#BURMA #MYANMAR #ဆိုးဝါးလာ နေသော #KIA နယ်မြေမှ စစ်ရေး အခြေ = အနေနှင့် အမေရိကန် သဘောထား

ဆိုးဝါးလာ နေသော KIA နယ်မြေမှ စစ်ရေး အခြေ
==========================
အနေနှင့် အမေရိကန် သဘောထား
===================
(ရွှေဟင်္သာ)
အစိုးရ တပ်များသည် ယနေ့ နံက် (၆) နာရီအချိန် တွင် ကချင်ပြည် နယ်ဗန်းမော် ခရိုင် မိုးမောက်မြို့နယ် အထက်ပိုင်း ရှိခ၀မ်ဘမ်ကျေး ရွာအနီး တွင် ရှိသော ကချင် လွတ်လပ်ရေး တပ်မတော် (KIA) ဒဂေါ်စခန်း အား အင်အား အလုံး အရင်းဖြင့် ၀င်ရောက် တိုက်ခိုက် ခဲ့ရာနေ့ လည် (၁၂)နာရီ အထိ ပစ်ခတ် မှုပြင်းထန်နေ ကြ ဆဲဟု KIA ဌာနချုပ်မှ ဆိုပါသည်။

“ တိုက်ပွဲတွေ ကတပ်ရင်း (၂၇) ချည်းဘဲမဟုတ် ဘူး။မိုးမောက် ဖက်မှာလ ည်း တပ်တွေလှုပ် ရှားလာနေ တယ်။ ဒီတော့ ခွင့်မပြု တဲ့နယ် ကိုကျော်ရင်တော့ တိုက် ရ မှာဘဲလေ။ ဒါကြောင့် ယမာန်နေ့က သူတို့ စစ်ယာဉ်တန်း တွေကိုဖေါက် ခွဲလိုက် ပါတယ်။ အဲဒါနဲ့ ဒီနေ့မနက် မှာခ၀မ်ဘမ် ကိုလာ တိုက်တဲ့ ပုံစံပါဘဲ” ဟုဆိုပါ သည်။

အသေးစိပ် အခြေ အနေကို မပြောနိုင် သေးသော် လည်း အစိုးရ တပ်များ သည် KIA တပ်မဟာ (၃) နယ်မြေကို လည်းအ ပြင်းအထန် ထိုးစစ် ဆင်နေပြီး စစ်ကူ များလည်း ပိုများလာနေကြောင်း ဆိုပါသည်။ ဤအခြေ အနေကြောင့် KIA တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီ (၁၃) ရက်နေ့  မနက် (၈) ခွဲအချိန် တွင် KIA တပ်ရင်း (၂၇) ဖက်သို့ စစ်ကူပို့ရန် စစ်ကား (၅)စီး နှင့် တက်လာ သော တပ်မ(၈၈) လက်အောက် ခံခမရ(၆ရ၆) စစ်ကြောင်း များ အားခါ ၀မ်ဘမ် -လော့ဒန် -ကျောက် စခန်း ကြား တွင်ရှေ့ ထွက်မိုင်း များ ဖြင့် တိုက်ခိုက်ခဲ့ သည်ဟု ဆိုပါသည်။

အဆိုပါ အယ်ဗါမိုင်း ဒဏ်ကြောင့် စစ်ကား တစ်စီး မီးလောင် ပြီး အခြားတစီး လည်း ကြေမွ ခဲ့ကြောင်း ၊ ဤသို့ ကြောင့် (၁၀) ဦးထက် မနဲသေ ဆုံးပြီး (၄၀)ခန့် ထိခိုက် ဒါဏ်ရာရ ခဲ့ကြောင်း၊ ပြင်းထန်သည့် ဒါဏ်ရာ နှင့် ထွက်ပြေး လာ သည့် ရဲဘော်တဦး ကိုဖမ်းမိ သော်လည်း ဒါဏ်ရာကြောင့် သေဆုံးခဲ့ သည်ဟုဆိုပါ သည်။

