မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ ( KIA ,TNLA ,MNDAA ) မှ မြန်မာအစိုးရတပ် (မုံးယ) တပ်စခန်း အား ၀င်ရောက်တိုက်ခိုက်
24 June 2014 post by TNLA
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်ခွဲ၊ မုံးယကျေးရွာအုပ်စု ယနေ့ ဇွန်လ ၂၄ ရက် နံနက် (၀၄း၃၀) မှ (၀၆း၀၀) နာရီထိ တစ်နာရီခွဲကြာ တအာင်းတပ်မတော်(TNLA) ၊ KIA တပ်ရင်း ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ပူးပေါင်းတပ်ဖွဲ့သည် မုံးယကျေးရွာ အနီးရှိ မြန်မာအစိုးရ တပ်စခန်အား ၀င်ရောက်တိုက်ခိုက်ခဲ့သည်။
တိုက်ပွဲတွင် တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်)တို့ ဖက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။ မြန်မာ့တပ်မတော်ဖက်မှ ထိခိုက်ကျဆုံးမှုမသိရှိရသေးပါ။ တိုက်ပွဲနောက်ဆက်တွဲသတင်းအားဆက်လက်တင်ပြသွားပါမည်။
ကွတ်ခိုင်မြို့နယ် အတွင်းတွင် လှုပ်ရှားနေသော တအာင်းတပ်မတော်(TNLA) ၊ KIA ၊ MNDAA(ကိုးကန့်တပ်မတော်) ပူးပေါင်းတပ်ဖွဲ့တို့အား မြန်မာ့တပ်မတော်မှ လိုက်လံတိုက်ခိုက်ခြင်း၊ လမ်းကြောင်းလိုက်လံပိတ်ဆို့မှု ပြုလုပ်နေခြင်းကြောင့် တိုက်ပွဲဖြစ်ပွား ရခြင်းဖြစ်သည်။
သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA
၀၉၄၉၃၁၄၉၅၁၊ ၀၉၄၇၀၉၇၇၇၂၊ ၀၉၂၅၆၄၆၅၆၈၁၊ ၀၆၉၂၆၂၂၄၈၅၈