Skip to content

#MYANMAR/BURMA #ကောင်စီ #KNPC ကလက်တွေ့လုပ်ပြလိုက်တာ…

September 15, 2014

10644832_10204785359819614_5167667014484203274_n

10636063_10204785359579608_5638173044880925662_n1535641_10204785354419479_3870766422003033301_n12524_10204785356739537_80343932301194094_n10551120_10204785356299526_2742836684688875060_n

1907848_10204785356099521_7132959057711249922_n

ကိုက်တယ်ဗျာ..မြန်မာအာဏာပိုင်တွေ(စစ်တပ်)မလုပ်နိုင်တာကိုကရင်ငြိမ်းချမ်းရေး
ကောင်စီ(KNPC)ကလက်တွေ့လုပ်ပြလိုက်တာ……….အရမ်းကောင်းတယ်။
ထိုင်းရဲတွေကိုပညာပေးဖို.ထိုင်းကား(၃၀)စီးကို KNPCကပိတ်ထားလိုက်ပြီ။
တရားဝင်ခရီးသွားလက်မှတ်နှင့် မဲဆောက်ဘက်သွားသည့် မြန်မာခရီးသွားများကို
ထိုင်းရဲများက နည်းမျိုးစုံဖြင့်ဖမ်းဆီးကာ ငွေကြေးတောင်းခံသည့်အတွက် ယနေ့မြ၀တီသို့ဝင်ရောက်လာသည့် ထိုင်းကုန်တင်ကားကြီး အစီး၃၀ ခန့်ကို ကရင်ငြိမ်းချမ်းရေးကောင်စီ PC အဖွဲ့မှ ဗိုလ်မှူးကြီးတိုက်ဂါး ဦးဆောင်သည့်အဖွဲ့
က ထွက်ခွာခွင့်မပေးဘဲ ပိတ်ဆို့လိုက်သည့် ဖြစ်ရပ်တခု ယနေ့မြ၀တီမြို့ တွင်
ဖြစ်ပွားခဲ့သည်။
ထိုင်းဘက်မဲဆောက်သွားသည့် မြန်မာခရီးသွားများကို နေ့စဉ်နီးပါးနည်းမျိုးစုံဖြင့်
ငွေညှစ်နေသည့်အတွက်ယခုကဲ့သို့ လုပ်ဆောင်ရခြင်းဖြစ်သည်ဟု ဗိုလ်မှူးကြီးတိုက်ဂါး
က ကရင်အမျိုးသား (မီဒီယာ)ကိုပြောသည်။
၎င်းက “နေ့တိုင်းဘဲခံနေရတယ် တိုင်းရင်းသားတွေရော ဗမာတွေရောအကုန်ခံ
နေရတယ် ဘယ်သူမှတားဆီးပေးလို့မရဘူးဆိုတော့ ဒီနည်းလမ်းဘဲရှိတယ်
မြန်မာနိုင်ငံသားတွေ ခံနေရတာတွေကို ထိုင်းဘက်ကတာဝန်ရှိသူတွေ
သိစေချင်တယ် အကယ်၍နောက်ထပ်ဖြစ်အုံးမယ်ဆိုရင်တော့ ဒီထက်ကြီးမား
တဲ့ တုန့်ပြန်မှုကိုထပ်လုပ်မယ်”ဟုဆိုသည်။
နံနက် ၁၁ နာရီကစတင်ခဲ့သည့်ပိတ်ဆို့မှုကို မြ၀တီခရိုင်အုပ်ချုပ်ရေးမှူးဦးလွင်ကိုဦး
– မြ၀တီမြို့ နယ်အုပ်ချုပ်ရေးမှူး ဦးးခင်မောင်ဇော် – မဲဆောက်- မြ၀တီမြို့နယ်
အဆင့် နယ်ခြားကော်မတီ မြန်မာဘက်ခြမ်းဥက္ကဌ ဒုတိယဗိုလ်မှူးကြီးဝင်းထွန်း
တို့က လာရောက်ညှိနှိုင်းဖြေရှင်းပေးခဲ့သဖြင့် ပိတ်ဆို့မှုကို မွန်းလွှဲတနာရီခန့်တွင် ရုပ်သိမ်းလိုက်သည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ မြ၀တီခရိုင်တာဝန်ရှိသူများနှင့် ထိုင်းဘက်ခြမ်း မဲဆောက်
အပါအ၀င် တာ့ခ်ခရိုင်တာဝန်ရှိသူများ မနက်ဖြန် မြ၀တီမြို့ တွင် ဆွေးနွေးကြမည်
ဖြစ်သည်။
အဆိုပါဖြစ်စဉ်ကြောင့် ဒေသခံမြန်မာစစ်တပ်က လုံခြုံ ရေးအတွက် တပ်ဖွဲ့ဝင်များ
နေရာခွဲ၍ ချထားသဖြင့် စားသောက်ဆိုင်အချို့ နှင့်ဈေးဆိုင်များ ပိတ်ထားလိုက်ကြပြီး မလိုလားအပ်သော ဆိုကျိုးများဖြစ်ပေါ်လာမည်ကို စိုးရိမ်မှုများဖြစ်ရသည်ဟု
အမှတ် ၄ ရပ်ကွက်မှ လဘက်ရည်ဆိုင်ပိုင်ရှင်တဦးကဆိုသည်။
ကရင်ငြိမ်းချမ်းရေးကောင်စီ PC မှ ဗိုလ်မှူးကြီးတိုက်ဂါးက မနက်ဖြန်ထိုင်းနှင့်မြန်မာ
နှစ်ဘက်တာဝန်ရှိသူများ၏ ဆွေးနွေးမှုများကို စောင့်ကြည့်သွားမည်ဟုလည်းဆိုသည်။
ပုံစာ – မြ၀တီမြို့ တွင် ယနေ့ပိတ်ဆို့မှုဖြစ်ပွားခဲ့သည့်နေရာ။
မနက်ဖြန် မြန်မာနှင့်ထိုင်း တာဝန်ရှိသူများ၏ ဆွေးနွေးပွဲရလဒ်များကို ဆက်လက်ဖော်ပြပေးသွားပါမည်။
သတင်းဓါတ်ပုံ- ကရင်အမျိုးသား- မီဒီယာ

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: