10.1.2014 မနက် 10:30 နာရီ ဓမ္မသဟာယကျောင်းမှာ လာရောက်ဂါရဝပြုပူဇော်ကြရာ ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေ အမျိုးသားလွှတ်တော်အတ် ဒေါ်ခင်ဝိုင်းကြည် အပါအဝင် ပါတီခေါင်းဆောင်များအား ဦးဝီရသူက ရန်သူအောင်ကြောင်း နည်းလမ်းကောင်း သြဝါဒတရား ဟောကြားခဲ့ကြောင်း သိရသည်။
သစ္စံဓမ္မ၊ ဝီရိယနှင့်၊ စာဂဟူသည်၊ ရန်သူအောင်ကြောင်း၊ ကျင့်ကောင်းလေးပါး၊ စသည်အားဖြင့်၊ တရားမလစ် မင်းမူရစ်လော့။(မဃဒေဝ)။
၎င်းနောက် မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံ သွားရောက်ဂါရဝပြုရာ ဆရာတော်က
လယ်သမားအရေး အလုပ်သမားအရေးတွေလုပ်နေတဲ့နေရာမှာ မြေကိုတန်ဖိုးထားဖို့၊ မြေတန်ဖိုးနားလည်စေဖို့ အတွက်ပါ စည်းရုံးသင့်ကြောင်း သြဝါဒပေးတော်မူကြောင်း သိရသည်။