၁၉၇မိုင်မှာ ရာဇာမင်းကား မှောက်ခြင်းအတွက်ရာစိုးမင်းလွင်ပို့လာတာပါသေသူများသလို မျောနေသူ မသေသေးသူများနဲ့မနိင်အောင်ဖြစ်နေပါတယ်တဲ့နီးစပ်ရာကူညီပေစေလိုပါတယ်
ယနေ့ည ၇း၁၅ တွင် နေပြည်တော် ရန်ကုန် ရာဇာမင်း ကားသည် မိုင်တိုင် ၁၉၇ ဂုံးတောင်တံတားတွင် တံတားပေါ်မှ အောက်သို့ကျကာ တိမ်းမှောက်ခဲ့ပါသည်။ ယခု အချိန်ထိ သေဆုံးသူ ၁၇ ယောက် ရှိသွားပြီလို့ သတင်းရရှိပါသည်။ နေပြည်တော်အမြန်လမ်းတွင် ယာဉ်တိမ်းမှောက်ခြင်းကြောင့် သေဆုံးမှုအများဆုံး ရာဇာမင်းကားပါပဲိ — photos::Ko Ko Oo၁၂-၅-၂၀၁၄) ရက်နေ့ ညနေ(၆း၄၅)နာရီအချိန့်တွင် ရန်ကုန်-မန္တလေးအမြန်လမ်း အပြန်လမ်း မိုင် ၁၉၇/၆-၁၉၇/၇ ကြားတွင် – Express မော်တော်ယာဉ် (ရာဇာမင်း နေပြည်တော်-ရန်ကုန် ယာဉ်လိုင်း)၊ ယာဉ်အမှတ် – ၅ဆ/၁၅၂၇၊ ယာဉ်မောင်း ဦးမင်းထက် မောင်းနှင်လာသောယာဉ်သည် လေပြင်းတိုက်၍ မိုးသည်းထန်စွာ ရွာသွန်းစဉ် ရှေ့မှမောင်းနှင်နေသော ယာဉ်ငယ်အား ကျော်တက်ရာမှ အရှိန်မထိန်းနိုင်ဘဲ တံတားအောက်သို့ ပြုတ်ကျတိမ်းမှောက်သွားသော ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ပါသည်။
အဆိုပါယာဉ်ပေါ်တွင် ယာဉ်မောင်းအပါအ၀င် စုစုပေါင်း (၄၄)ဦး လိုက်ပါလာခဲ့ရာ အခင်းဖြစ်နေရာတွင် (၁၃)ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများအား အမြန်လမ်းမီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်နှင့် အမြန်လမ်းရဲတပ်ဖွဲ့တပ်ဖွဲ့ဝင်များ အမြန်လမ်းပြုပြင်ထိန်းသိမ်းရေးအဖွဲ့ လမ်းပိုင်းတာဝန်ခံအင်ဂျင်နီယာအဖွဲ့များမှ အမြန်ဆုံးသွားရောက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီး နေပြည်တော် ကုတင်(၁၀၀၀) ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ပါသည်။