မလေးရှား တွင် မြန်မာ အမျီုးသမီး နှစ်ဦး ရက်စက်စွာ အသတ်ခံရ-Two Myanmar women found stabbed to death in MALAYSIA

မလေးရှား တွင် မြန်မာ အမျီုးသမီး နှစ်ဦး ရက်စက်စွာ အသတ်ခံရ

 

1513216_686384988067894_1463040429_n

1486856_686385004734559_715506701_n
မလေးရှားနိုင်ငံ (Penang) Kampung Setol, ရှိ Jalan Baru အနီး ရထားလမ်းဘေးတွင် မြန်မာအမျိုးသမီးနှစ်ဦး ရက်စက်စွာ သတ်ဖြတ်ခြင်းခံရကြောင်း ယနေ့ထုတ် the Star သတင်းစာမျက်နာ ၈ တွင်ဖော်ပြ ပါရှိ ပါသည်။

ဌေးဌေးသန်း ၂၁ နှစ် မှာလည်ပင်းတွင်လှီးဖြတ် ဒဏ်ရာ ဖြင့်တွေ့ရှိရပြီး ဌေး ၄၁ ဆိုသူ ၏မျက်နာနင့် ကိုယ်ခန္ဒာ တွင်ဓါးဒဏ်ရာပါရှိပါသည်။

CID လက်ထောက်ဦးစီး အရာရှိ Mazlan Kesah က “ည ၁၂း၁၅ အချိန် အသတ်ခံရတဲ့ အမျိုးသမီးနှစ်ဦးရဲ့ အော်ဟစ်သံတွေကို အဲဒီ နားကလူတွေကြားပါတယ် ”

“နှစ်ယောက်စလုံးမှာပွဲခြင်းသေသွားပါတယ် အဖိုးတန်တဲ့ ဘာပစ္စည်းမှ သူတို့နဲ့ အတူမပါတာတွေ့တော့ သတ်ပြီး လုယက်သွားတာ ဖြစ်ပါမယ်”

“နှစ်ယောက်စလုံး အယင် စက်ရုံမှာလုပ်တယ် အခု လောလောဆယ် အလုပ်မရှိဘဲ သွားရင်း လာရင်း အသတ်ခံရတာပါ”

မျက်မြင်သက်သေများ ကြောင့် “အခင်းဖြစ်ရာနေရာ နားက ကားမှတ်တိုင်မှာ မြန်မာနိုင်ငံသား အသက် ၃၀ ဝန်းကျင် နှစ်ယောက်ကို အခင်းဖြစ်ပြီးမိနစ် ၃၀ မှာ တွေ့ရှိ့လို့ဖမ်းထားပါတယ်” ဟုထပ်လောင်းပြောဆိုသွားပါသည်။

ဖမ်းဆီးထားသူများကို Bandar Perda က Central Seberang Prai district ရဲစခန်းမှာ ပုဒ်မ ၃၀၂ လူသတ်မူ့နဲ့အမူ့ဖွင့်ထားပါကြောင်း၊ ရဲတပ်ဖွဲဝင်များအနေဖြင့်လူသတ်လက်နက် ကို ရှာဖွေရန်လိုနေသေကြောင်း ၊ စုံစမ်းမူ့ အစပိုင်းအနေဖြင့် ထိုအမျိုးသမီးများမှာ အခင်းဖြစ်ရာအနီးတွင်နေထိုင်သည်မှာ နှစ် နှစ် ရှိပြီဖြစ်ကြောင်းသိရသည်ဟုဆိုပါသည်။

ယင်းလူသတ်မူ့နှင့်ပတ်သက်၍ သတင်းရရှိပါက အနီးစပ်ဆုံးရဲစခန်းတွင် သတင်းပို့ပေးပါရန်ရဲတပ်ဖွဲ့အနေဖြင့်ဆော်သြထားပါသည်။

thutatuam
Photo :NST,
http://www.thestar.com.my/News/Nation/2013/12/31/Two-Myanmar-women-found-dead/

 

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s