UPWC NCCT အစည်းအဝေးအောင်မြင်စွာပြီးဆုံး

1002159_10152240328343594_1156575924_n63548_10152240137738594_2093988062_n1545120_10152240096748594_1027153592_n

 

NCCT အဖွဲ့နှင့် တွေ့ဆုံဆွေးနွေး ရန် ၀န်ကြီး ဦးအောင်မင်း
================================
အဖွဲ့ ဇင်းမယ် ရောက်ရှိ
=============
28 January 2014( by ရွှေဟင်္သာ)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် မူချော ရရှိရေး အတွက် ကြိုတင် ညှိနှိုင်း ရန် ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော မြန်မာ့ငြိမ်း ချမ်းရေး စင်တာမှ အရာ ရှိများ သည် ယနေ့ မွန်းလွဲ ပိုင်းတွင် ထိုင်းနိုင်ငံ ဇင်းမယ်မြို့သို့ ရောက်ရှိလာခဲ့ သည်ဟု အဖွဲ့ဝင်တဦး ဖြစ်သူ ဦးညို အုန်းမြင့်က ဆိုပါသည်။ “ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ် အတွက် ကြိုတင်ပြင်ဆင်တဲ့ ညှိနှိုင်း အစည်း အဝေး ကျင်းပ ဖို့ပါဘဲ။ အ သေးစိပ် တော့ မပြောနိုင် သေးပါဘူး။ ကျနော်တို့ အဖွဲ့မှာ (၈)ဦးလောက် ပါလာတယ်။ နက်ဖြန် ဇန္နာဝါရီ (၂၉)ရက်နေ့ မှာ တွေ့ဖို့ တော့ ပြော ထားပါတယ်။ ဇင်းမယ်မှာဘဲ” ဟု ဆိုပါသည်။ ၀န်ကြီးနှင့် အဖွဲ့သည် တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်း များ၏ တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး ဆိုင်ရာ ညှိ နှိုင်းရေး အ ဖွဲ့ (NCCT) နှင့် တွေ့ဆုံ ကြမည် ဖြစ်သည်။ (NCCT) သည် ပြီးခဲ့ သည့် ဇန္နာဝါရီလ (၂၅) ရက်နေ့တွင် ပြီးဆုံး သွားသည့် လောခီးလာ ညီလာခံ မှ ဆုံးဖြတ် ထားသော မူ (၁၁)ချက်ကို အခြေခံပြီး တင်ပြသွား မည်ဟု (NC C T) အဖွဲ့ဝင် တဦးဖြစ်သူ ခွန်ဥက္ကာ မှ ဆိုပါသည်။ ၀န်ကြီးနှင့် အဖွဲ့သည် တနိုင်ငံလုံး အပစ် အခတ် ရပ်စဲရေး စာချုပ် အတွက် မူချောတရပ် ရရှိရန် လာရောက် ညှိနှိုင်း ကြခြင်း ဖြစ်ပြီး (NCCT) သည် လာမည့် ဖေဖေါ်ဝါရီ တတိယ ပါတ်တွင် ကျင်းပမည့် ဖါးအံ ဆွေးနွေးပွဲ မတိုင်ခင် အကြို တွေ့ဆုံခြင်း ဖြစ်ပါသည်။ အစိုးရ ငြိမ်းချမ်း ရေး အရာရှိ တဦးကမူ လာမည့် ဖေဖေါ်ဝါရီ ဆွေးနွေးပွဲ မတိုင်ခင် မူချောတရပ် ညှိနှိုင်း နိုင်ခဲ့ပါက မတ်လတွင် တပြည်လုံးအပစ်အခတ် ရပ်စဲရေးကို နေပြည်တော် တွင် ကျင်းပရန် ရှိသည်ဟု မျှော်မှန်း ထားကြောင်း ဆိုပါသည်။ အစိုးရ၏ ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဌ ၀န်ကြီး ဦးအောင်မင်း နှင့်အတူ ဒုတိယ ရှေ့နေချုပ် ဦးထွန်း ထွန်းဦး၊ ဦးတင်မောင်သန်း၊ ဒေါက်တာ မင်းဇော်ဦး၊ ဒေါက်တာ ဆလိုင်းငွန်း ကျွန်းလျံ၊ ဦးလှ မောင်ရွှေ၊ ဦးညို အုန်းမြင့်၊ ဦးအောင်နိုင်ဦး တို့ လည်း ပါလာခဲ့ပါသည်။ (NCCT) ဖက်မှ ကိုယ်စား လှယ်များမှာ ယခင်ဖွဲ့စည်း ထားသည့် ကိုယ်စားလှယ် များသာ တက်ရောက်ကြ လိမ့်မည် ဖြစ်ပါသည်။ (NCCT)သည် လောခီးလာ ညီလာခံ ၏ မူဘောင် အတိုင်းသာ ရပ်တည် သွားမည် ဖြစ်သဖြင့် ပြေလည်မှု သည် အစိုးရကိုယ် စားလှယ်များ ပေါ်တွင်သာ မူတည် တော့ကြောင်း ခွန်ဥက္ကာမှ ဆိုပါသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s