MARCH 21.03.2014 သစ္စာအမဲ့ဆုံးတပ်မတော်…. cr.Kayin LAY
မနက်က အလုပ်သွားရင် ရထားပေါ်မှာ ဖေ့စ်ဘုတ်နယူးစ်ဖိဒ်တွေကိုလိုက်ဖတ်ကြည့်ရင်း စင်္ကာပူကညီလေး ဗမာ့သားကောင်းရေးတဲ့ စစ်သားအကြောင်းဖတ်မိတယ်။ ကွန်မင့်တောင်ပေးထားလိုက်ပါသေးတယ်။တဆ က်တည်းမှာပဲ မြန်မာပြည်က စစ်သားလေးတွေအကြောင်းရေးချင်စိတ်ကပေါ်လာတယ်။ ညနေအလုပ်ပြန်ရင် ရေးချမယ်လို့ လဲ ဆုံဖြတ်ချက်ချလိုက်တယ်။
မကြာခင် တော်လှန်ရေးနေ့ ကိုအသွင်ပြောင်းထားတဲ့ တပ်မတော်နေ့ ဆိုတဲ့ရက်ကလည်းနီးနေပါပြီ။ တပ်မ တော်သားတွေအတွက် ဂုဏ်ယူပေးရမယ့် နေ့ ထူးနေ့ မြတ်တရက်ပါ။ ဒါပေမယ့် ခုခေတ်တပ်မတော်နေ့ က တော့ ကရင်လေး ဘွင်းဘွင်းပဲပြောရင် ဂုဏ်ယူဖို့ နေနေသာသာ ယောင်လို့ တောင် မကြည့်ပါဘူး။ တဘို့  တည်းကြည့်တဲ့  စစ်ဗိုလ်ချုပ်တွေကို ကြည့်ရတာ အကုသိုလ်များလို့ ပါ။
ဒီကနေ့ တပ်မတော်ဟာ တိုင်းပြည်အပေါ်သစ္စာမရှိပါဘူး။ပြည်သူအပေါ်လည်းသစ္စာမရှိပါဘူး။ သည့်ထက် ပိုဆိုးတာက တပ်မတော်သားအချင်းချင်းပေါ်လည်း သစ္စာမရှိ တာဝန်မကျေပါဘူး။ တိုင်းပြည်အပေါ်ဘာလို့  သစ္စာမရှိလည်းဆိုတာကို ဥပမာတခုပေးရရင် တိုင်းပြည်ကပေးအပ်တဲ့ အာဏာကိုအလွှဲသုံးစားလုပ်ပြီး စီးပွားရေးလုပ်ပိုင်ခွင့်တွေလို့ မိမိတို့ မိသားစု ဆွေမျိုးသားချင်းတွေကောင်းစာရေးကိုသာ လုပ်ကြခြင်းဖြစ် ပါတယ်။ တိုင်းပြည်က အမွဲစာရင်ဝင်နေပေမယ့် တပ်မတော်ဗိုလ်ချုပ်တွေ အလွန်ချမ်းသားနေကြပါတယ်။ယနေ့ တပ်မတော်ကို လက်ရှိဗိုလ်ချုပ်တွေဖျက်ဆီးထားပါပြီ။
ပြည်သူအပေါ်သစ္စာမရှိတာကိုပြောရရင် ကရင်လေးပြောရင် ဇာတ်သိပ်မနာပဲဖြစ်နေအုံးမယ်။ မြန်မာတနိုင်ငံ လုံက ပြည်သူတွေသိပါတယ်။ ပြည်သူကျွေးတဲ့ထမင်းဟင်းစားပြီး ပြည်သူကိုပြန်ကိုက်တဲ့အတွက် ခေတ်သစ် မှာနံမည်တလုံးထပ်တိုးလာတာက စစ်ခွေးတဲ့..။မှတ်ကရော။
တပ်မတော်သားအချင်းချင်းအပေါ်မှာ ဘယ်လိုသစ္စာမရှိဘူးလဲဆိုရင်တော့ အဝေမတည့်တဲ့ ဗိုလ်ချုပ်အချင်း ချင်း ဒေါက်ဖြုတ်ခြင်း၊ အမှန်ကိုထောက်ပြတတ်တဲ့ ဗိုလ်တွေကိုနိပ်ကွပ်ပြီး နေရာမပေးခြင်း၊ အောက်လက် ငယ်သားတွေကို မငဲ့ညာ မစာနာတတ်ခြင်းပါ။ တပ်မတော်သားအချင်းချင်းကိုဘယ်လောက်သစ္စာမဲ့သလဲဆို တာနဲ့ ပတ်သက်လို့ ဥပမာပူပူလောလောလေးကိုပြောပြရမှာဖြစ်ပါတယ်။
၁၄…၁၂..၂၀၁၂နေ့ က လိုင်ဇာမရောက်ခင် လဂျားယန်တပ်စခန်းတွေကို တက်ထိုးတဲ့ အစိုးရတပ်သားတွေ တော်တော်များများ ထိခိုက်ဒဏ်ရာသလိ လိုသေကြေကျဆုံးတာလဲအလွန်များပါတယ်။ တရက်လုံးတိုက်ပွဲဖြစ် ပြီး အစိုးရတပ်တွေတပ်စွဲတဲ့ လဂျားယာန်ဘုန်းကြီကျောင်း သိမ်ကျောင်းကို ကျောင်းသားတပ်မတော်က ညပိုင်းဝင်ရောက်သိမ်းပိုက်ရှင်းလင်းတဲ့အခါ အသက်မသေသေးပဲ ဒဏ်ရာရရှိထားတဲ့ အစိုးရတပ်သားတွေ ရော အလောင်းတွေကိုပါ ဖမ်းဆီးသိမ်းဆည်းရပါတယ်။
အဲ့ဒီထဲက အစိုးရစစ်သားတွေကဘာပြောသလဲဆိုရင် ဒဏ်ရာနဲ့ ကြောင့်မထနိုင် ပြန်မလိုက်နိုင်တဲ့အတွက် အထက်က ပစ်သတ်ဖို့ အမိန့် ပေးထားခဲ့တယ်လို့ တိုက်ပွဲဗီဒီယိုမှတ်တမ်းမှာတွေရပါတယ်။ ကဲ..ဘယ် လောက်သစ္စမဲ့လဲ။ ကိုယ်နဲ့ အတူ အသက်ရင်းပြီး အတူတူတိုက်ပွဲဝင်တဲ့ ရဲဘော်ရဲဖက်ကိုမစာမနာပဲ.. မကယ် ထုတ်ပဲ ပစ်သတ်ခိုင်းခဲ့တာ.။ အဲ့ဒီဒဏ်ရာရတဲ့ အောက်ခြေစစ်သားတွေထဲမှာ ဗိုလ်ချုပ်တယောက်ယောက်.. ဗိုလ်မှူးဒါမှာမဟုတ် အရာရှိတယောက်ယောက်ရဲ့ သားတွေပါခဲ့တယ်ဆိုရင် သူတို့ ဒီလိုလုပ်မလား။ ကရင် လေးမထင်ပါ။
ဒီလောက်သစ္စာမဲ့တဲ့ တပ်မတော်…. ဘယ်သူသာဓုခေါ်ချင်လဲ..ကဲပြောကြစမ်းပါ။
ပုံ (၁) ဒဏ်ရာကြောင့်မလိုက်နိုင်လို့ အထက်က ပစ်သတ်မိန့် ပေးခံထားရတဲ့ ရဲဘော်တဦး
ပုံ (၂) တိရိ စ္ဆာန်လိုသေကြေကျဆုံး ဘ၀ရှုံးခဲ့ရတဲ့ ရဲဘော်တဦး
ပုံ (၃) ကျောင်းသားတပ်မတော် (မြောက်ပိုင်း) ရဲဘော်များ အစိုးရတပ်က တပ်စွဲခဲ့တဲ့နေရာကို ၀င်ရောက်သိမ်းပိုက်ရှင်းလင်းနေစဉ်