Skip to content

#MYANMAR/BURMA #MALAYSIA #ကလန်း ကားဂိတ် တွင်တစ်ချိန်တည်းဖမ်းဆီး မြန်မာ များစွာ ထပ်မံပါဝင်

September 13, 2014

ကလန်း ကားဂိတ် တွင်တစ်ချိန်တည်းဖမ်းဆီး မြန်မာ များစွာ ထပ်မံပါဝင်
********************************************************************

မလေးရှား
သတင်း (၁၃.၉.၂၀၁၄)

ယနေ့ကွာလာလမ်ပူတွင်ပြုလုပ်သော အော်ပရာစီ နှင် အချိန်တူ တပြိုင်နက် ကလန်း ကာဂိတ်တွင်လည်းအထူးဖမ်းဆီးမှုအော်ပရာစီပြုလုပ်ကြောင်း ဒေသနေ မြန်မာနိုင်ငံသားများမှ သတင်းပေးပို့ထားသည် ။

ယမာန်နေ့ညကလည်း ကွာလာလမ်ပူ အမ်ပန်းတွင် လည်း အထူး ဖမ်းဆီးမှု တစ်ညလုံး ပြုလုပ်ကာ နံနက် ၆ နာရီခန့်တွင်မှပြီးဆုံးကြောင်း သတင်းရရှိသည် ။

ယခု ဖမ်းဆီးမှုများသည် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ အထူးအစီအစဉ်ဖြစ်ပြီး အရပ်ဝတ် ထောက်လှမ်းရေးများ ၊ အထူးရဲတပ်ဝင်များ ပါပါဝင်သည် ။

မြန်မာနိုင်ငံသားများအား သတိပေးလိုသည်မှာ လာရောက်ဖမ်းဆီးကြောင်းသိရှိရပါက သာမာန် လမ်းလျှောက်သွားလာနေထိုင်သကဲ့သို့ တည်တည်တံ့တံ့လိုက်ပါသွားပါ ။ ထွက်မပြေးပါနှင့် ထွက်ပြေးသူများအလွန်အထိနာက အင်အားအလုံးအရင်းဖြင့် ချပ်နှောက်ဖမ်းဆီး ခြင်းခံရနိုင်သည် ။ အနာခံရနိုင်သည် ။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အေးဆေးတည်ငြိမ်စွာ ပူးပေါင်းဆောင်ရွက်ဟန်ဖြစ်အောင် ကြိုးစားပါ ။ တည်တည်ကြည်ကြည် ဖြေဆိုပါ ။

ယနေ့ ဖမ်းဆီးမှုများတွင် မည်သည့် သံသယရှိသူကိုမဆို ဖမ်းဆီးခေါ်ဆောင်သွားကာ လဝက ရုံးချုပ်များ အထိ ခေါ်ဆောင်သွားခဲ့ပြီး ပါမစ်မှန်ကန်သူများကို ချက်ချင်းပြန်လည်လွတ်ပေးကြောင်းလည်း ဝမ်းမြောက်ဖွယ်ထပ်မံသိရှိရသည်။

ယနေ့နံနက် ၁၁ နာရီကျော်အချိန်က ကွာလာလမ်ပူတွင် ဖမ်းဆီးသွားသူ ရာကျော်ပါသွားပြီး ထိုထဲတွင်မှ ပါမစ်မှန်ကန်သူ အားလုံး ယခု ပြန်လည်လွတ်မြောက်လာသည်ကိုတွေ့ရသည် ။

ဖမ်းဆီးမှု နေရာအနှံ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းဆက်လက်သိရှိရသည် ။

ထူးခြားမှုရှိပါက ဆက်လက်တင်ဆက်ပါမည် ။MYANMAR IN MALAYSIA

Photo : ဧရာသံလွင်(ကလန်း)

10626679_352597508241917_5662538667236510069_n10632867_352597434908591_3873373631097934505_n10659204_352597461575255_1530263896319769814_n

ကွာလာလမ်ပူ မြန်မာဆိုင်တန်းအော်ပရာစီ ဖမ်းဆီး မြန်မာများစွာဖမ်းခံရ
***********************************************************************

မလေးရှား
သတင်း (13.9.2014)

