BURMA MYANMAR : ခရီးသွားမိဘပြည်သူများထံ အဓမ္မငွေကြေးကောက်ခံနေသည့် မြန်မာအစိုးရတပ် ထိန်ကံစခန်း

ခရီးသွားမိဘပြည်သူများထံ အဓမ္မငွေကြေးကောက်ခံနေသည့် မြန်မာအစိုးရတပ် ထိန်ကံစခန်း
ကို တအန်းတပ်က ဝင်ရောက်ပစ်ခတ် မြန်မာ အနဲဆုံး ၆ ဦးကျ

 

TNLA

၂၅ ရက် ဧပြီလ ၂၀၁၄ ခုနှစ်

တအန်းဒေသ၊ နမ့်ခမ်းမြို့နယ်၊ လွယ်ချက်ကျေးရွာ အနီးရှိ မြန်မာစစ်တပ်၏ ထိန်ကံတပ်စခန်းကို တအာင်း တပ်မတော် တပ်ရင်း (၄၇၈) က ယနေ့ ဧပြီ ၂၅ ရက် နံနက်၀၅း၁၀ နာရီမှ ၀၅း၂၅ နာရီ ၀င်ရောက်ပစ်ခတ်ရာ မြန်မာတပ်ဖွဲ့ အနဲဆုံး ၆ ဦးကျဆုံးပြီး ထိခိုက်ဒါဏ်ရာရရှိ ခဲ့ကြသည်။

မန်ချက်(လွယ်ချက်) ကျေးရွာ ဂစ်ပိုက်လိုင်းဖြစ်သန်းရာလမ်းမပေါ်ရှိ လက်ဖက်စက်ရုံအားသိမ်းပြီး စစ်စခန်းလုပ်ထားသည့် ထိန်ကံတပ်စခန်းတွင် စကခ ၁၆ လက်အောက်ခံတပ်များ အခြေချစောင့်ဆိုင်း နေပြီး ကား၊ ထော်လာဂျီဖြင့် ခရီးသွားပြည်သူများထံ အတင်းအဓမ္မငွေးကြေးကောက်ခံလျှက်ရှိသည်။

မိုင်းဝီးဖက်မှ မီးသွေးတင်ဆောင်လာသည့် ကားသမား ၃ ဦးမှာ ထိုစခန်းတွင် မြန်မာတပ်ဖွဲ့များနှင့် အတူ မူးယစ်ဆေးဝါးသုံးစွဲပြီး ညအိပ်နားသဖြင့် ပစ်ခတ်မှုကြောင့် ထိခိုက်ဒါဏ်ရာရခဲ့ကြသည်။ ဒါဏ်ရာပြင်းထန်မှု မရှိဟု သိရှိရသည်။

ထိုကဲ့သို့ပစ်ခတ်ပြီးနောက် မန်ပန်ရွာ ပြည်သူ့စစ်စခန်းကို နံက် ၀၆း၃၀ နာရီခန့်တွင် ဝင်ရောက်စီးနင်း ရာ M-22 သေနတ် ၈ လက်၊ ကာဘိုင် ၁ လက်နှင့် ပစ္စတို တလက် နှင့် မူးယစ်ဆေးဝါးအနည်းငယ် သိမ်းဆည်းရမိခဲ့သည်။

ပြီးခဲ့သည့် အေပြီ ၂၃ ရက်နေ့တွင် ပန်ဆေးမှ မူးယစ်ဆေးဝါးဝယ်ပြီး ပြန်လာသည့် တရုတ်လူမျိုးတဦးကို မြန်မာစစ်ကြောင်းက ဖမ်းဆီးပစ်သတ်ခဲ့သေးသည်။

ရမခ တိုင်းသည် ထိုဒေသရှိကျေးရွာများအား ပြည်သူ့စစ်ဖွဲ့ကာ လက်နက်တပ်ဆင်ပေးထားသည်။ ထိုပြည်သူ့စစ်များသည် ပန်ဆေးကျော်မြင့်ပြည်သူ့စစ်မှ ခွဲထွက်လာသည့် တရုတ်လူမျိုး အိုက်ဆမ် ဦးဆောင်သည့် နမ့်ခမ်း-မြို့မ ပြည်သူ့စစ်နှင့် တွဲဖက်လှုပ်ရှားကြသည်။

ထိုဒေသရှိ ကျေးရွာများ၏ပြည်သူ့စစ်တပ်ဖွဲ့များကို မြို့မပြည်သူ့စစ်မှ ပါဂျယ်ရိုးကားတစီးစီ ပေးထားပြီး မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်ကြသဖြင့် ဒေသခံပြည်သူများက တအန်းတပ်မတော်ထံ တိုင်ကြားစာများပေးပို့သဖြင့် ဝင်ရောက်စီးနင်းခြင်းဖြစ်သည်။
တိုက်ပွဲတွင် တအန်းတပ်မတော် ဘက်မှ ထိခိုက်ကျဆုံးမှုမရှိပါ။

သတင်းနှင့်ပြန်ကြားရေးဌာန
PSLF/TNLA

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s