦးရပ်မှ ယာဉ်မောင်းအရှည်ကြီးမောင်းနှင်လာပါသည်။
ဒါဏ်ရာအနည်းငယ်ရလူနာများကိုကော့ကရိတ်ဆေးရုံမှ ဆေးကုသမှုပေးပြီး
စိုးရိမ်ရသောလူနာ မှာ ကော့ကရိတ်ရေကျော်ကျေးရွာမှ ခွန်——–ဆိုသူဖြစ်သည်၊
လက်မောင်း နောက်ကျောဘယ်ဖက် တွင်လက်နက်ကြီးအစများ ထိမှန်ထားပါသည်၊
ကော့ကရိတ်ဆေးရုံမှ ဆရာဝန်ဆရာများမှ ဓါတ်မှန်ရိုက်ဆေးကုသမှုပေးနေသည်၊
ကျမတို့ကားကိုတိုက်ရိုက်ပစ်ထည့်တာတော့မဟုတ်ဘူး၊ ကားဘေးပေ ၂၀၊ ၃၀ လမ်းဘေးမှာ
ပေါက်ကွဲတာပါ၊ အစတွေတော့ ကားဘက်ဆီထိမှန်ကုန်တယ်၊ ဘယ်သူပစ်တယ်၊
ဘယ်ကပစ်တယ်ဆိုတာလည်းမသိရပါဘူး၊ ကားကတော့မောင်းပြေးလာခဲ့တာကော့ကရိတ်
ဆေးရုံအရောက်ဘဲ၊
ကားပေါ်ပါခရီးသည်မိန်းမကြီးတဦးမှပြောသွားပါသည်။ CR. MIN BURMA

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s