ယနေ့ နံနက် ၁၁ နာရီမှ စတင်ပြီး မလေးရှား ကွာလာလမ်ပူ ရှိ မြန်မာဆိုင်တန်းများ တည်ရှိရာ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး ၊ မိုင်ဒင်း (ကေအယ်) ၊ စသော နိုင်ငံခြားသားများ စုစည်းရာ ၊ မြန်မာဆိုင်များ ၊ ဘင်္ဂလားဆိုင်မျာ ၊ နီပေါဆိုင်များသို့ အထူးအော်ပရာစီ ပြုလုပ်ကာ လဝက ၊ အထူးရဲ ၊ ရေးလား ၊ ရဲ ၊ ပြည်သူ့စစ် စသည့်အင်အား ၁၀၀ ကျော်ဖြင့် လာရောက်စစ်ဆေးဖမ်းဆီးသွားခဲ့သည် ။

ဖမ်းဆီးသူများသည် မြန်မာဆိုင်များသို့လာရောက် ဝယ်ယူစားသုံးသူများ ကိုသာမက ဆိုင်ရှင် ၊ အလုပ်သမား များကိုပါ ပါမစ်စစ်ဆေးကာ ပါမစ် နှင့်အလုပ်မမှန်ကန်သူ အားလုံးကို စစ်ဆေး မေးမြန်းမရှိ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည် ။ ပတ်စပို့ ၊ ပါမစ် မှန်ကန်သူများကိုမူ စစ်ဆေးရုံစစ်ဆေးပြီး ဖမ်းဆီးမှု မပြုသွားခဲ့ပါ ။ လာရောက်စာသုံးသူများထဲမှ ပါမစ် မှန်ကန်သူ စာအုပ်လက်ဝယ်ရှိသူများကိုလဲဖမ်းဆီးမသွားခဲ့ပါ ။

ပါမစ် ရှိနေစေကာမူ အလုပ်နှင့် ပါမစ် မတူသည့်သူအားလုံး ယနေ့ဖမ်းဆီးခံရပြီး စုစုပေါင်း ၁၀၀ ကျော်ခန့် ကား ၃ စီးဖြင့် ဖမ်းဆီးသွားခဲ့သည် ။ UN ကဒ် ကိုင်ဆောင်ထားသူများကိုပါ ယနေ့စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး ယခုထိုသူများဂျလန်းဒူတ လဝက ရုံးသို့ရောက်ရှိဖမ်းဆီးခံထားရကြောင်းသိရသည် .။

ယနေ့ဖမ်းဆီးမှုမျိုး မလေးရှား နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်နေပြီး မလေးရှား လဝက ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်၏ ပြောကြားချက်အရ ယခု ၂၀၁၄ နှောင်းပိုင်းတွင် တရားမဝင် နိုင်ငံခြားသား သောသ်းကျော် ဖမ်းဆီးမိမည်ဟု သတင်းဌာနများသို့ လွန်ခဲ့သောလက ပြောကြားထားခဲ့ကြောင်း ကျွန်တော်တို့ဖော်ပြပြီးဖြစ်သည် ။

လွန်ခဲ့သော ရက်များက လည်း ဂျိုဟိုးရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများအား ပါမစ် နှင့် အလုပ်စစ်ဆေးမှုများရှိနေပြီး လက်ရှိလုပ်နေသာ အလုပ်နှင့် ပါမစ်မတူသူ အားလုံးကို ဖမ်းဆီးသွားခဲ့ကြောင်းသိရသည် ။

ထို့ကြောင့် မိမိတို့ လုပ်နေသော အလုပ် နှင့် ပါမစ် မတူညီပါက စာအုပ်ပါ ပါမစ် ရှိ အလုပ်ရှင် ထံမှ အလုပ်သမား လွဲပြောင်းကြောင်း သဘောတူ စာချုပ် ကို ရရှိထားမှသာ လဝက ဖမ်းဆီးစစ်ဆေးမှုမှ လွတ်မြောက်မည်ဖြစ်သည် ။

ယခု ကာလသည် မလေးရှားအစိုးရမှ ပါမစ် နှင့် အလုပ်တူညီမှုရှိမရှိ ၊ သူဌေး တာဝန်ယူမှုရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း .ယနှေု့ဖမ်းဆီးသူ လဝက အရာရှိမှ ပြောကြားသွားခဲ့သည် ။

ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည် ။

10646886_352564354911899_2818250387656991831_n10704289_352563731578628_533852688590903698_o10704289_352564001578601_605506575209280604_o

 

No comments yet

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: