MOI Webportal Myanmar BURMA : ရခိုင်ပြည်နယ်တွင်ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်စဉ်သတင်းများနှင့်

MOI Webportal Myanmar::::::::

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်စဉ်သတင်းများနှင့်
ပတ်သက်၍ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ်များအား ရှင်းလင်းဆွေးနွေးပွဲကျင်းပ
==========

 

1622187_202281949970312_1212375256_n149328_202281969970310_86109814_n67864_202282059970301_1669290479_n

ရန်ကုန် ဇန်နဝါရီ ၂၈

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားပေါ်ပေါက်ခဲ့သော ဖြစ်စဉ်သတင်း များနှင့်ပတ်သက် ၍ ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန် များ၊ ကုလသမဂ္ဂအဖွဲ့အစည်းများမှ ဌာနေကိုယ်စားလှယ် များအား ရှင်းလင်းဆွေးနွေး ပွဲကို ယနေ့ ညနေ(၃) နာရီတွင် ရန်ကုန်မြို့ ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်း ရာဇာခန်းမ၌ ကျင်းပသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲထွဋ်၊ လူဝင်မှုကြီးကြပ်ရေး နှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ကျော်ဝင်း၊ ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်ဇော်ဝင်း၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့်သံတမန်များ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများမှ ဌာနေ ကိုယ်စားလှယ်များ၊ ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင်၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့တို့မှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ပြည်တွင်း ပြည်ပသတင်းဌာနများမှ တာဝန်ခံများနှင့် သတင်းထောက်များ တက်ရောက် ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဍမောင်လွင်က ဒူချီးရားတန်း ရွာဖြစ်စဉ်နင့် ပတ်သက်ပြီး ရှင်းလင်း ပြောကြားရာတွင် ဒူချီးရားတန်းဖြစ် စဉ်နှင့်ပတ်သက်၍ သတင်းအချက် အလက်မှန်များကို သိရှိနိုင်ရန်အတွက် ဇန်နဝါရီလ (၂၃)ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများ တွင် ဖော်ပြပြီးဖြစ် သကဲ့သို့ နိုင်ငံခြားရေး ဝန်ကြီးဌာနမှလည်း ဇန်နဝါရီလ(၂၄) ရက်နေ့တွင် သတင်းထုတ်ပြန်ချက် တစ်စောင်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ သို့ရာတွင် နိုင်ငံတကာ သတင်းဌာန အချို့နှင့် အဖွဲ့အစည်းအချို့က သတင်းအရင်းအမြစ် မခိုင်မာသည့် သတင်းအချက်အလက်များ ယုတ္တိမတန်သည့် အယူအဆများကို ဆက်လက်ထုတ် လွှင့် နေသည် ကို တွေ့ရှိရကြောင်း၊ နိုင်ငံတကာ သတင်းအဖွဲ့ အစည်းများအနေဖြင့် သတင်းအချက်အလက်များ ထုတ်ပြန်ရာတွင် တိကျမှန် ကန်မှုနှင့် ယုံကြည်စိတ်ချမှုကို ခိုင်ခိုင်မာမာဆန်းစစ်ရန် လိုအပ်ကြောင်း၊ ထို့ပြင် ကုလသမဂ္ဂ အဖွဲ့အစည်း များအနေဖြင့် ၂၀၁၁ခုနှစ် ဒီဇင်ဘာ (၉)ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကုလသမဂ္ဂအထွေထွေ ညီလာခံဆုံးဖြတ်ချက် (A/ RES/ 66/81 A-B) ကို အလေးဂရုပြုရန် လိုအပ်ပါကြောင်း၊ အဆိုပါဆုံးဖြတ်ချက်တွင် ကုလသမဂ္ဂအေဂျင်စီများမှ အများပြည်သူသို့ သတင်းများ ထုတ်ပြန် ရာတွင် တိကျမှန်ကန်ရန် ၊ ဓမ္မဓိဌာန်ကျရန် ၊ ဘက်လိုက်မှုမရှိရန် အလေးအနက် ဖော်ပြ ထားပါ ကြောင်း။

ဒူချီးရားတန်းရွာဖြစ်စဉ်နှင့် ပတ်သက်ပြီး လွတ်လပ်စွာစုံစမ်း စစ်ဆေးရန် အတွက် နိုင်ငံတော် သမ္မတက ညွှန်ကြားထားပြီး ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင် အထည်ဖော်ရေးဗဟိုကော်မတီက စုံစမ်းစစ်ဆေးရေး အဖွဲ့တစ်ဖွဲ့စေ လွှတ်မည်ဖြစ်ကြောင်း၊ ရခိုင်ပဋိပက္ခစုံစမ်း စစ်ဆေးရေးကော်မရှင်ကလည်း ၎င်းဒေသသို့ သွားရောက်စစ်ဆေး ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ကလည်း မောင်တောခရိုင်သို့ သွားရောက် ကွင်းဆင်း စစ်ဆေးရန် စီစဉ်နေကြောင်း။

