#BURMA #MYANMAR #ကချင်လွပ်မြောက်ရေးတပ်မတော်လို့ အမည်ခံထားတဲ့ #KIA

ကချင်လွပ်မြောက်ရေးတပ်မတော်လို့
အမည်ခံထားတဲ့KIA

 

10153109_232178800313960_5303130106529214154_n
တစ်ကယ်တန်းတော့ ကချင်လူမျိုးကနည်း
ပါတယ် အများစုက ရှမ်းနဲ့ရခိုင်တိုင်းရင်းသား
တွေများပါတယ်
ခေါင်းဆောင်ပိုင်းကတော့ ကချင်လူမျိုး
တွေပေါ့ဗျာ ကျောက်တူးဖို့တက်လာတဲ့
လူတွေရယ် ရှမ်းရွာတွေက လူတွေကို
ခြိမ်းခြောက်လူသစ်စုပြီးKIAထဲ
သွင်းထားတာများပါတယ် သူတို့ကတော့
အောက်ခြေသိမ်းလုပ်ရတာပေါ့ဗျာ
ပြီးခဲ့တဲ့စစ်ဆင်ရေး ၇၇၁၊၁၀၁၂၊တိုက်ပွဲတွေမှာ
အသေရတဲ့သူတွေအတော်များများက
ရှမ်းနဲ့ရခိုင် တိုင်းရင်းသားတွေများပါတယ်
ဗမာနဲ့ကချင်တွေအနည်းစုတော့ ပါပါတယ်
ကချင်စိတ်ဓါတ်ကို အဲဒီမှာ ကျွန်တော်
ကောင်းကောင်းကြီးသိလိုက်တာပါပဲ
ကေအိုင်အေခေါင်းဆောင်ပိုင်းနဲ့ကချင်
အတော်များများကတော့
လေယာဉ်ဗုံးဒဏ် လက်နက်ကြီးဒဏ်
မခံနိုင်တော့လို့ ကားနဲ့လိုင်ဇာကို ဆင်းပြေးကျ
ပါတယ်.လက်ထိပ်တန်းလန်းနဲ့ဆေးကြောင်
ပြီး ပစ်ကျင်းထဲမှာ အော်ဟစ်နေတဲ့သူနဲ့
ပြေးမရလို့ကျည်ကုန်တဲ့ထိ ခံပစ်နေတဲ့
သူနဲ့ ဒဏ်ရာရလို့အော်ဟစ်နေတဲ့သူနဲ့
ကျန်နေခဲ့တာကအောက်ခြေသိမ်းလုပ်ရတဲ့
ကချင်မဟုတ်တဲ့ KIA တပ်သားတွေပါ
အရှင်မိတဲ့သူတွေလဲရှိပါတယ်
တက္ကသိုလ်မှာ ချစ်ကြိုက်ပြီး ချစ်သူမချော
ကခေါ်လို့မြစ်ကြီးနားကိုလိုက်ခဲ့တာ
ဟိုရောက်မှချစ်သူကကေအိုင်အေထဲသွင်းပြီး
ခြံစည်းရိုးနှစ်ထပ် နဲ့မိုင်ကွင်းကြားအသေခံ
တပ်သားဘ၀ရောက်တဲ့သူတစ်ယောက်လဲ
ပါသေးတယ်ဗျာ..

ခုကျွန်တော်နေတဲ့စခန်းနဲ့ကပ်လျှက်
ကေအိုင်အေစခန်း မီတာ၁၅၀တောင်မကွာပါဘူး
အကုန်ရခိုင်တွေကြီးပဲ..သူတို့တွေဘာလုပ်နေသလဲ.
မိုးလင်းတာနဲ့ အစောင့်လောက်ပဲချန်ပြီး
ငှက်ပျောခင်းကိုဆင်းတယ်. အဲဒီမှာအလုပ်လုပ်တစ်နေကုန်ပါပဲ..
ညနေမိုးချုပ်မှပြန်လာ အလှည့်ကျကင်းစောင့်ပေါ့ဗျာ..
ငှက်ပျောသီးတွေကိုတော ကချင်
သူဌေးကကားနဲ့လာခူးပြီး တရုတ်ကြီးကို
ရောင်းပေါ့ ညတိုင်းငိုသံကြားရပါတယ်
လစာဆိုတာနိုး ဆန်ပေးမယ် အသားကတော့
ရှာစားပဲ ငါးမိုင်းခွဲ၇င်ငါးစားရမယ်
ထောင်ထားတဲ့မိုင်း သားကောင်တိုက်ရင်
အသားစားရမယ် အရင်ကတော့သစ်မှောင်
ခိုတို့ ဘာတို့ညာတို့က ပိုက်ဆံရမှာပေါ့ဗျာ
ခုကတော့လွယ်တော့ဘူးလေ
ထွက်ပြေးဖို့ကလဲ ရှေ့မှာမိုင်းကွင်းနဲ့မြန်မာ့
တပ်မတော် နောက်မှာက KIA .. ပြေးစရာ
မြေမရှိတော့လည်း ခိုင်းသမျှလုပ်ကျတာပေါ့ဗျာ
ကျနော်တို့လည်း ငြိမ်းချမ်းပါစေဆုတောင်း
ပါတယ်.

ကျွန်တော်ဝါဒဖြန့်နေတာ
မဟုတ်ပါဘူး.အမှန်ကိုသိစေချင်တာပါ cr. Tear Lessz

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s