MYANMAR BURMA: ၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း Police unable to confirm celebrities’ past drug scandals

အပိုင်း(၄)

(မှတ်ချက် –
အပိုင်း-၁ မှာ ဒီဇာတ်လမ်းတွေရဲ့အစကို ဖော်ပြထားပါတယ်။ ၂၀၀၈ ခုနှစ် သင်္ကြန်မှာ တရားခံတစ်ယောက်ကို စတင်ဖမ်းမိပြီး စစ်ဆေးမှုတွေ ပြုလုပ်ခဲ့တာတော့ ၂၀၀၈ ခုနှစ် နှစ်လည်ပိုင်းလောက်မှာ ဖြစ်ပါတယ်။ ဒီတော့ အပိုင်း-၁ ကို မဖတ်မိသူတွေအနေနဲ့ လက်ရှိဖြစ်နေတဲ့ကိစ္စလို့ ထင်နေကြလို့ပါ။ သတိထားကြည့်မယ်ဆိုရင် အစစ်ခံချက်တွေရဲ့ ခေါင်းစဉ်တွေမှာလည်း စစ်ဆေးတဲ့နေ့စွဲတွေကို ပူးတွဲဖော်ပြ ထားတာကို တွေ့နိုင်ပါတယ်။

ဒီဖိုင်တွေကို ကျွန်တော့် ကွန်ပျူတာထဲမှာ သိမ်းထားခဲ့တာ လေးနှစ်ကျော် ငါးနှစ်လောက် ရှိပါပြီ။ ဖေ့စ်ဘုတ်မှာ ဖော်ပြဖို့လည်း မကြာခဏစဉ်းစားဖူးပါတယ်။ ဒါပေမဲ့ ဖိုင်တွေရဲ့ မူလဖောင့်က Win Researcher ဖောင့်တွေဖြစ်နေတာမို့ လက်လျှော့ခဲ့တာပါ။ ဒီအတိုင်းပဲထားရင် ဒိတ်အောက်ကုန်မယ်လို့ စဉ်းစားမိတာမို့ တပည့်တစ်ယောက်ကို အကူအညီတောင်း Zawgyi ဖောင့်ပြောင်းခိုင်းပြီးလို့ ဒီစာတွေ ဖေ့စ်ဘုတ်ပေါ် တင်ဖြစ်တာပါ။

ဒီအမှုတွဲထဲမှာ နာမည်ကြီးအနုပညာရှင်တွေအတော်များများနဲ့ အောင်ဇော်ရဲမြင့်၊ ကျော်စွာမြင့်၊ စည်သူသာအေးတို့လို စစ်ဗိုလ်ချုပ်ကြီးတွေရဲ့ သားသမီးတွေ၊ ဆွေမျိုးသားချင်းတွေ ပါဝင်ပတ်သတ်နေပါတယ်။ အဲ့သလို တရားဥပဒေရဲ့အထက်မှာ ရှိနေသူများ ပါဝင်ပတ်သတ်နေတာကြောင့် ဒီအမှုတွဲထဲမှာပါတဲ့ တရားခံအားလုံးလိုလို အပြစ်ပေး အရေးယူခြင်း မခံခဲ့ရပါဘူး။- မိုးဇေညိမ်း)

စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်၏ အစစ်ခံချက် ( ၂၈-၅-၂ဝဝ၈ ရက်နေ့)

၁။ အမည် – စံပယ်ကိုကို (ခ) မဇာဇာသိမ့် (ခ) နဝရတ်
၂။ အသက် – (၃ဝ)နှစ်၊ ၆-၉-၇၇
၃။ မှတ်ပုံတင်အမှတ် – ၁၂/အစန (နိုင်) ၁၇၁၁၂ဝ
၎။ အဘအမည်/ – ဗိုလ်မှူးကြီးကိုကို ( အငြိမ်းစား)
နေရပ် – သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၅။ အမိအမည် – ဒေါ်အေးအေးမြင့် (ဘ) ဦးမောင်ရီ၊ ၅၄ နှစ်
နေရပ် – မ/၃၃၃၊ဗိုလ်ဥာဏလမ်း၊ (ရ) မိုင်
၆။ လူမျိုး/ဘာသာ – ဗမာ/ဗုဒ္ဓ
၇။ လက်ရှိနေရပ်လိပ်စာ – သီရိဂုဏ်အိမ်ရာ၊ ဝေဇယန္တာလမ်း၊ သင်္ဃန်းကျွန်း
၈။ မွေးရပ်ဇာတိ – ရန်ကုန်မြို့
၉။ ပညာအရည်အချင်း – ၁ဝ တန်း
၁ဝ။ အလုပ်အကိုင် – ရုပ်ရှင်သရုပ်ဆောင်
၁၁။ ဇနီး / ခင်ပွန်း – မရှိပါ။
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ – (၁)မသဇင်ကိုကို (အစ်မ)
၁၃။ သား/သမီးများ – မရှိပါ
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ – ၂၈-၅-၂ဝဝ၈/ ဝ၁၃ဝ
၁၅။ ကိုယ်ပုံသဏ္ဍာန် – အရပ် ၅ ပေ ၄ လက်မ၊ မျက်နှာသွယ်၊ နှုတ်ခမ်းပါး၊ နှာတံပေါ်စင်း၊ မျက်ခုံးတို

ကိုယ်ရေးရာဇဝင်အကျဉ်း

ကျွန်မအား အထက်ပါမိဘနှစ်ပါးမှ ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်၊ ၃၆ လမ်းတွင် မွေးဖွားခဲ့ပြီးနောက်၊ အသက် ၁၁ နှစ်အရွယ်တွင် မရမ်းကုန်းမြို့နယ်၊ ၇မိုင်ခွဲ၊ တေးနုယဉ်လမ်းသို့ ပြောင်းရွှေ့နေထိုင်ခဲ့ပါသည်။ ထိုနေရာတွင် ၂/၃ နှစ်ခန့်နေထိုင်ပြီး မရမ်းကုန်းမြို့နယ်၊ ၉ မိုင်၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃၃ သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ပါသည်။ ယခုလက်ရှိအိမ်တွင် မိခင်ဖြစ်သူနေထိုင်လျက်ရှိပါသည်။

ကျွန်မသည် အ မ က (၆) ကျောက်တံတားတွင် မူလတန်းပညာကို သင်ကြားခဲ့ပြီး အ ထ က (၂) ကမာရွတ်၊ အင်းစိန်စော်ဘွားကြီးကုန်းရှိ အ ထ က ကျောင်း၊ မင်္ဂလာဒုံမြို့နယ် အောင်ဆန်းသူရိယလှသောင်းကျောင်း၊ အ ထ က (၂) စမ်းချောင်းတို့တွင် ပညာသင်ကြားခဲ့ပြီး (၁ဝ) တန်းထိ ပညာသင်ကြားခဲ့ပါသည်။ ၁ဝ တန်းကို အောင်သည်အထိ ပညာသင်ကြားခြင်းမရှိတော့ပါ။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

လွန်ခဲ့သည့်နှစ်နှစ်ကျော်ခန့်တွင် ရုပ်ရှင်သရုပ်ဆောင်ချောရတနာ မိတ်ဆက်ပေးသည့် အတွက် အောင်ဇော်ရဲမြင့်နှင့် စတင်သိကျွမ်းခဲ့ပါသည်။ ထိုအချိန်က ကျွန်မမှာလည်း ချစ်သူရည်းစားရှိခဲ့သည့်အတွက် အသိအကျွမ်းအနေဖြင့်သာ သိရှိခဲ့ပါသည်။၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်တွင် အောင်ဇော်ရဲမြင့်မှ ဖုန်းဆက်သွယ်လာပြီး ၄င်းမှာဇနီးဖြစ်သူအေးမြအောင်နှင့်တရားဝင်ကွာရှင်းတော့မည် ဖြစ်ကြောင်းကို ဖုန်းဖြင့်ဆက်သွယ်ပြောကြားခဲ့ပါသည်။ ကျွန်မမှ အောင်ဇော်ရဲမြင့်မှာ အေးမြအောင်နှင့် လက်ထပ်သွားသည့်ကို မသိလိုက်ခဲ့ပါ။ ယခုကွာရှင်းတော့မည် ဖြစ်ကြောင်းသိသည့်အခါ သူ့ကိုအားပေးစကား ပြောကြားပြီး ဆက်သွယ်မှု ရှိလာခဲ့ပါသည်။ အောင်ဇော်ရဲမြင့်လက်ထပ်သည့်နေ့မှာ သူ၏မွေးနေ့ဖြစ်သည့် မေလ ၁၃-ရက်နေ့တွင် အေးမြအောင်နှင့်လက်ထပ်ခဲ့ပြီး ၆လခန့်အကြာတွင် ကွာရှင်းခဲ့ခြင်းဖြစ်ပါသည်။ သူ့ဇနီး အေးမြအောင်နှင့် အဆိုတော်ရဲလေးတို့ တိတ်တဆိတ် ချစ်ကြိုက်နေကြောင်း သိရသဖြင့် ကွာရှင်းခဲ့ခြင်း ဖြစ်ကြောင်း ကြားသိရပါသည်။

အောင်ဇော်ရဲမြင့်နှင့်အေးမြအောင်တို့ ကွာရှင်းသည့်(၂ဝဝ၇ခုနှစ်၊အောက်တိုဘာလ၊နိုဝင်ဘာလခန့်) နေ့၌ပင် အောင်ဇော်ရဲမြင့်မှ ကျွန်မအားချစ်ခင်ကြောင်းပြော၍ ကမ်းလှမ်းခဲ့ပါသည်။နောက်ပိုင်းတွင် ကျွန်မနှင့်တွဲ၍ သွားလာမှုများရှိခဲ့ကာ ကန်တော်ကြီးဟိုတယ်၊ Pioneer CLUBနှင့် BME One CLUB တို့၌ သွားလာလေ့ ရှိပါသည်။

ရဲတံခွန်တာဝါတွင် နေထိုင်ခြင်း

လွန်ခဲ့သည့် (၃/၄)လခန့်မှစ၍ ကျွန်မသည် အောင်ဇော်ရဲမြင့်နေထိုင်သည့် ရဲတံခွန်တာဝါသို့လိုက်ပါ၍ နေထိုင်ခဲ့ပါသည်။ အောင်ဇော်ရဲမြင့်သည် CLUB များသို့သွားပြီးအပြန်တွင် သူငယ်ချင်းများမှာ အတွဲများဖြင့် လိုက်လာပြီး စုရုံး၍ စားသောက်နေထိုင်လေ့ရှိကြပါသည်။ ကျွန်မမှ ရဲတံခွန်တာဝါတွင် လိုက်ပါနေထိုင်သည်ကို ကျွန်မ၏ မိဘနှစ်ပါးမှသိရှိသကဲ့သို့ အောင်ဇော်ရဲမြင့်၏မိဘနှစ်ပါးကလည်း သိရှိပါသည်။ ကျွန်မမိဘများ အနေဖြင့် အောင်ဇော်ရဲမြင့်မှာ ဆိုးသွမ်းသည်ဟုသတင်းကြားသည့်အတွက် သဘောမတူကြပါ။ အောင်ဇော်ရဲမြင့်၏မိဘများဘက်မှ မည်သို့မျှ မပြောပါ။

ကျွန်မရဲတံခွန်တာဝါသို့ရောက်ရှိနေထိုင်ပြီးနောက်ပိုင်း အောင်ဇော်ရဲမြင့် ထံသို့လာရောက်တတ်သူများမှာ ဂန္တဝင်နှင့်၎င်း၏ ညီမဝမ်းကွဲ မငယ် (M-၃ အဆိုတော်)၊ ပြည့်ဖူးခိုင်နှင့် ၄င်း၏ရည်းစား Pioneer Club DJ ဝင်းအောင်၊ သင်ဇာဝင့်ကျော်နှင့် ၄င်း၏ရည်းစား စည်သူမိုးမြင့်၊ မင်းနိုင်နှင့်၎င်း၏တူ ကျော်သူဝင်းတို့မှာ ကလပ်တွင် တွေ့ဆုံကြ ပြီးနောက် ၄င်းတို့၏ကားများဖြင့် ရဲတံခွန်တာဝါသို့ လိုက်လာခဲ့ပါသည်။ ထို့နောက် DJ အခန်း(TV ကြည့်နေသည့်အခန်း) ထဲသို့ ဝင်ရောက်ကာ Ecstasy ဆေးပြားများသုံး၍ ကကြပါသည်။

ကျွန်မနှင့် အောင်ဇော်ရဲမြင့် မတွဲမီက အောင်ဇော်ရဲမြင့်နှင့်ဂန္တဝင်တို့ ရည်းစားအဖြစ် တွဲခဲ့ပါသည်။ ယခုကျွန်မနှင့် တွဲနေသည့်ကာလအတွင်း ကျွန်မနှင့် အောင်ဇော်ရဲမြင့်တို့ အဆင်မပြေရန်ဖြစ်၍ ကျွန်မ၏ မိခင်ရှိသည့် မရမ်းကုန်း ၊ ဗိုလ်ညဏလမ်း၊ အမှတ် ၃၃ရှိနေအိမ် သို့ပြန်ခဲ့ပါသည်။ ထိုအချိန်အတွင်း ဂန္တဝင်၊ ပြည့်ဖူးခိုင်နှင့် နိုင်လင်း၊ ကျော်သူဝင်း၊ မင်းနိုင်တို့အုပ်စု ရဲတံခွန်တာဝါရှိ အောင်ဇော်ရဲမြင့်နေအိမ်သို့ ကလပ်မှအပြန်တွင် လိုက်လာကြပါသည်။ ကျော်သူဝင်းနှင့် အောင်ဇော်ရဲမြင့်တို့ မပြေလည်သည့်ကိစ္စကို လိုက်ပါတောင်းပန်ကြခြင်း ဖြစ်ပါသည်။ ၄င်းတို့အုပ်စုထဲမှာ M-3 မှ အဆိုတော် မငယ်ဆိုသူမှာ အောက်တိုဘာလခန့် တွင် ရဲတံခွန်တာဝါသို့ ရောက်ရှိလာပြီး ညအိပ်ခဲ့ကြောင်း နံနက်မိုးလင်းသည့်အခါ ကျော်သူဝင်း၊ ပြည့်ဖူးခိုင်၊ နိုင်လင်းတို့မှ လာရောက်၍ ကြိုသွားကြောင်း၊ နောက်တစ်နေ့တွင် ဂန္တဝင် တစ်ယောက်တည်း ရောက်လာပြီး မငယ်အား ယမန်နေ့က မည်သည့်အတွက် ခေါ်သွားကြောင်း မေးမြန်းသည်ကို သိရှိရပါသည်။

Ecstasy ဆေးပြားများသုံးစွဲဖူးခြင်း

ကျွန်မသည် အောင်ဇော်ရဲမြင့်နှင့် ရည်းစားမဖြစ်မီက ၂ဝဝ၇ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလခန့်တွင် ရွှေကောင်းဟော့ပေါ့ ပိုင်ရှင် (တရုတ်မအမည်မသိ) ၄င်း၏ရည်းစား ဦးဖိုးဌေး၊ (အိုက်ဟောက်၏တပည့်၊ မန္တလေးမြို့သား) တို့နှင့်အတူ BME-1 တွင် တွေ့ဆုံလေ့ရှိပါသည်။ တွေ့ဆုံသည့်အခါများတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးမှ ကျွန်မအပါအဝင် ရုပ်ရှင်မင်းသမီးများအား Ecstacsy ဆေးပြား ၁ ပြား/တစ်စိတ်စီ တိုက်လေ့ ရှိပါသည်။ ကိုကလပ်သည် အထူးသဖြင့် ရုပ်ရှင်မင်းသမီးများကို Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်လေ့ ရှိပါသည်။ ကလပ်များသို့ ရုပ်ရှင်သရုပ်ဆောင်များလာပါက ကလပ်တွင် ဧည့်သည်စည်ကားစေရန်အတွက် ဆေးပြားများကို တိုက်ကျွေးခြင်းဖြစ်ပါသည်။

BME-1 မှ အထူးအခန်းများ

BME-1 တွင် အထူးအခန်းတွင် ထားလေ့ရှိပြီး ထိုအခန်းများသို့ အိုက်ဟောက်၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ J Donuts ကိုအေးဝင်း၊ ကိုသက်နိုင်၊ ကိုတေဇ၏တပည့် နားကွင်းသူရ၊ ယုံးဖူကော (ဖားကန့်တွင် ကျောက်လုပ်သူ) ပဲအရောင်းအဝယ်လုပ်သူ ကုလားလူမျိုး ဦးမြင့်သန်းတို့ လာရောက်လေ့ရှိပါသည်။ ၄င်းတို့နှင့် သိကျွမ်းသူ အမျိုးသမီးငယ် အဖော်များကို ခေါ်လာပြီး သီးသန့်ကခုန်ကြခြင်း ဖြစ်ပါသည်။ အိုက်ဟောက်မှ ရုပ်ရှင်သရုပ်ဆောင် မိုးဟေကို၊ ပပဝင်းခင်နှင့် ဇင်ဇင်ဇော်မြင့် တို့အား ခေါ်ယူ၍ ကခုန်ကြပြီး ထိုရုပ်ရှင် သရုပ်ဆောင်များကို ခေါ်ယူစဉ် အိုက်ဟောက်မှ ၅ သိန်းပေးပါသည်။ BME-1 ရှိ အထူးခန်းတွင် အိုက်ဟောက်၏ တပည့် ကိုဖိုးဌေးနှင့် လာရောက်သူ အမျိုးသမီးကလေးများ Ecstasy ဆေးပြား တစ်စိတ်စီကို တိုက်ကြောင်း၊ အလားတူ အပြင်ဘက်ရှိ ခန်းမတွင်လည်း လိုက်၍တိုက်ကြောင်း၊ ထို့အပြင် ထမင်းစားပန်းကန်ပေါ်တွင် K-Powder အမှုန့်များကို ထည့်ပေးထားပြီး နှစ်သက်သူ သုံးစွဲရန်တင်ပေးထားပါသည်။

အက်စ်ကားဘိတ်ဟိုတယ်သို့သွားရောက်ခြင်း
ကျွန်မသည် ၂ဝဝ၇-ခုနှစ် စက်တင်္ဘာလခန့်တွင် ကိုဖိုးဌေး၊ ကိုဖိုးဌေး၏ရည်းစားဖြစ်သူ မယမင်းတို့နှင့်အတူ ကမာရွတ်၊လှည်းတန်းလမ်းမကြီးပေါ်ရှိ အက်စ်ကားဘိတ် ဟိုတယ်သို့သွားရောက်ခဲ့ပါသည်၊ဟိုတယ်တွင် J Donuts ကိုအေးဝင်းမှ BME-1 မှ DJ ကိုပါခေါ်ပြီး ပါတီပွဲပြုလုပ်ခဲ့ပြီး ထိုနေ့က ကျွန်မနှင့်အတူ ကိုသက်နိုင်၊ နားကွင်းသူရ၊ တိုနီထွန်းထွန်းမှ ကိုဇော်ကြီး၊ယုံဖူကော (ကိုတေဇနှင့်တွဲနေကျအမျိုးသမီး) တို့ လာရောက်ကြပါသည်။ သီးသန့် ပါတီပွဲဖြစ်၍ လူသိများကိုသာဖိတ်ခြင်းဖြစ်ပါသည်၊ ထိုပါတီပွဲတွင်လည်း စိတ်ကြွဆေးပြားကို လူတိုင်းသို့တိုက်ပါသည်။

အောင်ဇော်ရဲမြင့်နှင့် WY အတူသုံးစွဲခြင်း

၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလခန့်က အောင်ဇော်ရဲမြင့် နှင့်စတင်ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်ပြီး WY ဆေးပြားကို အတူသုံးစွဲခဲ့ပါသည်၊အောင်ဇော်ရဲမြင့်နှင့် မကြိုက်ခင်(၂) လခန့်ကစ၍ ၄င်းဆေးပြားအား ဂန္တဝင်၊ မငယ်၊ကျော်သူဝင်း၊ကိုမင်းနိုင်၊ပြည့်ဖူးခိုင်၊နိုင်လင်း၊သင်ဇာဝင်ကျော် တို့နှင့်အတူ စတင်သုံးစွဲခဲ့ပါသည်။ ၄င်းတို့နှင့် အတူ Golden Hill တွင် (နိုက်ဆင်း)မရှိသည့်ရက်များတွင် သုံးစွဲခဲ့ဘူးပါသည်၊ ၄င်းနောက် နိုဝင်္ဘာလဆန်းတွင် ၄င်းအဖွဲ့နှင့်တွဲသည်ကို မိခင်မှမကြိုက်သဖြင့် မိသားစုအားလုံး(၉)ရက် တရားစခန်း ဝင်ချိန်တွင် လိုက်ပါဝင်ရန်ခေါ်သါားခဲ့ပါသည်၊ တရားစခန်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း နိုဝင်္ဘည(၁၃)ရက်နေ့တွင် အောင်ဇော်ရဲမြင့် မှကန်တော်ကြီး Lake View စားသောက်ဆိုင်တွင် ထမင်းဖိတ်ကျွေးပြီး၊ ၄င်းနေ့တွင် ချစ်ကြိုက်ခဲ့ပါသည်၊ ၄င်းနှင့်ချစ်ကြိုက်နေစဉ်အတွင်း ဂန္တဝင်တို့အဖွဲ့မှ မကြိုက်ရန်တားမြစ်ပြီး ၊အားလုံးမှ အဆက်အသွယ်ဖြတ်သွားကြပါသည်၊ တစ်ပါတ်ခန့်ကြာသောအခါမှ အောင်ဇော်ရဲမြင့်အား ပြန်လည်စကားပြော ကြပါသည်။

အောင်ဇော်ရဲမြင့်နှင့်ချစ်ကြိုက်ပြီး၊၄င်းမှ WY သုံးဘူးလားဟုမေးရာ ဂန္တဝင်တို့နှင့် သုံးဘူးကြောင်းပြောပြ ခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် အောင်ဇော်ရဲမြင့်၏အိမ်တွင် ၂ဝဝ၇-ခုနှစ် နိုဝင်္ဘာလမှစ၍ နေ့စဉ် ရှူတင်သွားကာနီးတွင် ကျွန်မမှ (၂)လုံးသုံးစွဲပြီး အောင်ဇော်ရဲမြင့်မှ ဘယ်နှစ်လုံးသုံးသည်ကိုမသိရှိပါ၊ နိုက်ဆင်းရှိသည့်ရက်များတွင် အိမ်သို့ညနေ(၆)နာရီခန့်တွင် ပြန်လည်ရောက်ရှိပြီး၊ ညနေ ရှူတင်မသွားခင် (၆)နာရီခွဲခန့်တွင် (၂/၃)လုံးသုံးစွဲပြီးမှသွားပါသည်၊ နိုက်ဆင်းမရှိသည့်ရက်များတွင် မိဘအိမ်၊ စက်ချုပ်ဆိုင်၊ အလှပြင်ဆိုင် များသို့ အလှည့်ကျသွားပြီး မိဘအိမ်တွင် ပြန်အိပ်ပါသည်၊ တစ်ခါတစ်ရံ ကလပ်သို့ အောင်ဇော်ရဲမြင့်နှင့်အတူ သွားရောက်ခဲ့ပါသည်၊ တစ်ပါတ် (၃)ကြိမ်ခန့် ကလပ်သို့ရောက်ဖြစ်ပါသည်၊ ကလပ် တွင် ကိုမင်းနိုင်တို့ရှိသည့်နေ့၌ ကိုမင်းနိုင်တို့အဖွဲ့မှ အစ်မ ဘာ (ON) ထားလဲ၊ ရှိတယ် ယူမလား၊ သောက်မလားဟု အမြဲမေးတတ်ပါသည်။

အိမ်မှ ရှူတင်သွားပြီးအပြန် ကလပ်သို့ မငယ် တို့အုပ်စုနှင့်အတူသွား၍ က ပါသည်။ အောင်ဇော်ရဲမြင့်နှင့် စိတ်ဆိုးနေစဉ် မြဝတီနှစ်ပါတ်လည် ရိုက်စဉ် ၂ဝဝ၈-ခုနှစ် မတ်လ ခန့်ကတစ်ကြိမ်၊ ၂ဝဝ၈-ခုနှစ် ဧပြီလ သင်္ကြန်မတိုင်ခင် (၁၁)ရက်နေ့က တစ်ကြိမ် ကိုမင်းနိုင်တို့အဖွဲ့နှင့် ဘလေဇွန်တိုက်ခန်းတွင် ကလပ်မှအပြန် လိုက်ပါ၍ WYဆေးပြားများ သုံးစွဲခဲ့ပါသည်။ သင်္ကြန်အကြို (၁၂)ရက်နေ့တွင် အောင်ဇော်ရဲမြင့်မှ အတင်းလာခေါ်၍ ပြန်လိုက်သွားပြီး အကြတ်နေ့တွင် စတားကလပ် မဏ္ဍပ်သို့ ကေခိုင်ရဲမြင့် ခေါ်သဖြင့် ကျွန်မတို့ နှစ်ဦးသွားရောက်ခဲ့ပါသည်။

နောက်တစ်နေ့ သင်္ကြန်အကြပ်နေ့တွင် ည(၁ဝ)နာရီခန့် BME-1 သို့ ရောက်ရှိခဲ့ပါသည်၊ ထိုညတွင် ကလပ်မှ ပိတ်ထားပြီး ကားအစီး(၂ဝ)ခန့် တွေ့သည့်အတွက်မေးရာ မောင်ဝိတ်မှ သင်္ကြန်တွင်းတစ်ခုလုံး ငှားထားသည်ဟု ပြောနေစဉ် မောင်ဝိတ် ထွက်လာပြီး အထဲတွင် ကိုပြည်အောင် (ဦးအောင်သောင်း၏ သား) ရှိတယ်၊ မင်းနဲ့ ရှော့ရှိသလားဟု မေးရာ မရှိကြောင်းပြောသဖြင့် အထဲသို့ဝင်ခွင့်ရရှိခဲ့ပါသည်၊လူရှင်းသည့်စားပွဲဝိုင်းတွင်နေရာ ချပေးပြီး မောင်ဝိတ်မှ စကားပြောဧည့်ခံပြီး ခဏအကြာထွက်သွားပါသည်၊ ၄င်းနောက် ဝိတ်တာ မှ ရေသန့်ဗူး တွင် ဆေးပြားများရောစပ်ထားသည့် အရက်နှင့်ကိုကာကိုလာရောစပ်ပြီး လာချပေးပါသည်။ ထို့နောက် အောင်ဇော်ရဲမြင့်နှင့်နှစ်ဦးအတူ မနက်(၄)နာရီခွဲအထိက ဖြစ်ကြပါသည်။
သင်္ကြန်အတက်နေ့တွင် အင်းယားလိတ် DJ ဘားကလပ်သို့ ည(၁၁)နာရီခန့်တွင် ရောက်ရှိခဲ့ပြီး DJ ကို မြန်မာသီချင်း ဖွင့်ခိုင်းရာမှ ဝိတ်တာနှင့် စကားများရာမှ ကျွန်မ နှင့်ပါအကြီးအကျယ်စကားများရန်ဖြစ်ပြီး ပြန်လာခဲ့ကြပါသည်။

ပြန်လည်ဖတ်ပြရာမှန်ကန်ကြောင်းအောက်တွင်လက်မှတ်ရေးထိုးပါသည်။

အစစ်ခံသူ
စံပယ်ကိုကို(ခ)ဇာဇာသိမ့်(ခ)နဝရတ်

 
1454771_10201556416965306_1475995426_n
 
 
##############
အပိုင်း-(၃)
++++++++++++
ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့ စစ်ဆေးချက်
စိုးမြတ်သူဇာ (ခ) မစိုး၏ အစစ်ခံချက် (၃ဝ-၄-၂ဝဝ၈)၁။ အမည် – စိုးမြတ်သူဇာ (ခ) မစိုး
၂။ အသက် – ၁၉၇၁ (၃၇/ဝ၈)နှစ်
၃။ အလုပ်အကိုင် – ရုပ်ရှင်ဗွီဒီယိုသရုပ်ဆောင်
၎။ မှတ်ပုံတင်အမှတ် – ၁၂/ဗဟန (နိုင်)ဝ၆၉၄၉၃
၅။ အဘအမည် – ဗိုလ်မှူးစိုးမြင့် (အငြိမ်းစား)၊ နေရပ် – မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၆။ အမိအမည် – ဒေါ်ကြည်ကြည်ခင်၊ နေရပ် –
၇။ လူမျိုး/ဘာသာ – ဗမာ/ဗုဒ္ဓ
၈။ လက်ရှိနေရပ်လိပ်စာ – မ-၁၇၈၊ ရွှေနှင်းဆီ (၆) လမ်း၊ ၉ မိုင်၊ မရမ်းကုန်း
၉။ မွေးရပ်ဇာတိ – ရန်ကုန်
၁ဝ။ ပညာအရည်အချင်း – နောက်ဆုံးနှစ် (သမိုင်း)
၁၁။ ဇနီး / ခင်ပွန်း – ဦးမျိုးမင်း
၁၂။ မွေးချင်းညီအစ်ကိုမောင်နှမများ – (၄)ဦး
(၁) စစ်ဆေးခံရသူ (၂) စိုးမြတ်ကလျာ (၃) စိုးသူရနိုင် (ယခု အမေရိကရောက် ) (၄) စိုးမြတ်နန္ဒာ
၁၃။ သား/သမီးများ – –
၁၄။ စစ်ဆေးသောနေ့ရက်/နေရာ – ၃ဝ-၄-၂ဝဝ၈ /ရန်ကုန်မူးယစ်အရှေ့အထူးအဖွဲ့
၁၅။ ကိုယ်ပုံသဏ္ဍာန် – ဆံပင်နက်ဖြောင့်၊ ဂုတ်ထောက်၊ နဖူးကျယ်၊ မျက်ခုံးကောင်း၊ နှာတံပေါ်၊ မျက်စိနက်၊ နားရွက်ကြီးကပ်၊ မျက်နှာလေးထောင့်ကျ၊ ကိုယ်လုံးတောင့်၊ အရပ် ၅ ပေ ၆ လက်မခန့်ရှိ၊ အောက်နှုတ်ခမ်းအမာရွတ်ရှိ

ကိုယ်ရေးရာဇဝင်အကျဉ်း

၁၆။ ကျွန်မသည် ရန်ကုန်ဇာတိဖြစ်ပြီး မွေးချင်း ၄ ဦးအနက် အကြီးဆုံးသမီး ဖြစ်ပါသည်။ ကျွန်မသည် ငယ်စဉ်က ခ – လ – ရ (၆) တပ် အ – မ – က ကျောင်းတွင် စတုတ္တတန်းထိပညာသင်ကြားခဲ့ပြီး ပဉ္စမတန်းကို မှော်ဘီတပ်ကြီးကုန်း အ – လ – ကကျောင်းတွင်လည်းကောင်း၊ ဆဋ္ဌမတန်းမှ ဒဿမတန်းအောင်သည်ထိ ထားဝယ် အ – ထ- က ၁ တွင် လည်းကောင်း၊ တက္ကသိုလ်ပညာအား အဝေးသင်တက္ကသိုလ် (ရန်ကုန်)တွင် နောက်ဆုံးနှစ်ထိ ပညာသင်ကြားခဲ့ပါသည်။ ၁၉၈၉ ခုနှစ်တွင် ရုပ်ရှင်သရုပ်ဆောင် စတင်လုပ်ကိုင်ခဲ့ပါသည်။ ၂ဝဝဝ ခုနှစ်တွင် အမေရိကန်နိုင်ငံ SALEM မြို့နေ (ဘ) ဦးချစ်ကို၏သား ဦးမျိုးမင်းနှင့် အိမ်ထောင်ကျခဲ့ပါသည်။ ကျွန်မ၏ခင်ပွန်းမှာ အမေရိကန်နိုင်ငံတွင် ABERY ကုမ္ပဏီတွင် ငွေစာရင်းကိုင်အဖြစ် အလုပ်လုပ်ကိုင်လျက်ရှိပါသည်။ စားသောက်ဆိုင်လုပ်ငန်းလည်း လုပ်ကိုင်ပါသည်။ ကျွန်မတို့သည် အမေရိကန်နိုင်ငံ၊ Califonia ပြည်နယ် Salen City တွင် ၃ နှစ်ခန့် နေထိုင်ပါသည်။ ၄င်းနောက် လော့စ်အင်ဂျယ်လိစ်မြို့သို့ ပြောင်းရွှေ့နေထိုင်ပြီး မလေးရှားစားသောက်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။ ကျွန်မခင်ပွန်း၏ မိသားစုများမှာ လာ့စ်ဗီးဂတ်စ်စီးတီး တွင်နေပါသည်။ ၄င်းမြို့တွင်လည်း နောက်ထပ်စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ရောင်းချပါသည်။

၁၇။ ကျွန်မသည် ကိုမျိုးမင်းနှင့် လက်ထပ်ပြီးနောက် ၂ဝဝ၃ ခုနှစ်၊ မေလခန့်တွင် ပထမတစ်ကြိမ်၊ ၂ဝဝ၅ ခုနှစ် စက်တင်ဘာလတွင် ညီမငယ် စိုးမြတ်နန္ဒာ၏ မင်္ဂလာဆောင်သို့ ဒုတိယတစ်ကြိမ် လာရောက်ရင်း ၄-လခန့် နေထိုင်ခဲ့ပြီးနောက် အမေရိကန်နိုင်ငံသို့ ပြန်သွားခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ရက်သတ္တပတ် ၂ပတ်ခန့် နေထိုင်ပြီး ၂ဝဝ၆-ခုနှစ် သင်္ကြန်မတိုင်မီ မြန်မာနိုင်ငံသို့ ပြန်လာခဲ့ပါသည်။ ၂ဝဝ၆ ခုနှစ်မှ ၂ဝဝ၈ ခုနှစ်အတွင်း မြန်မာနိုင်ငံနှင့်အမေရိကန် နိုင်ငံ အသွားအပြန် ၄ ကြိမ်ခန့်ရှိခဲ့ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ နောက်ဆုံး ပြန်လာသည့်ရက်မှာ ၂၂-၃-၂ဝဝ၈-ရက်နေ့ဖြစ်ပါသည်။ ကျွန်မ မြန်မာနိုင်ငံသို့ပြန်လာစဉ် ၂ဝဝ၅ ခုနှစ်၊ စက်တင်ဘာလ တစ်ကြိမ်နှင့် ၂ဝဝ၆ ခုနှစ် စက်တင်ဘာလတစ်ကြိမ်တို့တွင် ကျွန်မနှင့်အတူ ခင်ပွန်းသည် ဦးမျိုးမင်းလည်း လိုက်ပါခဲ့ပါသည်။ ကျွန်မရန်ကုန်သို့ ပြန်လာလျှင် မိဘများနေထိုင်သည့် ဖော်ပြပါလိပ်စာတွင် နေထိုင်ပါသည်။