နိုင်ငံတကာ အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ် များအပေါ် အပြုသဘောဆောင် ပူးပေါင်းဆောင်ရွက်ခြင်း တိုးတက်မှုများကို အသိအမှတ်ပြုခြင်း တို့အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ တချိန်တည်း၌ပင် ရခိုင်ပြည်နယ်အတွင်း လတ်တလော ဖြစ်ပေါ်နေသော ကိစ္စများနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုများ ရှိသည်ကိုလည်း သတိပြုမိ ပါကြောင်း။ ၎င်းစိုးရိမ်ပူပန်မှုများသည် အခြေအမြစ်မရှိသော သတင်းများနှင့် အတည်မပြုနိုင်သော အချက်အလက်များပေါ်တွင် အခြေခံနေ သည် ကို တွေ့ရှိရကြောင်း ၊ ဇန်နဝါရီ (၁၃)ရက် တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်သည် အချို့မီဒီယာများ တွင် ဖော်ပြထား သကဲ့သို့ အခြားသော ဖြစ်ရပ်များနှင့် ဆက်စပ်မနေဘဲ သီးခြားစွာဖြစ်ပေါ်နေ သည်ကို ပြည်နယ်အစိုးရ၏ စုံစမ်းစစ်ဆေးမှုများနှင့် ရခိုင်ပဋိပက္ခ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စစ်ဆေးချက်များအရ သိရှိရကြောင်း ၊ မသေချာသည့် သတင်းအချက်အလက်များအပေါ်တွင် အခြေပြုထားသည့် ထင်မြင်ချက် ယူဆချက်များသည် မိတ်ဆွေများနှင့် လုပ်ဖော်ကိုင်ဖက် များအကြား ရရှိထားပြီးဖြစ်သည့် ပူးပေါင်း ဆောင်ရွက်မှုနှင့် ယုံကြည်မှုများ အပေါ် အကျိုးသက်ရောက်မှုရှိနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကိုက ရခိုင်ပြည်နယ်တွင် လတ်တလောဖြစ်ပွား ပေါ်ပေါက် ခဲ့သော ဖြစ်စဉ်သတင်းများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားတွင် ဒူချီးရာတန်းကျေးရွာအုပ်စုသည် မောင်တောမြို့တောင်ဘက် (၅) မိုင်ခန့်အကွာတွင်တည်ရှိပြီး ဒူချီးရာတန်း (အလယ်) ရွာအပါ အဝင် ကျေးရွာပေါင်း (၉) ရွာ ပါရှိပါကြောင်း၊ ဒူချီးရာတန်း ကျေးရွာ အုပ်စုအတွင်း အိမ်ထောင်စု (၆၇၄) စု လူဦးရေ (၄၈၇၀) ဦး နေထိုင်ကြပြီး ကျေးရွာအုပ်စု တစ်စုလုံး၏ လူဦးရေ အချိုးအနေဖြင့် ရခိုင်လူမျိုး (၂၀%) ခန့်နှင့် ဘင်္ဂါလီလူမျိုး (၈၀%) ခန့်နေထိုင် လျက်ရှိပါကြောင်း၊ အခင်းဖြစ်ပွားရာ ဒူချီးရာတန်း (အလယ်) ရွာအနေဖြင့် စာရင်းဇယားများအရ အိမ်ထောင်စု (၁၄) လူဦးရေ (၁၀၃၀) ဦးရှိပြီး ဘင်္ဂါလီ လူမျိုးများသာ နေထိုင် ကြပါကြောင်း၊ ယင်းကျေးရွာများအတွက် နယ်မြေလုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး တာဝန်များကို ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဘာသာရေး ခေါင်းဆောင်များ နယ်မြေခံလူထုများနှင့် ညှိနှိုင်းပေါင်းစပ်ပြီး ခရေမြိုင် နယ်မြေရဲကင်းနှင့် အမှတ် (၁၃) ရဲတပ်ရင်း မှ ဂေါ်ဒူသာရတံတားလုံခြုံရေး ရဲကင်း စခန်းတို့မှ တာဝန်ယူ ဆောင်ရွက် လျှက်ရှိပါကြောင်း၊ ဇန်နဝါရီလ (၁၃) ရက်တွင် ဖြစ်ပွားခဲ့ သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ချက်ကို ဇန်နဝါရီ ၂၃ ရက်နေ့ထုတ် နေ့စဉ်သတင်းစာ များတွင် ဖော်ပြခဲ့ပြီး ဖြစ် ပါကြောင်း၊ ဖြစ်စဉ်ဖြစ်ပွားပြီး နောက်တစ်နေ့ ဇန်နဝါရီ ၁၄ ရက် နံနက် (၇) နာရီခွဲခန့်တွင် တရားဥပဒေ နှင့်အညီ ဆောင်ရွက်နိုင်ရန် အလို့ငှာ မောင်တောခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများ၊ ခရိုင်ဥပဒေအရာရှိ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများ၊ ရှာဖွေရေး အဖွဲ့များပူးပေါင်း၍ ဆက်လက်ရှာဖွေရာ ပျောက်ဆုံး နေသည့် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ၏ သွေးစွန်းနေသော ယူနီဖောင်းအပိုင်းအစများ၊ ချပ်ဝတ်တန်ဆာ အပိုင်းအစများ တောစီးဖိနပ်နှင့် အမ် ၂၂ ကျည်အိမ်အလွတ် (၁) ခုကို ဒူချီးရားတန်းရွာ ပတ်ဝန်းကျင် တစ်ဝိုက်တို့မှ အရဗီကျောင်းအတွင်းနှင့် အစ္စမိုင်ဗလီအနီး တွေ့ရှိသိမ်းဆည်းရမိခဲ့ပါကြောင်း၊ ဖြစ်စဉ်နှင့် ပတ်သတ်ပြီး ဇန်နဝါရီ ၁၅ ရက်နေ့မှ မသင်္ကာသူ ၉ဦး ၁၇ ရက်တွင် (၆) ဦး (၁၈) ရက်တွင် (၁) ဦး၊ စုစုပေါင်း (၁၆) ဦးကို သက်သေများ၏ ထွက်ဆိုချက်များ အရ ခေါ်ယူ၍ တရားရုံး ရီမန်ယူ၍ ဥပဒေနှင့်အညီ စစ်ဆေး လျှက်ရှိပါကြောင်း၊ တရားခံများ ရှာဖွေ ဖမ်းဆီးနိုင်ရေးအတွက် ဇန်နဝါရီ ၁၉ ရက်မှာ တာဝန်ရှိသူများက မောင်တောမြို့နယ်၊ မူလတန်ကျောင်း တွင် မောင်တောမြို့ပေါ်တွင် ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ၊ ဗလီဆရာများနှင့် ဒေသခံ (၈၀) ဦးတို့အား ဖိတ်ကြား၍ လက်ရှိဖြစ်ပေါ်နေသော ဒူချီးရာတန်း ကျေးရွာ အခြေအနေနှင့် တရားခံများ ဖမ်းဆီးရမိရေးတို့အား နားလည်သဘောပေါက်ပြီး ပူးပေါင်းပါဝင် လာစေရေး ဆွေးနွေးခဲ့ပါကြောင်း၊ ဇန်နဝါရီ ၂၀ ရက်တွင် မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ခန်းမမှာ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ဗလီ ဆရာများ၊ ရပ်မိရပ်ဖများ၊ စုစုပေါင်း (၁၆၀) ဦးတို့အား ဖတ်ခေါ်၍ ယင်းကဲ့သို့ အကွက်ကျကျ ဖန်တီးကာ ကြိုတင်လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်လုပ်အပေါ် အထောက်အထား များဖြင့် ဆွေးနွေးရှင်းလင်းပြခဲ့ပါကြောင်း၊ ဒူချီးရာတန်းဒေသ၏ နယ်မြေအခြေအနေမှာ တစ်စတစ်ပြန်လည် တည်ငြိမ်လာခဲ့သော်လည်း သတင်းဌာနအချို့၏ အခြေအမြစ် မရှိသော သတင်းများပေါ် ထွက်လာမှုကြောင့် ဇန်နဝါရီ ၂၂ ရက်တွင် ရခိုင်ပြည်ဝန်ကြီးချုပ်နှင့် အဖွဲ့၊ UNHCR နှင့် UNOCHA တို့မှ ကိုယ်စားလှယ်များ၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့များသည် ဒူချီးရာတန်းကျေးရွာ အုပ်စုအတွင်း ရှိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ အုပ်စု တာဝန်ခံများ၊ ကျေးရွာသူ/သားများ အား တွေ့ဆုံမေးမြန်းခြင်း၊ အခင်းဖြစ်ပွားသည့် နေရာများအား သွားရောက်ကြည့် ရှုခြင်းနှင့် ပြန်လည်ရောက်ရှိ လာသော ကျေးရွာလူထု အတွက် လိုအပ်သည်များ ပြန်လည်ပံ့ပိုးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ အလားတူ ဇန်နဝါရီ ၂၃ ရက်တွင် စစ်တွေမြို့၌ အခြေပြုလျက်ရှိသော ရခိုင်ပြည်နယ် ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင်မှ အဖွဲ့တစ်ဖွဲ့သည် ဒူချီးရာတန်းဖြစ်စဉ်အပေါ် အဖြစ်မှန်သိရှိ စေရန်နှင့် ပွင့်လင်းမြင်သာမှု ရရှိစေရန် စုံစမ်းဆောင်ရွက်ခဲ့ကြောင်းသိရှိရပါကြောင်း၊ တိမ်းရှောင်နေ သည့် ကျေးရွာသူ ကျေးရွာသားများအနေဖြင့်လည်း ၎င်းတို့ နေအိမ်အသီးသီး ရှိ ပြန်လည်ဝင်ရောက်လျှက်ရှိရာ ယနေ့အချိန်ထိ အိမ်ထောင်စု (၇၅) စု လူဦးရေ (၄၃၁) ဦး ပြန်လည်ရောက် ရှိခဲ့ပြီး ၎င်းတို့အတွက်လည်း လတ်တလော စားဝတ်နေရေး အဆင်ပြေစေရန် တာဝန်ရှိသူများက အရေးပေါ် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရွာသားများ ထွက်ပြေးတိမ်းရှောင် နေစဉ်ကာလအတွင်း မသမာသူအဖွဲ့များမှ ဝင်ရောက် ခိုးယူလုယက်မှုများ ရှိခဲ့ကြောင့် ကျေးရွာအတွင်းရှိ နေအိမ်များနှင့် ရွာသားများပိုင်ပစ္စည်းများ ပျောက်ရှ ဆုံးရှုံးမှုမရှိစေရေး နယ်မြေခံ ရဲတပ်ဖွဲ့ အနေဖြင့် ထိန်းသိမ်းစောင့်ရှောက် ပေးနိုင်ခဲ့ပါကြောင်း၊ ထို့အပြင် အဖျက်အမှောင့်သမားများက ကျေးရွာ နေအိမ်များအား ဝင်ရောက်ဖျက်ဆီးမီးရှို့ပြီး မိမိတို့လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖျက်ဆီးသယောင် ဆောင်ရွက်ခြင်း များ မရှိစေရန်အတွက်လည်း လုံခြုံရေးတာဝန်ကို တိတိကျကျ သတ်မှတ်ချထားဆောင်ရွက် ခဲ့ပါကြောင်း၊ အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးပေါ်ပေါက်ချက်များအရ တပ်ကြပ်ကြီးအောင်ကျော်သိန်းအဖွဲ့သည် နယ်မြေခံကျေးရွာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ပုံမှန်လှည့်ကင်းဆောင်ရွက်ခြင်း သား ဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ ပြစ်မှုကျူးလွန်သူအဖွဲ့မှ (၁၁) ဦးသည် တစ်ဘက်နိုင်ငံသို့ရောက်ရှိပြီး ဒူချီးရာတန်း ဖြစ်စဉ်နှင့်ပတ်သက်၍ ဆုငွေရရှိရေး RSO အဖွဲ့များထံ တောင်းခံဆောင်ရွက်လျှက်ရှိကြောင်း သတင်းပေးများထံက စုံစမ်းသိရှိရပါကြောင်း၊ ကုလသမဂ္ဂ အဖွဲ့အစည်းအစည်းများနှင့် နိုင်ငံတကာသတင်းဌာန အချို့မှ အတည်မပြု နိုင်သော သတင်းအရင်းအမြစ်များကို ကိုးကားပြီး သတင်းဖြန့်ချိမှုများက ဒူချီးရာတန်း ဒေသတစ်ဝိုက်မှာ ၂၀၁၃ ဒီဇင်ဘာ ၉ ရက်တွင် ဘင်္ဂါလီ (၈) ဦးခန့် အသတ်ခံရကြောင်း၊ ၂၀၁၄ ဇန်နဝါရီ ၁၃ ရက် ဖြစ်စဉ်တွင် လူ (၄၀) ဦးခန့် သေဆုံးမှုများရှိခဲ့ကြောင်း သတင်းများဖြစ်ပေါ် ခဲ့ပါကြောင်း၊ အဆိုပါ သတင်းများနှင့်ပတ်သက်၍ အဖြစ်မှန်သိရှိနိုင်ရန် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်များ၊ UNHCR နှင့် UNOCHA တို့မှ ကိုယ်စားလှယ်များ၊ ရခိုင်ပြည်နယ် ပဋိပက္ခ စုံစမ်းစစ်ဆေးရေး ကော်မရှင်မှ ကိုယ်စားလှယ်များသည် ကျေးရွာသူ၊ ရွားသားများ၊ ပြန်လည်ရောက်ရှိ လာသော မိသားစုဝင် များအား ကိုယ်တိုင်စုံစမ်းမေးမြန်းမှု များ ဆောင်ရွက်ခဲ့ပြီး အခင်းဖြစ်နေရာများသို့ မြေပြင်ကွင်းဆင်းလေ့ လာမှုများ ဆောင်ရွက်ခဲ့ရာ တွေ့ဆုံမေးမြန်းချက်များနှင့် ကွင်းဆင်းလေ့လာတွေ့ရှိချက်များအရ မှန်ကန်မှုမရှိသည် ကို တွေ့ရှိရပါကြောင်း၊ ပြည်ထဲရေးဝန်ကြီးဌာနအနေဖြင့် မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက် (သို့) အဖွဲ့စည်းမှ မည်သည့် ပြစ်မှုမျိုးမဆို ကျူးလွန်ကြောင်း ခိုင်လုံပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တည်ဆဲဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လက်ရှိအနေအထား တွင်လည်း ရဲတပ်ကြပ်ကြီး တစ်ဦးပျောက်ဆုံး လျက်ရှိပြီး ၎င်းနှင့်အတူ ပါသွားသည့် လက်နက်ခဲယမ်းများမှာ လည်း ပျောက်ဆုံးလျက်ရှိ ပါကြောင်း၊ ဖြစ်ပွားခဲ့သော ဖြစ်စဉ်များနှင့်ပတ်သက်၍ ခိုင်လုံသော အထောက်အထားများရှိပါက မိမိတို့ထံသို့ အကြောင်း ကြားပေးရန် ပူးပေါင်းဆောင်ရွက်ရေးဖိတ်ခေါ် အပ်ပါကြောင်း၊ မိမိတို့အနေဖြင့် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ နိဂုံးချုပ်အနေဖြင့် အချက် (၂) ချက် ပြောကြားလိုပါကြောင်း ပထမအချက် အနေဖြင့် တရားဥပဒေစိုးမိုးရေးအဖွဲ့အစည်းများကို ဥပဒေမဲ့ ပြန်လည် တိုက်ခိုက်နှောက် ယှက်ခြင်းသည် အကြမ်းဖက်တိုက်ခိုက်မှု တစ်ရပ်သာဖြစ်ပြီး ကမ္ဘာပေါ်ရှိ မည့်သည့်နိုင်ငံ မည့်သည့်စိုးရကမှ လက်မခံသော ဆောင်ရွက်ချက်မျိုးပင်ဖြစ်ပါကြောင်း၊ တရားဥဒေစိုးမိုးရေးကို ထိခိုက်ရာရောက်နေသည် ဆိုသည့်အချက်ကို သတိပြုစေလိုပါကြောင်း၊ ဒုတိယအချက်မှာ အဖွဲ့အစည်းများ အနေဖြင့် သတင်းများ ထုတ်ပြန်ရာတွင် လုံလောက်ခိုင်မာသော အချက်အလက်များအပ်ါတူတည်ပြီး ထုတ်ပြန်သင့်ပါကြောင်း၊ သတင်းအခြေအမြစ် မရှိသော ထုတ်ပြန်ချက်များ သည် အခြေအနေကို ပိုမိုရှုပ်ထွေးစေပြီး တရားဥပဒေ စိုးမိုးရေးကို အဟုန့်အတား အဖြစ် ထိခို်က်စေနိုင်သဖြင့် အဖြစ်မှန် ပေါ်ပေါက်ပါ က ဒေသခံပြည်သူကလည်း ခွင့်လွတ်လက်ခံမည် မဟုတ်သည်ကို သတိပြုစေလိုပါကြောင်း ဖြင့်ပြေကြားခဲ့သည်။

ဆက်လက်၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မောင်မောင်အုန်းက ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၏ လုပ်ငန်းတာဝန်များ၊ ရခိုင်လူမျိုးဒုက္ခသည် (၇၆၁၄) ဦးအနက် (၈၄ ဒသမ ၈) ရာခိုင်နှုန်းအား လည်းကောင်း၊ ဘင်္ဂါလီ ဒုက္ခသည် (၁ ဒသမ ၂) သိန်းအနက် (၈၅ ဒသမ ၃၈) ရာခိုင်နှုန်းအား ပြန်လည်နေရာ ချထားပေးမှု အခြေအနေ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ၂၀၁၂ ခုနှစ်မှ ဇွန်လမှ ၂၀၁၃ ခုနှစ် စက်တင်ဘာလအထိ စားနပ်ရိက္ခာတန်ချိန် ၂၈၀၇၁ အား ဖြန့်ဖြူးပေးမှုအခြေအနေ၊ ရခိုင်ပြည် နယ် ပြန်လည် ထူထောင်ရေး လုပ်ငန်းများအတွက် ပြည်ထောင်စုအစိုးရမှ ကျပ်ငွေ (၂၆ ဒသမ ၇၉) ဘီလီယံ သုံးစွဲခဲ့မှုအခြေအနေ၊ ကုလသမဂ္ဂ အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ရေးဆွဲအကောင် အထည် ဖော်လျက်ရှိသည့် ရခိုင်ပြည်နယ်တုံ့ပြန်ဆောင်ရွက်ရေးစီမံချက် (Rakhine Response Plan) ကို ၂၀၁၂ ခုနှစ် ဇူလိုင်လမှစ တင်ပြီးဆောင်ရွက်ခဲ့ရာတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလအထိ ရန်ပုံငွေလိုအပ်ချက် အမေရိကန်ဒေါ်လာ (၁၀၉ ဒသမ ၃)သန်း အနက် ၂၀၁၃ ခုနှစ် နိုဝင်ဘာလကုန်အထိ ရရှိပြီး ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ (၈၅ ဒသမ ၉)သန်းနှင့် အမေရိကန်ဒေါ်လာ(၂၃ ဒသမ ၄)သန်း လိုအပ်နေသည့်အခြေအနေ၊ နိုင်ငံတော်အနေဖြင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်စုံ မဟာဗျူဟာတစ်ရပ် ရေးဆွဲထားပြီးဖြစ်ရာ ရခိုင်ပြည်နယ်အတွင်း တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အုပ်ချုပ်မှုယန္တရား ပိုမိုအားကောင်း လာအောင်ဆောင်ရွက်ရန်၊ ပဋိပက္ခကြောင့် စားဝတ်နေရေးအဆင်မပြေသည့် ဒုက္ခသည်များ အတွက် နေရာချထားရေး၊ ပြန်လည် ထူထောင် ရေးလုပ်ငန်း များဆောင်ရွက်ရန်၊ နယ်စပ်ဒေသမူလနေထိုင်သူများနှင့် တရားမဝင် ဝင်ရောက် နေထိုင်မှုခွဲခြားစိစစ်ရေးလုပ်ငန်းများ၊ နိုင်ငံသားစိစစ်ရေးလုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက် သွားရန်၊ ပဋိပက္ခကြောင့် ထိခိုက်ခဲ့ရသော နှစ်ဖက်လူ့အဖွဲ့အစည်းမှ ပြည်သူများ၏ လူမှုစီးပွားရေး ပုံမှန်ပြန်လည်ဖြစ်ပေါ်ရေးဆောင်ရွက်ပေးရန်၊ ရခိုင်ပြည်နယ် ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး ရေတိုရေရှည် အစီအမံများ ချမှတ်အကောင် အထည်ဖော် ဆောင်ရွက်သွားရန်နှင့် အနာဂတ်တွင် နိုင်ငံရေးပဋိပက္ခ၊ လူမျိုးရေးပဋိပက္ခများ ဒေသအသီးသီးတွင် ထပ်မံ မဖြစ်ပေါ်ရေး အတွက် မတူကွဲပြားခြားနားသော လူ့အဖွဲ့ အစည်းများ၏ စာပေ၊ ယဉ်ကျေးမှုဓလေ့ ထုံးစံများ ပိုမိုသိရှိနားလည်လာပြီး ယဉ်ကျေးသော လူ့အဖွဲ့အစည်း ဖြစ်ပေါ်လာစေရန်ဟူသည့် လမ်းပြမြေပုံ ကို တိကျသည့် လုပ်ငန်းစဉ်များနှင့်အတူ ဆောင်ရွက်သွားမည့် အခြေအနေ၊ အလားတူ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက် (Action Plan) ဖြစ်သည့် လုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး၊ ပြန်လည်ထူထောင်ရေး၊ လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသား စိစစ်ရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်ချမ်းစွာ အတူယှဉ်တွဲနေ ထိုင်ရေး တို့ကို ရေးဆွဲလျက်ရှိပြီး ဆက်လက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်း ပြောကြားပြီး ရခိုင်ပြည်နယ်အတွင်း ပြည့်စုံကောင်း မွန်သော ရေရှည်တည်တံ့ ခိုင်မြဲသော ပြန်လည်ထူထောင် ရေး၊ နှစ်ဖက်လူ့အဖွဲ့အစည်း၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ရေရှည်သဟဇာတ ဖြစ်သော လူ့အဖွဲ့ အစည်းဖြစ်ထွန်းလာစေရေး လုပ်ငန်းစဉ်များတွင် နည်းလမ်း ကောင်းများ၊ အကြံကောင်းများ ပေးအပ်နိုင် ကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

ယင်းနောက် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်းက ဒူချီးရားတန်းကျေးရွာဖြစ်စဉ် ဖြစ်ပွားပြီး နာရီပိုင်းအတွင်း မောင်တောခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ ဒူချီးရားတန်းကျေးရွာသို့ ရောက်ရှိစစ်ဆေးခဲ့ကြောင်း၊ ၎င်းတို့စစ် ဆေးချက်အရ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း သေဆုံး သည်ဟုယူဆရသည့် အထောက် အထားများစွာတွေ့ရှိခဲ့ရပြီး ကျေးရွာ အဆောက်အဦး များပျက်ဆီးခြင်း၊ ကျေးရွာသားများ သေဆုံးခြင်း အား မတွေ့ရှိရကြောင်း၊ ဇန်နဝါရီလ(၂၂)ရက်နေ့ တွင်လည်း ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့်အတူ ဘူးသီးတောင်မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဘော်ရှီး အာမတ်၊ မောင်တော မဲဆန္ဒနယ်မှ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဇာဟင်ဂိရ်(ခ)အောင်မျိုးမင်း၊ UNHCR နှငUNOCHA မှ ကိုယ်စားလှယ်များသည် ဒုချီးရားတန်းကျေးရွာနှင့်ပတ်ဝန်း ကျင်ကျေးရွာများမှ ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖ များအား တွေ့ဆုံခဲ့ကြောင်း။

ထိုသို့တွေ့ဆုံမေးမြန်းရာတွင် ဘင်္ဂါလီလူမျိုးများ အသတ်ခံရသည့်သတင်း၊ ဘင်္ဂါလီ အမျိုးသမီးများ အဓမ္မကျင့်ခံရသည့်ဖြစ်စဉ်များ၊ ဖြစ်ပေါ်ခဲ့ခြင်း မရှိဟု ကျေးရွာသူ ကျေးရွာ သားများမှ ပြောကြားခဲ့ကြကြောင်း၊ အဖမ်းဆီးခံရမည်ကို ကြောက်ရွံ့၍ ရှောင်တိမ်းနေမှု သာရှိသည် ဟုပြောကြားခဲ့ကြောင်း၊ ဇန်နဝါရီလ(၂၃) ရက်နေ့တွင် ဒုချီးရားတန်း ကျေးရွာ အုပ်စု အလယ်ရွာတွင် လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များက ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများရှေ့တွင် ကျေးရွာ မှ နေအိမ်များအား ပျက်ဆီးမှုမရှိစေဘဲ ထိန်းသိမ်းစောင့်ရှောက်ထား သည်ကို ပြသပြီး လွှဲပြောင်းပေးခဲ့ကြောင်း၊ ဇန်နဝါရီ(၂၄)ရက်မှမစ၍ ထွက်ပြေးတိမ်းရှောင်နေသော ကျေးရွာသားများ၊ ဒူချီးရားတန်းကျေးရွာ အလယ်ရွာသို့ ပြန်လည်နေထိုင်ခဲ့ရာ ယနေ့အထိ အိမ်ထောင်စု(၇၅)စု ၊ လူဦးရေ(၃၃၁)ဦး ပြန်လည် ရောက်ရှိနေပြီ ဖြစ်ကြောင်း၊ ပြန်လည်ဝင်ရောက်နေထိုင်သူများအား ကယ်ဆယ်ရေး ပစ္စည်းများထောက်ပံ့ပေးခဲ့ကြောင်း၊ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် နှစ်ဖက်လူ့အဖွဲ့ အစည်းအား မျှမျှတတကူညီရန်၊ ပွင့်လင်းမြင် သာမှုရှိရန်၊ ဒေသဆိုင်ရာ အုပ်ချုပ် ရေးအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိရန် လိုအပ် ကြောင်း ပြောကြားသွားသည်။

