Skip to content

#myanmar #burma #BM #တွင်မြန်မာနိုင်ငံသား ၂ ဦး အလုပ်မှအပြန် အသတ်ခံရ

September 16, 2014

BM တွင်မြန်မာနိုင်ငံသား ၂ ဦး အလုပ်မှအပြန် အသတ်ခံရ
*******************************************************
မလေးရှား
သတင်း ( ၁၆.၉.၂၀၁၄)
မလေးရှားနိုင်ငံ ပီနန် ၊ ဘတ်တာဝေါပ် ၊ ဘူးကစ်မတာဂျမ် (Jalan Kampung Manggis, Permatang Tinggi in Bukit Mertaja) တွင် အလုပ်မှ ပြန်လာသော မြန်မာနိုင်ငံသား ၂ ဦး ၁၄ ရက်နေ့ညတွင် ပျောက်ဆုံး အဆက်သွယ်ပြတ်ခဲ့ရာမှ ၁၅ ရက်နေ့ နံနက်တွင်ရဲများမှ အလောင်း ၂ လောင်းလူပြတ်သောနေရာတွင်တွေ့ပြီး လူသတ်မှုဖြစ်ကြောင်း ထိုနေ့ထုတ် မလေးရှားသတင်းများတွင် ဖော်ပြသွားခဲ့သည် ။
အသတ်ခံရသူ ၂ ဦးမှာ အသက် ၃၂ နှစ် အရွယ်ရှိ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ၊ ရွာသစ်ကျေးရွာမှ ကျော်သာလှ ဆိုသူ နှင့် အသက် ၂၉ နှစ်အရွယ်ရှိ ရခိုင်ပြည်နယ် ၊ ရသေ့တောင်မြို့နယ်နေ ကျော်အေးလှိုင် ဆိုသူတို့ဖြစ်ကြောင်း ထိုသူများ နှင့်အတူ အလုပ်လုပ်ကိုင်သော သူများ၏ FACEBOOK စာမျက်နှာများတွင်ရေးသားထားကြောင်းတွေ့ရသည် ။
ဖြစ်ပွားပုံမှာ ၁၄.၉.၂၀၁၄ နေ့ည ၉ နာရီခန့်တွင် အလုပ်လုပ်ရာ စက်ရုံမှအပြန် ကူလိလ် ကားဂိတ်တွင် ဖုန်းဆက်နေရာမှနောက်ပိုင်း အဆက်သွယ်ပြတ်တောက်သွားခဲ့ပြီးနောက်တစ်နေ့နနက် တွင် အလောင်းများတွေ့ရှိကာ အသတ်ခံရကြောင်း သိရှိခဲ့ရကြောင်း ။
တစ်ဦးမှာ ဝမ်းဗိုက်ထိုးသတ်ဒဏ်ရာ နှင့် အခြားတစ်ဦးမှာ ဦးခေါင်းပြတ်ကာ သေဆုံးနေကြောင်း ထိုသူများ၏ အလောင်းများကို လူပြတ်သော နေရာတွင် သွားရောက်စွန့်ပစ်ထားခဲ့ကြောင်း ။
အသတ်ခံရသူ ၂ ဦးတွင် တစ်ဦးမှာ အထောက်အထားစာရွက်စာတမ်း များမတွေ့ရပဲ အခြားတစ်ဦတွင် ပါမစ် တရားဝင် ရှိကြောင်း ။
ထိုနေ့ထုတ် မလေးရှား သတင်းများတွင် ဖော်ပြသွားခဲ့သည် ။
ဆက်လက်ဆက်စပ်သတင်းများ ရှိပါက တင်ဆက်ပေးပါမည် ။
မလေးရှားရောက်မြန်မာများ OFFICIAL FACEBOOK
http://www.facebook.com/mmrinmy
Photo ; Thestar.com,my , ကုလားတန်မြစ်Facebook

10429841_353804461454555_65446589256876992_n10659223_353804481454553_7898077495009006695_n10711135_353804511454550_965937282540426267_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: