U WIRA THU : “၁၉၈၂ ဥပဒေ ပြင်ဆင်ရေးနှင့် White Card ဖြင့် ၂၀၁၅ မဲပေးခွင့်ရရေး ကြိုးပမ်းလာမည်ဆိုပါက မ.ဘ.သ အဖွဲ့၏ လှုပ်ရှားမှု ပေါ်ပေါက်လာမည်ဟု ဆရာတော်ဦးဝီရသူပြော”

“၁၉၈၂ ဥပဒေ ပြင်ဆင်ရေးနှင့် White Card ဖြင့် ၂၀၁၅ မဲပေးခွင့်ရရေး ကြိုးပမ်းလာမည်ဆိုပါက မ.ဘ.သ အဖွဲ့၏ လှုပ်ရှားမှု ပေါ်ပေါက်လာမည်ဟု ဆရာတော်ဦးဝီရသူပြော”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
၁၉၈၂ နိုင်ငံသားပြုခွင့်ဥပဒေ ပြင်ဆင်ရေးနှင့် လာမည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြုနိုင်ငံသားကတ် (White Card) ဖြင့် မဲပေးခွင့်ရရှိရေး ကြိုးပမ်းလာမည်ဆိုပါက မြန်မာနိုင်ငံ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့(မ.ဘ.သ)၏ လှုပ်ရှားမှုများပေါ်ပေါက်လာမည်ဖြစ်ကြောင်း ဇန်နဝါရီလ(၂၇)ရက်နေ့ မွန်းလွဲ(၁)နာရီက မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဆရာတော် ဦးဝီရသူက မီဒီယာများ သို့မိန့်ကြားသည်။
“၁၉၈၂ နိုင်ငံသားဥပဒေကို ပြင်ဆင်ဖို့ ကြိုးပမ်းလာပြီဆိုရင် ဦးပဉ္စင်းတို့ မ.ဘ.သ အဖွဲ့ပေါ်ပေါက်လာပါလိမ့် မယ်။ ဒီအတိုင်းပဲ White Card တွေဘာတွေနဲ့ ၂၀၁၅ မှာ မဲပေးဖို့ကြိုးပမ်းလာကြပြီဆိုရင် ဦးပဉ္စင်းတို့အဖွဲ့ အနေနဲ့ လှုပ်ရှားသွားပါမယ်” ဟု ဆရာတော် ဦးဝီရသူက မိန့်ကြားသည်။
၂၀၁၄ ဇန်နဝါရီလ(၁၅)ရက်နေ့တွင် မန္တလေးမြို့ အတုမရှိ ကျောင်းတော်ကြီး၌ ပြုလုပ်ကျင်းပခဲ့သည့် မန္တလေးတိုင်းဒေသကြီး အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့(မ.ဘ.သ) ခေါ် ဥံသပါလ အဖွဲ့ ဖွဲ့စည်းခြင်းအခမ်းအနားတွင် အတုမရှိသံဃာ့ညီလာခံကြီးမှ မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အကျိုးစီးပွား အတွက် ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားပြုခွင့် ဥပဒေကို ဆက်လက် ကာကွယ်စောင့်ရှောက်သွားရန် ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရာ၌ လတ်တလောအခြေအနေကို မကြည့်ဘဲ နိုင်ငံနှင့် နိုင်ငံသားတို့၏ ရေရှည်အကျိုး စီးပွားကိုသာ ကြည့်ရှုဆောင်ရွက်ရန်၊ တည်ဆဲဥပဒေနှင့်မညီညွတ်သော တိုင်းရင်းသားစာရင်း၌ မပါသည့် လွှတ်တော်ကိုယ်စားလှယ်များကို စီစစ်၍ ဥပဒေနှင့်အညီ ဆောင်ရွက်သွားရန် အပါအဝင် အချက်(၁၀)ချက်ကို တိုက်တွန်း တောင်းဆိုခဲ့သည်။
“လွှတ်တော်ကိုယ်စားလှယ်ဆိုတာက ဥပဒေပြု အမတ်တွေ လွှတ်တော်ဆိုတာက နိုင်ငံရဲ့အသက်ပါ။ အဲဒီတော့ ဥပဒေပြုအမတ်ကိုယ်တိုင်က ဥပဒေနဲ့မညီဘူးဆိုမှတော့ အဲဒီလွှတ်တော်က ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော် ဖြစ်လာနိုင်ပါ့မလား။ ဒီတော့ ဥပဒေနဲ့ ညီညွတ်ပြီးတော့ ဂုဏ်သိက္ခာရှိတဲ့ လွှတ်တော်ဖြစ်ဖို့အတွက် ဦးပဉ္စင်းတို့ က တိုက်တွန်းထားပါတယ်” ဟု သီတဂူအရှင်ဒေဝိန္ဒာဘိဝံသ(စစ်ကိုင်းတောင်ရိုး)က မိန့်ကြားသည်။
ဒီမိုကရေစီစနစ်နှင့် လူ့အခွင့်အရေးတွင် နိုင်ငံအများမှ စံထားကြရသည့် အမေရိကန်နိုင်ငံတွင်ပင် အမြဲနေထိုင်ခွင့် နိုင်ငံသားကတ် (Green Card) ကိုင်ဆောင်ထားသူများသည် နိုင်ငံအတွင်း အမြဲနေထိုင်ခွင့် ရထားသော်လည်း မဲပေးပိုင်ခွင့်မရှိကြောင်း၊ ဂျပန်နိုင်ငံတွင် ကိုလိုနီခေတ်ကတည်းက နေထိုင်ခဲ့ကြသည့် အမြဲတမ်းနေထိုင်ခွင့်ရ ကိုရီးယားနိုင်ငံသားများသည်လည်း ယနေ့အချိန်အထိ ဆန္ဒမဲပေးပိုင်ခွင့် မရရှိကြကြောင်း ထို့အတွက် မြန်မာနိုင်ငံအတွင်းရှိ ယာယီမှတ်ပုံတင်ကတ်ကိုင်ဆောင်ထားသူများကို ၂၀၁၅ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့် မပြုရေးအတွက် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ တိုက်တွန်းထားရခြင်းဖြစ် ကြောင်း သီတဂူအရှင်ဒေဝိန္ဒာဘိဝံသက ဆက်လက်မိန့်ကြားသည်။
အဆိုပါအဖွဲ့ကြီးကို မန္တလေးတိုင်းဒေသကြီးအတွင်း ကဏ္ဍအလိုက် ဦးဆောင်သံဃာတော်(၄၂၆) ပါးဖြင့် ဖွဲ့စည်းထားပြီး မြန်မာနိုင်ငံအတွင်း အမျိုးသမီးများ အကြမ်းဖက်ခံရပါက လူမျိုး ဘာသာ မခွဲခြားဘဲ ကူညီစောင့်ရှောက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိ အမျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ ဆန္ဒမဲ ကောက်ခံရာ၌ ထောက်ခံဆန္ဒမဲ လေးသန်းကျော် ရရှိထားပြီး သုံးသန်းမှာ လွှတ်တော်သို့ တင်ပြထားပြီးဖြစ်ကာ ကျန်ရှိနေသေးသော ဆန္ဒမဲတစ်သန်းကျော်ကို မကြာမီ လွှတ်တော်သို့ တင်ပြသွားမည်ဖြစ်ကြောင်း ဆရာတော်ဦးဝီရသူ၏ မိန့်ကြားချက်အရ သိရသည်။
MDN

10197_395590900584424_1753796710_n1743616_395590897251091_412600973_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s