ထို့နောက် ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေးကော်မရှင် အတွင်းရေးမှူး ဒေါက်တာ ကျော်ရင် လှိုင်က ကော်မရှင် အနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ ၊ နိုင်ငံတကာသတင်း ဌာန များနှင့် အင်တာနက် သတင်းများ တွင် ပါရှိနေသည့် ဘင်္ဂါလီလူမျိုးများ အသတ်ခံရသည် ဆိုသည့် သတင်းများကို စိစစ်နိုင်ရန်အတွက် အဆိုပါဒေသသို့ ဇန်နဝါရီလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့အထိ သွားရောက်ခဲ့ကြောင်း၊ မြေပြင်ကွင်းဆင်း စစ်ဆေးမှုများပြု လုပ်သကဲ့သို့ ဒေသခံ ပြည်သူ (၇၀)ကိုလည်း တွေ့ဆုံမေးမြန်းခဲ့ကြောင်း၊ ထိုသို့မေးမြန်းရာတွင် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတကာသတင်းဌာနများနှင့် အင်တာနက်တွင် ဖော်ပြနေသည့် သတင်းအချက် အလက်များကို တစ်ချက်ချင်း စိစစ်မေးမြန်းခဲ့ကြောင်း။

ထိုသို့စစ်ဆေးရာတွင် ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း အသတ်ခံရသည်ဟု အချက် ကိုသာ ခိုင်မာစွာတွေ့ရှိရပြီး ကျန်သတင်းအချက် အလက်များကို အတည်ပြုနိုင်ခြင်းမရှိကြောင်း၊ အင်တာနက်တွင် တွေ့ရှိရသည့် အသတ်ခံရသည်ဟု ဆိုသော ဘင်္ဂါလီ အမည်စာရင်းပါ အမည်များ မှာ ဒုချီးရားတန်းကျေးရွာ နှင့်ပတ်ဝန်းကျင်တွင်လုံးဝမရှိကြောင်း၊ ဒေသခံပြည်သူတစ်ဦးက ၎င်း၏ အမျိုးတစ်ဦးအသတ်ခံရသည်ကို မျက်မြင်တွေ့ရှိသည် ဟုဆိုသော်လည်း အဆိုပါသူမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခံရ သူဖြစ် ကြောင်း၊ အသတ်ခံရခြင်း မဟုတ်ကြောင်း။

ထို့အတူ အသတ်ခံရသည့် ဘင်္ဂါလီအလောင်းများမြှုပ်နှံထား သည့် နေရာများသို့ ကွင်းဆင်း စစ်ဆေးကြည့်ရှုရာတွင်လည်း လတ်တလောမြှုပ်နှံထားသည့်အထောက် အထားများမတွေ့ ရှိရ ကြောင်း၊ တောဖုံးနေသည့် သင်းချိုင်းနေရာများသာရှိကြောင်း၊ INGO အဖွဲ့ အချို့က ဒဏ်ရာရရှိ သူများ ရှိသည်ဟုပြောကြားသော်လည်း လက်တွေ့ပြသနိုင်ခြင်းမရှိကြောင်း၊ ကျေးရွာများ၌ မိမိတို့ကိုယ်တိုင် လိုက်လံမေးမြန်းရာတွင်လည်း ဒဏ်ရာရသူများ တွေ့ရှိရခြင်း မရှိကြောင်း၊ မိမိတို့၏ တရားဝင်အစီရင်ခံစာ ကိုလည်း မကြာမီ ထုတ်ပြန်မည်ဖြစ်ကြောင်း၊ နိုင်ငံတကာအဖွဲ့အစည်း များအနေဖြင့် ခိုင်မာသော အထောက်အထားများရှိပါက မိမိတို့ ကော်မရှင် ကို ပေးစေလိုကြောင်း၊ ရခိုင်ပြည်နယ်အခြေအနေသည် ထိခိုက်လွယ်သော အခြေအနေတွင်ရှိသဖြင့် အားလုံးက ပူးပေါင်း ထိန်းသိမ်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ သတင်းအချက်အလက်များရရှိပါက ဒေသအဆင့်တွင် ဦးစွာ သတင်းဖလှယ် ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ကောလဟလများကြောင့် မတည်ငြိမ်မှုများ ဖြစ်ပွားလာပါက ဒေသခံ ပြည်သူများပင် နစ်နာမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြား သည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားသမ္မတနိုင်ငံ သံအမတ်ကြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီးနှင့် ကုလသမဂ္ဂ လူသားချင်းစာနာမှု ဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးတို့က ပြန်လည်ဆွေးနွေး မေးမြန်းကြရာ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်က စုံစမ်းစစ်ဆေးမှုများသည် မိမိတို့၏ပြည်တွင်းရေး သာဖြစ်ကြောင်း၊ မိမိတို့၏ စုံစမ်းစစ်ဆေးမှုများကို ပွင့်လင်းမြင်သာစွာ ဆောင်ရွက်ပြီး တွေ့ရှိချက် များကိုလည်း အများပြည်သူသိရှိနိုင်ရန် ထုတ်ပြန်ပေးသွား မည်ဖြစ်ကြောင်း၊ နိုင်ငံတကာ ကိုယ်စားလှယ်များ ပါဝင်ဆောင်ရွက်ရန် မလိုအပ်ကြောင်း၊ ၎င်းဒေသသို့ သံတမန် များသွားရောက် လေ့လာနိုင်ရေး နှင့်ပတ်သက်ပြီး ယခင်ကလည်း မိမိတို့စီစဉ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုလည်း ထပ်မံစီစဉ်ပေးနိုင်ကြောင်း၊ လာမည့် မကြာမီရက်များအတွင်း ဥရောပသမဂ္ဂ သံအမတ်ကြီးနှင့် အဖွဲ့လည်း ရခိုင်ပြည်နယ်သို့ သွားရောက်ရန်ရှိကြောင်းဖြင့် ရှင်းလင်း ပြောကြားသည်။

အဆိုပါ ရှင်းလင်းဆွေးနွေးပွဲအပြီးတွင် ရန်ကုန်မြို့ အခြေစိုက် နိုင်ငံခြား သံရုံးများမှ သံအမတ်ကြီးများနှင့် သံတမန်များ၊ ကုလသမဂ္ဂအဖွဲ့ အစည်းများမှ ဌာနေကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပသတင်းဌာနများမှ တာဝန်ခံများနှင့်သတင်းထောက်များသည် ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၊ မောင်တောမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ UNHCR နှင့် UNOCHA တို့၏ ဒူချီးရားတန်းကျေးရွာသို့ သွားရောက်စစ်ဆေးမှုခရီးစဉ်၊ ရခိုင်ပဋိပက္ခစုံစမ်း စစ်ဆေးရေး ကော်မရှင် ၏ ဆောင်ရွက်ချက်မှတ်တမ်းများနှင့် ကျေးရွာသူ ရွာသားများ ပြန်လည် ဝင်ရောက်မှု အခြေအနေ၊ ဖြစ်စဉ်ဖြစ်ပွားသည့်နေရာနှင့် ရဲတပ်ကြပ်ကြီးအောင်ကျော်သိန်း၏ ကျန်ရစ် ခဲ့သော သက်သေခံပစ္စည်းများ၊ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒူချီးရားတန်းကျေးရွာ၌ (၁၃-၁-၂၀၁၄) ရက်နေ့ တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်ပြမြေပုံများအပါအဝင် မှတ်တမ်းဓာတ်ပုံ များကို ကြည့်ရှုလေ့လာ ကြသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s