#MYANMAR/BURMA #MALAYSIA #ကလန်း ကားဂိတ် တွင်တစ်ချိန်တည်းဖမ်းဆီး မြန်မာ များစွာ ထပ်မံပါဝင်

ကလန်း ကားဂိတ် တွင်တစ်ချိန်တည်းဖမ်းဆီး မြန်မာ များစွာ ထပ်မံပါဝင်
********************************************************************

မလေးရှား
သတင်း (၁၃.၉.၂၀၁၄)

ယနေ့ကွာလာလမ်ပူတွင်ပြုလုပ်သော အော်ပရာစီ နှင် အချိန်တူ တပြိုင်နက် ကလန်း ကာဂိတ်တွင်လည်းအထူးဖမ်းဆီးမှုအော်ပရာစီပြုလုပ်ကြောင်း ဒေသနေ မြန်မာနိုင်ငံသားများမှ သတင်းပေးပို့ထားသည် ။

ယမာန်နေ့ညကလည်း ကွာလာလမ်ပူ အမ်ပန်းတွင် လည်း အထူး ဖမ်းဆီးမှု တစ်ညလုံး ပြုလုပ်ကာ နံနက် ၆ နာရီခန့်တွင်မှပြီးဆုံးကြောင်း သတင်းရရှိသည် ။

ယခု ဖမ်းဆီးမှုများသည် မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေး၏ အထူးအစီအစဉ်ဖြစ်ပြီး အရပ်ဝတ် ထောက်လှမ်းရေးများ ၊ အထူးရဲတပ်ဝင်များ ပါပါဝင်သည် ။

မြန်မာနိုင်ငံသားများအား သတိပေးလိုသည်မှာ လာရောက်ဖမ်းဆီးကြောင်းသိရှိရပါက သာမာန် လမ်းလျှောက်သွားလာနေထိုင်သကဲ့သို့ တည်တည်တံ့တံ့လိုက်ပါသွားပါ ။ ထွက်မပြေးပါနှင့် ထွက်ပြေးသူများအလွန်အထိနာက အင်အားအလုံးအရင်းဖြင့် ချပ်နှောက်ဖမ်းဆီး ခြင်းခံရနိုင်သည် ။ အနာခံရနိုင်သည် ။ မှန်သည်ဖြစ်စေ မှားသည်ဖြစ်စေ အေးဆေးတည်ငြိမ်စွာ ပူးပေါင်းဆောင်ရွက်ဟန်ဖြစ်အောင် ကြိုးစားပါ ။ တည်တည်ကြည်ကြည် ဖြေဆိုပါ ။

ယနေ့ ဖမ်းဆီးမှုများတွင် မည်သည့် သံသယရှိသူကိုမဆို ဖမ်းဆီးခေါ်ဆောင်သွားကာ လဝက ရုံးချုပ်များ အထိ ခေါ်ဆောင်သွားခဲ့ပြီး ပါမစ်မှန်ကန်သူများကို ချက်ချင်းပြန်လည်လွတ်ပေးကြောင်းလည်း ဝမ်းမြောက်ဖွယ်ထပ်မံသိရှိရသည်။

ယနေ့နံနက် ၁၁ နာရီကျော်အချိန်က ကွာလာလမ်ပူတွင် ဖမ်းဆီးသွားသူ ရာကျော်ပါသွားပြီး ထိုထဲတွင်မှ ပါမစ်မှန်ကန်သူ အားလုံး ယခု ပြန်လည်လွတ်မြောက်လာသည်ကိုတွေ့ရသည် ။

ဖမ်းဆီးမှု နေရာအနှံ့တွင်ပြုလုပ်သွားမည်ဖြစ်ကြောင်းဆက်လက်သိရှိရသည် ။

ထူးခြားမှုရှိပါက ဆက်လက်တင်ဆက်ပါမည် ။MYANMAR IN MALAYSIA

Photo : ဧရာသံလွင်(ကလန်း)

10626679_352597508241917_5662538667236510069_n10632867_352597434908591_3873373631097934505_n10659204_352597461575255_1530263896319769814_n

ကွာလာလမ်ပူ မြန်မာဆိုင်တန်းအော်ပရာစီ ဖမ်းဆီး မြန်မာများစွာဖမ်းခံရ
***********************************************************************

မလေးရှား
သတင်း (13.9.2014)

ယနေ့ နံနက် ၁၁ နာရီမှ စတင်ပြီး မလေးရှား ကွာလာလမ်ပူ ရှိ မြန်မာဆိုင်တန်းများ တည်ရှိရာ ဂျလန်းစီလန်း ၊ ဂျလန်းလီပို့ပူဒူး ၊ မိုင်ဒင်း (ကေအယ်) ၊ စသော နိုင်ငံခြားသားများ စုစည်းရာ ၊ မြန်မာဆိုင်များ ၊ ဘင်္ဂလားဆိုင်မျာ ၊ နီပေါဆိုင်များသို့ အထူးအော်ပရာစီ ပြုလုပ်ကာ လဝက ၊ အထူးရဲ ၊ ရေးလား ၊ ရဲ ၊ ပြည်သူ့စစ် စသည့်အင်အား ၁၀၀ ကျော်ဖြင့် လာရောက်စစ်ဆေးဖမ်းဆီးသွားခဲ့သည် ။

ဖမ်းဆီးသူများသည် မြန်မာဆိုင်များသို့လာရောက် ဝယ်ယူစားသုံးသူများ ကိုသာမက ဆိုင်ရှင် ၊ အလုပ်သမား များကိုပါ ပါမစ်စစ်ဆေးကာ ပါမစ် နှင့်အလုပ်မမှန်ကန်သူ အားလုံးကို စစ်ဆေး မေးမြန်းမရှိ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည် ။ ပတ်စပို့ ၊ ပါမစ် မှန်ကန်သူများကိုမူ စစ်ဆေးရုံစစ်ဆေးပြီး ဖမ်းဆီးမှု မပြုသွားခဲ့ပါ ။ လာရောက်စာသုံးသူများထဲမှ ပါမစ် မှန်ကန်သူ စာအုပ်လက်ဝယ်ရှိသူများကိုလဲဖမ်းဆီးမသွားခဲ့ပါ ။

ပါမစ် ရှိနေစေကာမူ အလုပ်နှင့် ပါမစ် မတူသည့်သူအားလုံး ယနေ့ဖမ်းဆီးခံရပြီး စုစုပေါင်း ၁၀၀ ကျော်ခန့် ကား ၃ စီးဖြင့် ဖမ်းဆီးသွားခဲ့သည် ။ UN ကဒ် ကိုင်ဆောင်ထားသူများကိုပါ ယနေ့စစ်ဆေးရန် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပြီး ယခုထိုသူများဂျလန်းဒူတ လဝက ရုံးသို့ရောက်ရှိဖမ်းဆီးခံထားရကြောင်းသိရသည် .။

ယနေ့ဖမ်းဆီးမှုမျိုး မလေးရှား နိုင်ငံတစ်ဝှမ်းတွင် ပြုလုပ်နေပြီး မလေးရှား လဝက ဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ်၏ ပြောကြားချက်အရ ယခု ၂၀၁၄ နှောင်းပိုင်းတွင် တရားမဝင် နိုင်ငံခြားသား သောသ်းကျော် ဖမ်းဆီးမိမည်ဟု သတင်းဌာနများသို့ လွန်ခဲ့သောလက ပြောကြားထားခဲ့ကြောင်း ကျွန်တော်တို့ဖော်ပြပြီးဖြစ်သည် ။

လွန်ခဲ့သော ရက်များက လည်း ဂျိုဟိုးရှိ စက်ရုံများတွင် အလုပ်လုပ်ကိုင်နေသူများအား ပါမစ် နှင့် အလုပ်စစ်ဆေးမှုများရှိနေပြီး လက်ရှိလုပ်နေသာ အလုပ်နှင့် ပါမစ်မတူသူ အားလုံးကို ဖမ်းဆီးသွားခဲ့ကြောင်းသိရသည် ။

ထို့ကြောင့် မိမိတို့ လုပ်နေသော အလုပ် နှင့် ပါမစ် မတူညီပါက စာအုပ်ပါ ပါမစ် ရှိ အလုပ်ရှင် ထံမှ အလုပ်သမား လွဲပြောင်းကြောင်း သဘောတူ စာချုပ် ကို ရရှိထားမှသာ လဝက ဖမ်းဆီးစစ်ဆေးမှုမှ လွတ်မြောက်မည်ဖြစ်သည် ။

ယခု ကာလသည် မလေးရှားအစိုးရမှ ပါမစ် နှင့် အလုပ်တူညီမှုရှိမရှိ ၊ သူဌေး တာဝန်ယူမှုရှိမရှိ စစ်ဆေးသွားမည်ဖြစ်ကြောင်း .ယနှေု့ဖမ်းဆီးသူ လဝက အရာရှိမှ ပြောကြားသွားခဲ့သည် ။

ဆက်လက် ထူးခြားမှုများရှိပါက တင်ဆက်မည် ။

10646886_352564354911899_2818250387656991831_n10704289_352563731578628_533852688590903698_o10704289_352564001578601_605506575209280604_o

 

#MYANMAR/BURMA #CHINA #RESCUE #TEAM #ARRIVED #HELPING #MISSING #CLIMBERS

13/9/2014 By the arrangement of Htoo Foundation, the Blue Sky Rescue Team, which is China’s largest civilian rescue team arrived round about 11.00 am this morning at Yangon for helping to seek two missing climbers.

The team is to go Putao townships by private jet owned by Htoo Foundation’s patron U Tay Za when as soon as they arrived Yangon. From Putao townships, the team which included eight members will collaborate with the team led by U Tay Za who had already arrive Pananden townships and managed rescuing procedure.

Mountaineers team who are expertise in search and rescue from China will arrive on the morning, around eleven pm September 13 by providing of China-Myanmar friendship team for seeking and rescuing mission of two missing climbers from the invitation of nature foundation.

Eight members of search and rescue expertise team which were united and sent by China embassy will be welcome by concerned person from Htoo Group of Companies, Air Bagan, AGD Bank, Aureum Palace Hotel and Myanmar Treasure Hotel at Yangon air port.

The team is to go Putao townships by private jet owned by Htoo Foundation’s patron U Tay Za when as soon as they arrived Yangon. From Putao townships, the team which included eight members will collaborate with the team led by U Tay Za who had already arrive Pananden townships and managed rescuing procedure.

Htoo Group of Companies and Htoo Foundation are making wholehearted effort to seek and rescue two missing mountaineers. We would like Myanmar citizens to pray for them who dignified mother country by setting up National flag on the summit to be searched and rescued in fine situation as soon as possible. CR.Htoo Foundation

906662_853800217986980_9055191738549043208_o10636826_853800231320312_6366328693189992494_o10655441_853800321320303_6262552413009374909_o10582823_853800254653643_7725935541565052954_o10557503_853800247986977_3663165583565024093_o