#MYANMAR #BURMA #RIP အဆိုတော် မီစန္ဒီ တင်ထားတဲ့ မော်ဒယ်လေးရဲ့အကြောင်းပါ တကယ်စိတ်မကောင်းစရာပါ..

အေးချမ်းမြတ်မိုးကို တဖက်သတ်ချစ်ကြိုက်နေခဲ့တဲ့ ကိုအံ့ဖြိုးပိုင် ဆိုသူက ဒုတိယထပ်
လှေကားမှာကြိုတင်စောင့်ဆိုင်းပြီး မအေးချမ်းမြတ်မိုးရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့။
====================================================

သြဂုတ်လ (၂၆)ရက်နေ့ ည(၇)နာရီခန့် က ရန်ကုန်တိုင်း ဒေသကြီး ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာမှာ အေးချမ်းမြတ်မိုးကို တဖက်သတ်ချစ်ကြိုက်နေခဲ့တဲ့ ကိုအံ့ဖြိုးပိုင် ဆိုသူက
ဒုတိယထပ်လှေကားမှာကြိုတင်စောင့်ဆိုင်းပြီး မအေးချမ်းမြတ်မိုးရဲ့ လည်ပင်းကို ဓားနဲ့ထိုးခဲ့သတင်းရရှိုပါတယ်။

ဒဂုံမြို့ နယ် ဦးဝိစာရ အိမ်ရာဝင်း တိုက်(၃၂)၊ အခန်း(၁၀)၊ (၃)လွှာမှာ အပြင်မှ တံခါး
ခေါက်ကာ “အမေရေကယ်ပါဦး” ဟု ခေါ်သံကြားတာကြောင့် ကိုအာကာဝဏ္ဏ နှင့်
အစ်မဖြစ်သူ မအေးချမ်းမြတ်ဖြိုးတို့ တံခါးသွားဖွင့်ရာမှာ ညီမဖြစ်သူ မအေးချမ်းမြတ်မိုး (အသက်(၁၉)နှစ် ၊ ဒုတိယနှစ် အင်္ဂလိပ်စာ၊ အဝေးသင် တက္ကသိုလ် – ဒဂုံ) ရဲ့ လည်
ပင်းဝဲဘက်ခြမ်းမှာ သွေးထွက်ဒဏ်ရာနဲ့ လဲကျသွားပါတယ်။

ဒဏ်ရာနဲ့ မအေးချမ်းမြတ်မိုးကို မိသားစုမှ ကားငှားကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီး
ကို ပို့ ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။

ဓါးနဲ့ ထိုးသူကို စုံစမ်းရာမှာ ကိုအံဖြိုးပိုင် ၊ အသက်(၂၂)၊ တိုက်(၂)၊ အခန်း(၆)၊ ဦးဝိစာရ
အိမ်ရာ၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံမြို့ နယ် နေသူဖြစ်ကြောင်း သိရပါတယ်။

ကိုအံ့ဖြိုးပိုင်မှ ဓါးနှင့်ထိုး၍ မအေးချမ်းမြတ်မိုး လည်းပင်းမှာ ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိပြီး သေဆုံးသွားသောကြောင့် ကိုအံ့ဖြိုးပိုင် အပေါ် အရေးယူပေးပါရန် သေဆုံးသူ
၏ အစ်ကို ကိုအာကာဝဏ္ဏမှ တရားလို ပြုလုပ်တိုင်တန်း အမှုထားပါတယ်။

အဆိုပါ ဖြစ်စဉ်နှင့် ပါတ်သတ်ပြီး ဒဂုမမစ (ပ) ၁၈၄/ ၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှု
ဖွင့်ပြီး အမှုစစ် ရဲအုပ်ဇာနည်ထွဋ်မှ တရားခံအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သစ်ထူးလွင်ဝက်ဆိုဒ် မှ စုံစမ်း သိရှိရပါတယ်။

တရားခံလို.ယူဆရသူဓါတ်ပုံဟုလည်း ( Myanmar Celebrities ) မှဖော်ပြထားသည်
ကိုလည်းတွေ.ရှိရပါသည်။

10376924_10201853698464285_3663971921502459760_n

 

 

>> ဒီတခါတော့ မယ်မေမြတ်နိုး ရှက်ရပြီ <<
Miss Asia Pacific World Organization က မေမြတ်နိုးကို နန်းချ သရဖူသိမ်းရတာဟာ မေမြတ်နိုးရဲ့ မိမိ Organization အပေါ်နာခံမှု့မရှိခြင်း ကိုရီးယားကို ရောက်တဲ့အချိန်မှာ မေမြတ်နိုးရဲ့မိခင်က သူမရဲ့ Passport ကို Organization သဘောမတူဘဲ သုံးလ Visa ရဖို့ တရားမဝင်လုပ်ခဲ့တာတွေကြောင့်ကော မို့ပါတဲ့။
မေမြတ်နိုးဟာ တစ်ပတ်အတွင်း မြန်မာပြည်ပြန်ရမှာဖြစ်ပြီး မြန်မာပြည်ရောက်တာနဲ့ သူမရဲ့ သရဖူနဲ့ စလွယ်ကို မိမိရဲ့ Organization ကို အပ်နှံရပါလိမ့်မယ်လို့ Miss Asia Pacific World ရဲ့ Organization leader Mr David Kim က ရေးသားခဲ့ပါတယ်။
စိတ်မကောင်းခြင်းများစွာဖြင့်
မြန်မာပြည်က National Director လှနုထွန်းသိမ်းတာ မဟုတ်ပါ
Credit to: Beauty Pageants Of Myanmar – BPOM

 

10308750_559430534184962_7462962061746780367_n

အဆိုတော် မီစန္ဒီ တင်ထားတဲ့ မော်ဒယ်လေးရဲ့အကြောင်းပါ

တကယ်စိတ်မကောင်းစရာပါ…
အဲ့ဒီ သတင်းကြားတော့ လူတစ်ကိုယ်လုံးအေးစက်သွားပြီး ရင်တွေ လက်တွေတောင်တုန်တယ်.. Modelကောင်မလေးငယ်ငယ်လေးတစ်ယောက်ကို သူ့ချစ်သူက တမင်သက်သက် လှေကားမှာစောင့်ပြီး လည်ပင်းကို
ဓါးနဲ့ထိုးသတ်သွားတယ်တဲ့။ သူ့ချစ်သူက ဆေးသမားတဲ့.. သူနဲ့မသိပေမယ့် ကောင်မလေး account ကိုဝင်ကြည့်လိုက်တော့ ငယ်ငယ်ချောချော ချစ်စရာလေး..
ညီမလေး အေးချမ်းမြတ်မိုး….
နောင်ဘဝဆက်တိုင်း ဒီလိုအဖြစ်ဆိုးနဲ့ မကြုံပါစေနဲ့နော်.. ကောင်းရာမွန်ရာရောက်ပါစေ.. ဆုတောင်းပေးပါတယ်..
R.I.P

10511332_700687543349880_2565842406644599163_n7049_957952410887808_7074845291885865980_n

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s