ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက် သဘောထားထုတ်ပြန်ချက် အမှတ် (၂/၂၀၁၄)

ရခိုင်ပြည်နယ် ၀န်ကြီးချုပ်သစ် ရွေးချယ်ခန့်အပ်ပေးမည့်ကိစ္စနှင့် ပတ်သက်၍ ရခိုင်အမျိုးသားပါတီ၏ သဘောထားထုတ်ပြန်ချက်

သဘောထားထုတ်ပြန်ချက် အမှတ် (၂/၂၀၁၄)

နေ့စွဲ – ၂၃ ဇွန်လ ၂၀၁၄

===========

10410627_809566349062941_5566833566756299106_n

၂၀၁၄-ခုနှစ် ဇွန်လ (၁၉) ရက်နေ့စွဲပါ နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် (၁၃/၂၀၁၄) အရ ဦးလှမောင်တင်အား ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ရာထူးနေရာမှ ၄င်း၏ သဘောဆန္ဒအလျောက် နှုတ်ထွက်ခွင့်ပြု လိုက်ကြောင်းသိရသည်။

ဦးလှမောင်တင်သည် ရခိုင်ပြည်နယ် အမ်းမြို့နယ် (၁) မှ ရွေးချယ်တင်မြှောက်ခြင်း ခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်ပြီး၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ပြည်နယ်လွှတ်တော်၏ သဘောတူညီချက်ကို ရယူ၍ ခန့်အပ်တာဝန်ပေးခံရသော ၀န်ကြီးချုပ်ဖြစ်သည်။

ရခိုင်ပြည်နယ်လွှတ်တော်တွင် လွှတ်တော်ကိုယ်စားလှယ်နေရာ အများဆုံးရထားသည့် ရခိုင်အမျိုးသားပါတီ သည် ရခိုင်ပြည်နယ်အတွင်း ရခိုင်တိုင်းရင်းသားများအား ကိုယ်စားပြုသည့် အမျိုးသားပါတီ ဖြစ်သည့်အလျောက်၊ လစ်လပ်သွားသော ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ရာထူးနေရာအား ရွေးချယ်ခန့်အပ်ခြင်း နှင့် ပတ်သက်၍ သဘောထားကို အောက်ပါအတိုင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

၁။ အသစ်ခန့်အပ်တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် သည် ရခိုင်တိုင်းရင်းသားတစ်ဦး ဖြစ်ရမည်။

၂။ အသစ်ခန့်အပ်တာဝန်ပေးမည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သည် ရွေးချယ်တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များထဲမှသာလျှင် ဖြစ်ရမည်။

၃။ ဒီမိုကရေစီ၏ အနှစ်သာရများ နှင့် ညီညွတ်အောင် ကျင့်သုံးမည် ဆိုပါက ရခိုင်ပြည်နယ်လွှတ်တော်အတွင်း ကိုယ်စားလှယ်နေရာ အများဆုံးရရှိထားသည့် ရခိုင်အမျိုးသားပါတီမှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် တစ်ဦးဦးကို ရခိုင်ပြည်နယ် ၀န်ကြီးချုပ် အဖြစ် တင်မြှောက်ခန့်အပ်သင့်သည်။
ဗဟိုအလုပ်အမှုဆောင်ကော်မီတီ
ရခိုင်အမျိုးသားပါတီ

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s