NAY MYO ZIN : ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၁၉ နှစ်မြောက် တပ်မွေးနေ့ကို တိုင်းရင်းသား တဦးVIDEO

Nay Myo Zin
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ ဗိုလ်မှူးကြီးစောစန်းအောင် နှင့် အတူ ၁၉ နှစ်မြောက် တပ်မွေးနေ့ မှာ အမှတ်တရ
ဒီမိုကရေစီ အကျိုးပြု ကရင့်တပ်မတော် DKBA မှ ဗိုလ်မှူးကြီးစောစန်းအောင် နှင့် အတူ ၁၉ နှစ်မြောက် တပ်မွေးနေ့ မှာ အမှတ်တရ


ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA ၁၉ နှစ်မြောက် တပ်မွေးနေ့ကို တိုင်းရင်းသား တဦး အနေနဲ့ရော မြန်မာ့လူမှု ဘ၀ တိုးတက်မြင့်မားရေးကို ကြိုးပမ်းနေတဲ့ လူမှု နိုင်ငံရေး သမား တဦး အနေနဲ့ပါ လေးနက်သော ရည်မှန်းချက်များနဲ့ သွားတက်ခဲ့ပါတယ်။
တပ်မွေးနေ့ကျင်းပရာ ဆုံဆည်းမြိုင် ဒေသ ဟာ မြ၀တီ ခရိုင် ၀ယ်လေ မြို့နယ်သို့ အသွား အတော့်ကို လမ်းပမ်းဆက်သွယ်ရေး ခက်ခဲလွန်းတဲ့ ဒေသဖြစ်ပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်စပ် ဟိုဘက် သည်ဘက် သောင်ရင်းမြစ်ငယ်သာ ခြားပြီး ဖွံ့ဖြိုးတိုက်တက်မှု အရတော့ အတော့်ကို နောက်ကျကျန်နေခဲ့တဲ့ ကရင်တိုင်းရင်းသားတို့ ဒေသဖြစ်ပါတယ်။
မွေးနေ့ မတိုင်မှီ ညဘက် အခမ်းနားမှာ တက်ရောက်လာသူထဲမှ အချို့ကို ဟောပြောခွင့်ပေးရာမှာ ကျနော်က လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး နှင့် အနာဂတ် ပြည်ထောင်စု ဆိုတာလေးကို အကျဉ်းမျှ တင်ပြဟောပြောခွင့် ရခဲ့ပါတယ်။

အခု ဖိုင်လ် လေးက တော့ မွေးနေ့မှ အပြန် လမ်းခုလတ် လွင်တီးခေါင် လမ်းကြမ်းကြမ်းမှာ ပြန်လိုက်ပို့ပေးတဲ့ တပ်ဖွဲ့ပိုင် ကားအကောင်းစားကြီး ခဲလုံးထိမှန် လို့ ထင်ပါရဲ့ ရေတိုင်ကီ ပေါက်သွားပြီး အင်ဂျင်ရပ်သွားတာနဲ့ နောက်ကား ကြုံကို စောင့်နေတုန်း အခိုက် အတန့်မှာ ရိုက်ကူးမှတ်တမ်းတင်လာတဲ့ ကျနော်ရဲ့ ခံစားမိသော အတွေးစိတ်ကူးလေးတွေဖြစ်ပါတယ်။

THAILAND : ด่วน! เผยภาพกล้องวงจรปิดชายชุดดำ 2 คนปาประทัด 4 นัดสร้างสถานการณ์จากลานจอดรถชั้น 2 บี รร.ติด สน.ดินแดง

ด่วน! เผยภาพกล้องวงจรปิดชายชุดดำ 2 คนปาประทัด 4 นัดสร้างสถานการณ์จากลานจอดรถชั้น 2 บี รร.ติด สน.ดินแดง

1517472_647869968592756_247059539_n

MYANMAR BURMA : မောင်တောခရိုင်အတွင်း UNHCR က နိုင်ငံသားဖြစ်နိုင်ရန် အရည်အချင်းရှိသည့် ဘင်္ဂါလီစာရင်း ကွင်းဆင်းကောက်ယူနေ

မောင်တောခရိုင်အတွင်း UNHCR က နိုင်ငံသားဖြစ်နိုင်ရန် အရည်အချင်းရှိသည့် ဘင်္ဂါလီစာရင်း ကွင်းဆင်းကောက်ယူနေ

မောင်တောခရိုင်အတွင်း UNHCR က နိုင်ငံသားဖြစ်နိုင်ရန် အရည်အချင်းရှိသည့် ဘင်္ဂါလီစာရင်းကို ကွင်းဆင်းကောက်ယူနေသည်ဟု သတင်းရရှိသည်။

ယင်းလို့ လုပ်ဆောင်နေကြောင်းကို ဒီဇင်ဘာ ၁၈ ရက် နံနက် ၉ နာရီခွဲအချိန်တွင် ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် သီရိမင်္ဂလာခန်းမ၌ ပြုလုပ်ခဲ့သည့် နိုင်ငံတကာ အင်န်ဂျီအိုအဖွဲ့အစည်းများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး ကော်မတီဥက္ကဋ္ဌတို့ တွေ့ဆုံပွဲတွင် UNHCR မှ တာဝန်ရှိသူတစ်ဦးက ယင်းသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ နိုင်ငံသားဖြစ်ခွင့် အရည်အချင်းရှိသည့် ဘင်္ဂါလီစာရင်း ကောက်ယူနေခြင်းနှင့်ပတ်သက်ပြီး UNHCR ၏ ရှင်းလင်းချက်အား ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်စိုးက ဆွေးနွေးအကြံပြုခဲ့ကြောင်း သိရသည်။

“UNHCR က သူတို့လုပ်နေတဲ့အပိုင်း ဆွေးနွေးတင်ပြချက်မှာဆိုရင် မွေးစာရင်း မတင်ရသေးတဲ့ ကလေးအရေအတွက်နဲ့ နိုင်ငံသားဖြစ်ခွင့် အရည်အချင်းရှိတဲ့ ဘင်္ဂါလီစာရင်းကို ကောက်နေတယ်လို့ ပြောတယ်။ ဒါနဲ့ပတ်သက်ပြီး ခရိုင်အုပ်ချုပ်ရေးမှူးကတော့ ဒါဟာအဖွဲ့အစည်းနဲ့ လုပ်ရမှာမဟုတ်ဘဲ တစ်ယောက်ချင်းစီက မြန်မာနိုင်ငံမှာပြဋ္ဌာန်းထားတဲ့ ၁၉၈၂ ဥပဒေအတိုင်း သက်ဆိုင်ရာကတစ်ဆင့် ဆောင်ရွက်ရမှာဖြစ်တဲ့အကြောင်းနဲ့ အခုလုပ်နေတဲ့ဟာက ဥပဒေနဲ့မညီညွတ်တဲ့အကြောင်းကို ရှင်းပြခဲ့တယ်”ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သူ မြို့မိမြို့ဖ ဦးအောင်ကျော်ညွန့်က ပြောကြားသည်။

UNHCR အနေဖြင့် နိုင်ငံသားဖြစ်ရေးကိစ္စများတွင် ၀င်ရောက်လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ “မြန်မာနိုင်ငံသားဖြစ်ရေးအတွက် ၁၉၈၂ ဥပဒေပြဋ္ဌာန်းထားပြီးသား ဖြစ်ပါတယ်။ ဥပဒေအတိုင်း ဆောင်ရွက်ခွင့်ရှိပါတယ်။ UNHCR အနေနဲ့ ဒါတွေကိုလုပ်နေတာကတော့ လွဲနေတယ်။ နောက်ပြီး ယူအင်န်ဟာ မောင်တောခရိုင်မှာ နှစ် ၂၀ လောက်ရှိပြီ၊ တစ်ဖက်သတ် ဘင်္ဂါလီအရေး ဆောင်ရွက်နေတာ။ ဒါဟာ မြန်မာနိုင်ငံရဲ့ ဥပဒေကိုလည်း ၀င်ရောက်စွက်ဖက်ရာရောက်ပါတယ်” ဟု မောင်တောမြို့ခံတစ်ဦးကဆိုသည်။

226725_628046800585130_678457182_n

Eleven Media Group

UNHCR said it’s compiling a list of Bengalis who are eligible to be citizens !!! It’s acting as if interfering with Myanmar’s laws!!

“The UNHCR said it’s compiling a list of Bengalis who are eligible to be citizens and newborns that are still not officially registered. The Maungdaw District administrator explained that an organization should not do that kind of activity and it’s illegal as an individual living in the country should cooperate with the respective authorities according to the existing 1982 Citizenship Law,” said Aung Kyaw Nyunt, a local elder who attended the meeting.

 

226725_628046800585130_678457182_n

 ###

The UN’s refugee agency is reported to be compiling a list of Bengalis in Rakhine State, western Myanmar, to finding out who are eligible to be citizens among them, according to local sources.

An official from the United Nations High Commissioner for Refugees (UNHCR), said so at a formal meeting held on December 18 in Maungdaw Township in the state.

The meeting there was attended by international non-government organizations and chairman of the cooperation committee for international organizations.

Aung Myint Soe, the Maungdaw District administrator also participated in the meeting to discuss.

“The UNHCR said it’s compiling a list of Bengalis who are eligible to be citizens and newborns that are still not officially registered. The Maungdaw District administrator explained that an organization should not do that kind of activity and it’s illegal as an individual living in the country should cooperate with the respective authorities according to the existing 1982 Citizenship Law,” said Aung Kyaw Nyunt, a local elder who attended the meeting.

“The 1982 Citizenship Law is already enacted in Myanmar for individuals living in the country to be citizens. It’s not right that the UNHCR is doing that. And the U.N has been operating in the district for 20 years or so, only for the sake of Bengalis. It’s biased. It’s acting as if interfering with Myanmar’s laws,” said a Maungdaw resident.

INVITATON: Burma (Myanmar) Constitutional Reform Network Public Meeting will be held on 24 December 2013 from 09:00-16:00 at Thamiang, Rangoon

Burma (Myanmar) Constitutional Reform Network Public Meeting will be held on 24 December 2013 from 09:00-16:00 at Thamiang, Rangoon, Burma. You are cordially invited. For more information please contact U Pe Myint (09-5105634), U Myo Yan Naung Thein (09-421158936) and U Soe Tun (09-73494367)လးစားစွာဖိတ်ကြားအပ်ပါသည် ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ပြည်သူ့ကွန်ရက်၏ လူထုဆွေးနွေးပွဲကိုသမိုင်း၊ မြို့မကျောင်းတိုက် တွင် ကျင်းပပြုလုပ်မည် ဖြစ်ပါသဖြင့်ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ လူကြီးမင်း ဆွေးနွေးလိုသည်များကို လာရောက်ဆွေးနွေးပါရန် လေးစားစွာ ဖိတ်ကြားအပ်ပါသည်။ ဦးဆောင်ဆွေးနွေးမည့်ပုဂ္ဂိုလ်များ-
ဦးစိုင်းညွှန့်လွင်(ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်)၊
ဆရာဦးကျော်ဝင်း၊ ဆရာဦးဖေမြင့်၊ ဒေါက်တာမင်းဇော်ဦး( Myanmar Peace
Center)၊ ဦးဌေးဦး( အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)။

အချိန်။ ။ နံနက် (၉)နာရီ မှ ညနေ (၄) နာရီအထိ။
နေ့ရက်။ ။ 24.12.2013 (အင်္ဂါနေ့)။
နေရာ။ ။ သမိုင်း မြို့မကျောင်းတိုက်၊ ဦးဘဟန်မှတ်တိုင်အနီး၊
သမိုင်းကြွေရည်သုတ် စက်ရုံအကျော်၊ ဂုံးကျော်တံတားအနီး။
ဆက်သွယ်ရန်ဖုန်းနံပါတ်များ။ ။ ဆရာဦးဖေမြင့် (၀၉-၅၁၀၅၆၃၄)
ဦးမျိုးရန်နောင်သိန်း ( ၀၉-၄၂၁၁၅၈၉၃၆ )
ဦးစိုးထွန်း ၀၉-၇၃၄၉၄၃၆၇ ။

1504393_600442123354874_633819058_o