ထို့အပြင် တပ်မဟာ (၃) တပ်ရင်း (၂၇) နယ်မြေမှ ဒဏ်ရာရ စစ်သည်များ ကိုလည်း မပို့နိုင်သေးကြောင်း၊ ထိခိုက် မှုများ ဖွယ်ရှိနေ သည်ဟု KIA ဖက်မှ ဆိုပါ သည်။ အစိုးရ တပ်များ သည် KIA စခန်းရှိ ရာကို ထိုးစစ်ဆင် သည့်စစ် ဆင်ရေး မျိုးဖြစ် စစ်ဆင်သည့် အတွက် ၄င်းတို့သည်စ ခန်းမရောက် မီမိုင်းကွင်း ကိုအ လျှင်ဖြတ် ရသည့် အတွက်ဖြစ် သည်ဟု ဆိုပါသည်။ ဤသို့ကြောင့် စစ်ကူ အများအပြား ခေါ်ယူနေ ရပြိးတချို့ စစ်ကူများ သည်ရပ်ဝေး အထိခေါ် ယူခဲ့ရပါသည်။

အစိုးရတပ် များ၏ စစ်ကူများ အနက် အင်အား (၁၀၀)ခန့်ရှိသည့် စစ်ကား(၈)စီးသည် ဧပြီ (၁၃)ရက် မနက် (၁၀) နာရီ ခွဲတွင် ဗန်းမော် -လွယ်ဂျယ် လမ်းအတိုင်း မိုးမောက် အထက်ပိုင်းရှိ ခ၀မ်ဘမ် ကျေးရွာ သို့ လည်းကောင်း။ဧပြီ (၁၃) ရက် မနက် (၈)နာရီ တွင် အင်အား (၉၀) ခန့်ရှိသည့် စစ်ကား (၃)စီး သည် ရှမ်ြး ပည် မြောက်ပိုင်း နမ့်ခမ်း မှ KIA တပ်ရင်း (၂၇ )နယ်မြေ မန်ဝိန်းကြီး ဖက် သို့ လည်းကောင်း။

ထို့အတူ ဧပြီ (၁၃)ရက် နေ့ ညနေ (၅)နာရီ တွင် အင်အား (၁၅၀)ခန့် ရှိသည့် စစ်ကား (၅) စီးသည် ဧရာဝတီ မြစ် ကြောင်းမှ ဇက် တင်ယာဉ် ဖြင့် ဗန်းမော် အခြေ စိုက် အမှတ် (၂၁) စစ်ဆင်မှု ကွပ်ကဲရေး ဌာနချုပ် သို့ လည်းကောင်း။ဧပြီ (၁၃)ရက်နေ့ မနက်( ၇)နာရီ တွင်လည်း အင်အား (၂၀၀) ခန့်ရှိသော စစ်ကား (၁၆) စီးသည် ဗန်းမော် ဗျုဟာ ကုန်းမှ ဗန်းမော် မန်ဂျယ် ကိုင်ထိပ်- အောက်ချောင်း ဘက်သို့ လည်းကောင်း။

 

1491651_681766188549361_2658576412928271439_n

ဧပြီ(၁၃)ရက် နေ့ ညနေ (၄)နာရီ ခန့်တွင် အင်းအား (၁၅၀) ခန့် ရှိသည့် စစ်ကား (၇)စီးသည် KIA တပ်မဟာ(၂) မှ တပ်ရင်း (၁၄) ဧရိယာ လ၀ါးယန် ကျေးရွာ ဖက်သို့ရောက်ရှိခဲ့ ကြောင်း KIA ဖက်မှ ဆိုပါသည်။

ဤကဲ့သို့ စစ်ရေး အရ စစ်ကူများ ဖြင့် ထိုးစစ်ဆင် နေချိန်တွင် ပြီးခဲ့သည် ဧပြီလ (၁၀) ရက်နေ့ နေ့လည် တနာရီခွဲခန့် တွင် ဗန်းမော် ခရိုင် ဒေါ့ဖုန်ယန် ကျေးရွာ သူ တ ဦးကို ခမရ (၃၂၀) မှ တပ်သား နှစ်ဦးက မုဒိန်းကျင့် ခဲ့ကြောင်း KIAဖက်ကဆိုပါသည်။

စစ်ဆင်ရေး ကိုလည်း မြေပုံ အညွှန်းထက် (satellite live) ဖြင့်ညွှန် ကြား ခဲ့ကြောင်း ၊ပေါ့ပါးသော လက်နက် ငယ်များ အသုံးပြုပြီးလ က် နက်ကြီးပစ် မှတ်များ ထိရောက် လာကြောင်း ၊ရုတ်တရက် စစ်ဆင်ရေး မျိုးကို ကျင့်သုံးပြီး၊ အင်အား အလုံးအရင်းဖြင့် စခန်းသိမ်း တိုက်ပွဲများ ဆင်နွှဲလာ ခဲ့ကြောင်း ဆိုပါသည်။ ဤနည်း ဗျူဟာ သည် အစ္စရေး နိုင်ငံမှ စစ်ဆင်ရေး မစတင်ခင်က သင်ယူခဲ့ပြီး နေပြည်တော်တွင် စမ်းသပ် လေ့ကျင့်ခဲ့ ပြီးမှ အသုံးပြု ခဲ့သည်ဟု စစ်ရေး အကဲခတ် သူများက ဆိုပါသည်။

ထို့အပြင် သစ်မှောင်ခို သမားများ အား တောရှင်း ခိုင်းထားခြင်း၊ ရဲဘော် များအား စိတ်ကြွဆေး ကျွေးပြီး စစ်ဆင်ခြင်း၊ ပေါ်တာသမား များအား စစ်ဝတ်စုံ ၀တ်ခိုင်း ထားခြင်း။ ကျေးရွာအား မီးရှို့ခြင်း၊ ကျေးရွာထဲ လက်နက်ကြီး ပစ်သွင်း ခြင်း၊ မုဒိန်း ကျင့်ခြင်း၊ ဓါမြ တိုက်ခြင်း ၊ ညှင်းဆဲ သတ်ဖြတ်မှုနှင့် လူထုအား ဒုက္ခသည် ဘ၀ ရောက်စေခြင်း တို့သည် စစ်ဆင်ရေးနှင့် အတူ တပါး တည်းဆောင်ရွက် ခဲ့ကြောင်း ဆိုပါသည်။

ထိုကဲ့သို့ အစိုးရ ဖက်မှ ပြင်း ထန်သော စစ်ရေး လှုပ်ရှား မှုများ ဆင်နွှဲ လာချိန်တွင် အမေရိကန် နိုင်ငံခြား ရေး ဌာန သည် ၄င်းတို့ နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အရာရှိ များ နှင့်၊ လွှတ် တော်အမတ် များအား တွေ့ဆုံရန် ၄င်းအား ဖိတ် ကြား ခဲ့သည်ဟု KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် မှ မီဒီယာသို့ ထုတ်ေ ဖါ် ပြော ဆို ခဲ့ပါသည်။

၎င်းသည်အဖွဲ့ဝင် (၄)ဦးနှင့် အတူပြီးခဲ့ သည့်ဧပြီလ (၁၃) ရက်နေ့တွင် အမေရိကန် ပြည်ထောင် စု ဝါရှင် တန် ဒီ စီ မြို့သို့ ရောက်ရှိ နေပြီး (၁၂) ရက်ကြာ နေ ထိုင်သွားမည် ဖြစ်သလို၊ မြန်မာ့အရေး နှင့် ကချင်ရေးရာ အခြေအနေ များကို တင်ပြ မည်ဟု ဆိုပါသည်။ —

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s