Skip to content

#MYANMAR/BURMA #BOMB #မြ၀တီမြို့ ချစ်ကြည်ရေး တံတားအနီးတွင် #ချိန်ကိုက်မိုင်း တစ်လုံး တွေ့ရှိ မြ၀တီ စက်တင်ဘာ ၁၅

September 15, 2014

မြ၀တီမြို့ ချစ်ကြည်ရေး တံတားအနီးတွင် ချိန်ကိုက်မိုင်း တစ်လုံး တွေ့ရှိ
မြ၀တီ စက်တင်ဘာ ၁၅
ကရင်ပြည်နယ် ၊ မြ၀တီမြို့တွင် ယနေ့ စက်တင်ဘာ ၁၅ ရက်၊ နံနက် ၆ နာရီခွဲက မြ၀တီ – မဲဆောက် ချစ်ကြည်ရေးတံတားအနီး ချဉ်းကပ်လမ်းညာဘက် ၁၅ ပေ အကွာ၊တံတားအောက်
ပတ်လမ်း ပလက်ဖောင်းဘေး၊ AH ကားအလှဆင် ဆိုင်ရှေ့ ၄ ပေခန့်အကွာတွင် အဝေးထိန်း စနစ်မပါ ချိန်ကိုက်စနစ် မိုင်းတစ်လုံးအား တွေ့ရှိခဲ့ ကြောင်း သိရသည်။
ဖြစ်စဉ်မှာ စည်ပင်ဝန်ထမ်းတစ်ဦးမှ သန့်ရှင်းရေးဆောင်ရွက်စဉ် မသင်္ကာဖွယ်ရာ အထုပ် တစ်ထုပ် တွေ့ ရှိရသဖြင့် တံတားလုံခြုံရေးအဖွဲ့ရှိ တပ်သား ကျော်စွာလင်း နှင့် တပ်သား ရဲမျိုးဝင်း တို့ထံ အကြောင်းကြားရာ ၄င်းတို့က ခရိုင်၊ မြို့နယ်ရဲတပ်ဖွဲ့ နှင့် ရှေ့တန်းရုံး အခြေပြု စစ်ဗျူဟာမှူး တို့ထံ သတင်းပေးပို့ ဆောင်ရွက်ခဲ့သည်။
အဆိုပါ ချိန်ကိုက်မိုင်းဟု ယူဆရသည့် ဆက်စပ် ပစ္စည်းများအား တပ်နယ်မှ တာဝန်ရှိသူများက စိစစ်ရာ နာရီဒိုင်ခွက်ချိန်စက်မှ နာရီလက်တံ အား ၁၀ နာရီ ၅၅ မိနစ် အချိန်တွင် ထားရှိပြီး၊ အခြားမိနစ်၊ စက္ကန့်တံများအား ဖြတ်တောက်ထားရှိကြောင်း တွေ့ရှိရသည်။ ပင်မယမ်းအုံမှာ အရှည် (၆)လက်မ ၊ အချင်း(၂)လက်မခန့် သံပိုက်လုံး (၁)လုံး၊ အလေးချိန် ၃.၈ ကီလိုဂရမ်ရှိ (၂)လက်မပတ်လည် လေးထောင့်ပုံစံ တရုတ်နိုင်ငံလုပ် စားပွဲတင် နာရီ အသေးတစ်လုံး ၊ နာရီအတွင်း AA ဆိုဒ်ဓာတ်ခဲတစ်လုံး ၊ AAဆိုဒ် နေရှင်နယ် အမျိုးအစား ဓာတ်ခဲ (၄)လုံးတို့အား တိပ်အပြာဖြင့် ပတ်လျက်တို့ကို နံနက် ၇ နာရီ ၄၅ မိနစ် အချိန်တွင် ရှင်းလင်းဆောင်ရွက်နိုင် ခဲ့သည်။
ယင်းချိန်ကိုက်မိုင်းသည် ချစ်ကြည်ရေးတံတားအား ဖျက်ဆီးရန် ရည်ရွယ်၍ ထောင်ထားခြင်း မတွေ့ရဘဲ၊ အများပြည်သူ အန္တရာယ်ဖြစ်စေနိုင်ရန်အတွက် ပေါက်ကွဲချိန်ကို လူစည်ကားသည့်
အချိန်တွင် ပေါက်ကွဲရန် ထားရှိခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုလျက်ရှိပြီး၊ အမှုမှန်ပေါ်ပေါက်ရေး
သက်ဆိုင်ရာလုံခြုံရေး အဖွဲ့များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်းနှင့် ယခုအခါ ပြည်သူများ အန္တရာယ်ကင်းစွာ ပုံမှန်သွားလာလျက်ရှိ ကြောင်း သိရှိရသည်။
ဝေယံလင်း CR. Kohla Htay

10616628_571116319683050_6299335787477737567_n10690083_571116329683049_4348147928235004969_n

1546259_1532235480344099_7921337219965324989_n1622261_1532235540344093_6331203063463510481_n10665086_1532235447010769_8223848683199840313_n

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: