#MYANMAR #BURMA #အစိုးရစစ်တပ် တပ်မ ( ၇၇ ) ဗုံးခွဲ ရွာသား #၂ ဦးသေဆုံး

တိုင်းဖရီးဒွမ်း
အစိုးရစစ်တပ် တပ်မ ( ၇၇ ) မှ လှုပ်ရှားတပ်ဖွဲ့၏ တောတွင်းရှာဖွေလှုပ်ရှားစဉ် တောင်ယာလုပ်သား ၂ ဦးနှင့် တိုးမိကာ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် တောင်သူ၂ဦး ပွဲချင်းပြီးသေဆုံးခဲ့ရကြောင်း။

 

image_6

လွန်ခဲ့သည့် ဇွန်လ ၁၉ ရက်နေ့တွင် တပ်မ ( ၇၇ ) မှ လှုပ်ရှားတပ်ဖွဲ့တစ်ဖွဲ့သည် အင်အား ၃၀ ကျော်နှင့် အတူ လွယ်အံ ၊ကောင်းခါးမှ စစ်ကြောင်းချီလာပြီး တိုင်းရင်းသားလက်နက်ကိုင်များကို ရှာဖွေရာ ဝမ်နားရွာသို့အရောက် ပြောင်းဖူးစိုက်ခင်း စောင့်နေသော တောင်ယာလုပ်ကိုင်နေသူ ရွာသား ၂ ဦးကို တိုးမိရာ ၎င်းလှုပ်ရှားတပ်ဖွဲ့မှ လက်ပစ်ဗုံးဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၂ ဦး ပွဲခြင်းပြီး သေဆုံးခဲ့ကြောင်း။သေဆုံးသူ ရွာသား ၂ ဦးမှာ လုံးကော အသက် ( ၄၅ ) နှစ် ၊ လုံးမီး အသက် ( ၄၄ ) နှစ်တို့ဖြစ်ကြောင်း သိရှိရပါတယ်။

image_5

တပ်မ ၇၇ သည် အဖွဲ့ ၂ ဖွဲ့ ခွဲကာ ကျောက်မဲမြို့နယ် နှင့် နောင်ချိုမြို့နယ် ကြားရှိ ဂုတ်ထိပ်တံတား အနီးအနားဝန်းကျင်တွင် အခြေချနေကြောင်း သတင်းရရှိပါသည်။

တပ်မ ၇၇ သည် ပဲခူးမြို့အခြေစိုက်ဖြစ်ပြီး သျှမ်းပြည်တပ်မတော်မြောက်ပို်င်းရှိ SSPP/SSA အဖွဲ့ ၊TNLA အဖွဲ့ များကို ထိုးစစ်ဆင်တိိိုက်ခိုက်နေသော တပ်ဖွဲ့လည်းဖြစ်ပါတယ်။

Taifreedom

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s