#MYANMAR #BURMA ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် #RSO သောင်းကျန်းသူ

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်သောင်းကျန်းသူများနှင့် တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများပြုလုပ်နေ
————-
မောင်တော၊ မေ (၃၀) ရက်
ယခုလအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် RSO သောင်းကျန်းသူ လက်နက်ကိုင်များနှင့် နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များအကြား မကြာခဏတိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျဆုံးမှုများ ဖြစ်ပေါ်လျှက်ရှိရာ မေလ (၂၈) ရက်နေ့က မိုင်တိုင် (၅၂)နှင့် (၅၃)ကြား သောင်းကျန်းသူ လက်နက်ကိုင်များနှင့် မြန်မာနယ်စပ်လုံခြုံရေးတပ်များအကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲကြောင့် နှစ်ဖက်နယ်စပ်အခြေအနေမှာ တင်းမာမှု ရှိနေပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ စစ်ရေးပြင်ဆင်မှုများကို ပြုလုပ်နေကြောင်း သတင်းများအရ သိရသည်။
တဖက်နိုင်ငံခိုင်လုံသော သတင်းရပ်ကွက်များမှ လာသည့်သတင်းများအရ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ် (BGB) တပ်ရင်းသို့ တင့်ကား (၆)စီး၊ တာပေါ်လင်အမဲအလုံပိတ်ထားသော ဆယ်ဘီးကား (၃)စီး၊ တပ်အင်အား (၅၀၀)ကျော်မှာ ဘင်္ဂလားဒေ့ရှ်ဖက်ကမ်း နယ်စပ်သို့ ရောက်ရှိနေကြောင်း၊ ဘင်္ဂလားဒေ့ရှ် စစ်တပ်မှ လည်း နယ်စပ်တစ်လျှောက် တပ်စွဲထာကြောင်း သိရသည်။
မေလ (၂၈) ရက်နေ့က မြန်မာနယ်စပ်ဖက်သို့ ၀င်ရောက်လာသည့် အ၀ါရောင် ပြောက်ကျားဝတ် သောင်းကျန်းသူ လက်နက်ကိုင် တစ်ဦးသေဆုံးခဲ့မှုနှင့် ပတ်သက်၍ နှစ်နိုင်ငံမှ ကန့်ကွက်စာများကို အပြန်အလှန် ပေးပို့ခဲ့ပြီး သေဆုံးခြင်းဖြစ်စဉ်နှင့်အတူ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့ဝင် တစ်ဦးမှာလည်း ပျောက်ဆုံးနေကြောင်း၊ သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်နိုင်ကြောင်း၊ အဆိုပါ BGB တပ်ဖွဲ့ဝင်ပျောက်ဆုံးနေမှုနှင့် အသက်ရှင်လျှက်ရှိပါက ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်သို့ ပြန်လည်လွှဲပြောင်းပေးရန် တောင်းဆိုထားကြောင်း ဖော်ပြထားသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ဘင်္ဂလာဒေ့ရှ် ကော့ပဇားသတင်းစာတွင် သေဆုံးသူမှာ BGB တပ်ဖွဲ့ဝင်ဖြစ်သည်ဟု ဖော်ပြထားကြောင်း ဆိုသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ယခုကဲ့သို့ ပြောကြားခြင်း၊ စစ်ရေးပြင်ဆင်ခြင်းနှင့် ပတ်သက်၍ မြန်မာနယ်စပ်လုံခြုံရေးမှ တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုးမရှိသေးကြောင်း သတင်းရရှိသည်။ အလားတူ ဘင်္ဂလားဒေ့ရှ်နယ်စပ်တလျှောက်တွင်လည်း ကင်းစခန်း (၁၂)ခုကို တိုးချဲ့တည်ဆောက်နေကြောင်း သိရသည်။

Western Gate Guard

10354888_798962200116356_1923751225613212515_n10367173_798962286783014_3816310893427215103_n

ဘင်္ဂလားဒေ့ရှ်ဖက်မှ တောင်းသည့် အလောင်း လွှဲပြောင်းပေးချိန် လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ ၀င်ရောက်ပစ်ခတ်မှုကြောင့် နယ်စပ်ပစ်ခတ်မှုဖြစ်ပွားခဲ့
—————–့
မောင်တော၊ မေ (၃၀) ရက်
မေလ (၂၈) ရက်နေ့က မြန်မာပိုင် နယ်စပ်ခြံစည်းရိုးသို့ ဖြတ်ကျော်ဝင်ရာက်လာသော RSO သောာင်းကျန်းသူ (၁)ဦးအား မြန်မာဖက်မှ ခုခံပစ်ခတ်မှုကြောင့် သေဆုံးခဲ့မှုအပေါ် တဖက် BGB တပ်ရင်းမှ ထိုသေဆုံးသူမှာ BGB မှ ၄င်းတို့၏ တပ်ဖွဲ့ဝင်ဟု ပြောဆိုကာ တောင်းဆိုမှုကြောင့် မြန်မာနယ်စပ်လုံခြုံရေးတပ်မှ နှစ်နိုင်ငံနယ်စပ်လုပ်ထုံး လုပ်နည်းနှင့်အညီ ယနေ့ ညနေ (၄)နာရီကျော်ခန့်တွင် ပြန်လည်လွှဲပြောင်းပေးရန် သွားရောက်စဉ် နယ်စပ်အနီး အမည်မသိ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့မှ ၀င်ရောက်ပစ်ခတ်မှုကြောင့် မြန်မာနယ်စပ်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် BGB တပ်ဖွဲ့ဝင်များအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားခဲ့သော်လည်း လွှဲပြောင်ပေးမည့် အလောင်းကို ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့် တပ်မှ လက်ခံရရှိသွားပြီဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်မီဒီယာများတွင် ဖော်ပြထားချက်အရ သိရသည်။

Western Gate Guard

10404442_799040930108483_3079152222644608366_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s