မှုခင်းပိုင်းဆိုင်ရာထွက်ဆိုချက်

၁၈။ ၂ဝဝ၆-ခုနှစ် ဇန်နဝါရီလ(၁)ရက်နေ့တွင်ကျွန်မ ရာမဆေးပြား စတင်သုံးစွဲခဲ့သည့် နေ့ဖြစ်သဖြင့် ကျွန်မအမှတ်ရနေ ပါသည်၊ ထိုနေ့မှာနှစ်သစ်ကူးနေ့ ဖြစ်ပါသည်။ ဆီဒိုးနားဟိုတယ်စတိတ်ရှိုးရှိသဖြင့် သူငယ်ချင်းဖြစ်သူ ထူးမွန်၊ မြတ်ကေသီအောင်တို့နှင့်ချိန်းဆို၍ သွားရောက်ခဲ့ပြီး ဆီဒိုးနားဟိုတယ်တွင် အခန်းတစ်ခန်း ငှားယူပြီး အခန်းမှနေ၍ စတိတ်ရှိုးကြည့်ခဲ့ပြီး ရာမဆေးပြားကို စတင်သုံးစွဲခဲ့ပါသည်။ သူငယ်ချင်းဖြစ်သူ ထူးမွန်နှင့် မြတ်ကေသီအောင်တို့မှာ ယခင်ထဲကရာမဆေးပြားသုံး စွဲဘူးသူများဖြစ်၍ ၄င်းတို့မှ ရာမဆေးပြားကို ယူလာခဲ့ခြင်းဖြစ်ပါသည်။ ၄င်းအခန်းတွင်ပင် ဆေးပြားရှူသည့်ရေသန့်ဗူးနှင့် ခဲပြားကို ၄င်းတို့ ၂ ဦးမှ ပြင်ဆင်ပြီး ၃ ဦးအတူ သုံးစွဲခဲ့ခြင်းဖြစ်ပါသည်။ ထိုနေ့က ရာမဆေးပြား ၅ ပြားကို မျှဝေသုံးစွဲခဲ့ခြင်း ဖြစ်ပါသည်။ ကျွန်မမှာ ရာမ ဆေးပြား ၁ လုံးသာ သုံးစွဲခဲ့ပါသည်။

ဒွေး (ခ) သားကြီးနှင့် စိတ်ကြွဆေးပြားနှင့်ပတ်သက်၍ဆက်နွယ်ခြင်း

၁၉။ ၂ဝဝ၆ ခုနှစ်၊ ဖေဖော်ဝါရီလ ခန့်တွင် ဒွေး (ခ) သားကြီး၊ ကျွန်မနှင့် မြတ်ကေသီအောင်တို့ မေမြို့သို့ ရုပ်ရှင် ကားရိုက်ရန် သွားရောက်ခဲ့ပါသည်။ ရုပ်ရှင်ကားရိုက်စဉ် သားကြီး (ခ) ဒွေးမှ ရာမဆေးပြား သုံးစွဲကြောင်း ကျွန်မ တို့မှ သိရှိထားသည့်အတွက် ကျွန်မတို့သုံးစွဲလို၍ ဒွေး (ခ) သားကြီးထံမှ ဆေးပြားတောင်းယူခဲ့သဖြင့် ၄င်းနှင့် အတူ ဆေးပြားသုံးစွဲခဲ့ပါသည်။ ထိုသို့သုံးစွဲရာတွင်လည်း ဒွေး (ခ) သားကြီးမှ ဆေးပြားသုံးစွဲရန် ပြင်ဆင်ပေး၍ သုံးစွဲခဲ့ပါသည်။ ၄င်းနောက်ပိုင်းတွင် ရာမဆေးပြားသုံးစွဲလိုသည့်အခါ ကိုသားကြီး (ခ) ဒွေးထံသို့သွား၍ သုံးစွဲခဲ့ပါသည်။ ကျွန်မနေအိမ်တွင် သုံးစွဲရန်အတွက် ဆေးပြားလိုချင်လျှင် ကိုသားကြီးထံမှ ယူပြီး သုံးစွဲပါသည်။ ဆေးပြားဖိုးကိုတော့ ၄င်းဝယ်ယူသည့်ဈေးနှုန်းအတိုင်း ကျွန်မတို့မှ ပေးရပါသည်။ ဆေးပြား ၁ပြားလျှင် ၂ဝဝဝ ကျပ်မှ ၃၅ဝဝ ကျပ်အထိ ပေးရပါသည်။

ဒွေး (ခ) သားကြီး၏ ချိတ်ဆက်ပေးမှုကြောင့် မဖြိုး (ခ) ဖြိုးသူသူဝင်းနှင့်သိရှိခဲ့ခြင်း
၂ဝ။ ၂ဝဝ၇ ခုနှစ် ဒွေးမကွယ်လွန်မီ ဒွေး (ခ) ကိုသားကြီး တောင်ကြီးမြို့သို့ ရုပ်ရှင်ကားရိုက်ထွက်စဉ် ကျွန်မ ဆေးပြားလိုအပ်၍ ဒွေး (ခ) သားကြီးထံသို့ ဖုန်းဆက်ရာ ဒွေးမှ မဖြိုး၏ ဖုန်းအားဆက်ပြီး ကျွန်မတို့နှင့် ဆက်သွယ်ပေးပါသည်။ မဖြိုး၏ဖုန်းနံပါတ်ကိုလည်း ကျွန်မတို့အား ပေးခဲ့ပါသည်။ မဖြိုးအား ကျွန်မမှ ဖုန်းဖြင့် ဆက်သွယ်ရာ မဖြိုးမှ ၄င်းနေအိမ်သည် ဗဟန်းမြို့နယ်၊ နှင်းဆီကုန်းဆေးခန်းဘေးရှိ တိုက်တွင်နေထိုင်ကြောင်း၊ ဒွေးမှလည်း ဖုန်းဆက်အကြောင်းကြားထားကြောင်း၊ ဆေးပြားလိုလျှင် လာရောက်ယူရန်ပြောသဖြင့် ကျွန်မ၏ အကူအလုပ်သမားဖြစ်သူ အသေးလေးအား ဒေါ်လာလဲသည်ဟု ပြောပြီး ကျွန်မမှ ပိုက်ဆံပေးကာ မဖြိုး၏ နေအိမ်သို့ သွားရောက်ယူခိုင်းခဲ့ပါသည်။ မဖြိုးမှ ဆေးပြားများကို စာအိတ် ၂ လုံးထပ်၍ ထည့်ပေးလိုက်ခြင်း ဖြစ်ပါသည်။ ကျွန်မ မဖြိုးထံမှ ဆေးပြားတစ်ကြိမ်ယူလျှင် ၅ဝ ပြားယူပါသည်။ မဖြိုးအား ဆေးပြား ၁ ပြားလျှင် ၂ဝဝဝိ/-မှ ၄၅ဝဝိ/-အထိ ပေးရပါသည်။

ညီမဖြစ်သူစိုးမြတ်ကလျာမှ ဆေးပြားရရှိအောင် ဆောင်ရွက်ပေးခြင်း

၂၁။ ကျွန်မသည် မဖြိုးထံမှ ဆေးပြားဝယ်ယူရာတွင် ၁ ပြားလျှင် ၄၅ဝဝိ/-နှုန်းဖြစ်ကြောင်း ညီမဖြစ်သူ စိုးမြတ်ကလျာအား ပြောပြခဲ့ရာ ညီမဖြစ်သူမှ ၄င်းထံတွင် ဆေးပြား ၁ပြားလျှင် ၄ဝဝဝိ/-နှုန်းဖြင့် ဝယ်ယူရရှိနိုင်သူ ရှိကြောင်း ပြောပြခဲ့သဖြင့် ညီမဖြစ်သူမှတစ်ဆင့် တစ်ခါယူလျှင် စိတ်ကြွဆေးပြား ၂ဝဝ ပြားစီပါ တစ်ထုပ်ကို ကျွန်မနှင့် ဆုဒါလီတို့ တစ်ယောက်တစ်ဝက် ခွဲ၍ ယူပါသည်။ထိုသို့ ၂/၃ ကြိမ်ခန့် ညီမဖြစ်သူထံမှ ရရှိခဲ့ပါသည်။ညီမဖြစ်သူ မစိုးမြတ်ကလျာမှ ၄င်းဆေးပြားများကို မည်သည်ထံမှ ဝယ်ယူကြောင်းကိုတော့ ကျွန်မ မမေးမိ၍ မသိရပါ။ညီမဖြစ်သူစိုးမြတ်ကလျာထံမှ နောက်ဆုံးအခေါက်ကို ၂ဝဝ၈ ခုနှစ် သင်္ကြန်မတိုင်မီက ၂ဝဝပြားပါတစ်ထုပ်အား ရရှိခဲ့ပါသည်။ ၄င်းဆေးပြား၂ဝဝ ပြားထဲမှ ဆုဒါလီမှ မယူတော့သဖြင့် ကျွန်မတစ်ဦးတည်း ယူထားရပါသည်။

ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန်သွားစဉ် ယူဆောင်သွားသည့် WY ဆေးပြားများကိစ္စ

၂၂။ ကျွန်မ ယခုအခေါက် ကျိုက်ထီးရိုးသို့ ရုပ်ရှင်ကားရိုက်ရန် သွားရောက်ခဲ့စဉ် ကျွန်မယူထားသည့် ဆေးပြား၂ဝဝ ပြားပါထုပ်မှ ကျွန်မသုံးစွဲထား၍ အပြည့်မရှိတော့သည့် ဆေးပြားထုပ်အား အဝတ်အစား သေတ္တာထုပ် ဖြင့် ထည့်၍ ကျိုက်ထီးရိုးသို့ သွားသည့် ဘက်စ်ကားတွင် တင်ပေးလိုက်ပါသည်။ ကျိုက်ထီးရိုးသို့ ရောက်ရှိပြီး ဒါရိုက်တာကိုမိုက်တီးမှ ဆေးပြား ကျွန်မထံတွင် ရှိသေးလျှင် မျှရန်ပြောသဖြင့် ဆေးပြား၅ဝ ပြားကို ပေးခဲ့ရပါသည်။ ရုပ်ရှင်သရုပ်ဆောင် ကိုလွင်မိုးမှလည်း ၄င်းတွင်ဆေးပြားမပါ ၍ ကျွန်မထံမှ ဆေးပြား ၁ဝ ပြား အား ချေးယူသဖြင့် ပေးခဲ့ရပါသည်။ ၄င်းအား ဆေးပြားပေးပြီး နောက်တစ်နေ့တွင် ကိုလွင်မိုးထံသို့ ဆေးပြားပေးသူ ရောက်ရှိလာကြောင်း ကျွန်မအား ပြောပြပြီး ကျွန်မထံမှ ချေးယူထားသော ဆေးပြား ၁ဝ ပြားကို ပြန်ပေးသွားပါသည်။ကျွန်မတို့ ကျိုက်ထီးရိုးမှ ပြန်သည့်နေတွင် ကျွန်မထံတွင် ကျန်ရှိနေသည့် ဆေးပြား ၁ဝ ပြားကို ဒါရိုက်တာ မိုက်တီးမှ တောင်းသဖြင့် ကျွန်မပေးခဲ့ပါသည်။ကျွန်မဆေးပြားသုံးရခြင်းမှာ ကျွန်မသည် သရုပ်ဆောင် လုပ်သည့်အပြင် ဝတ္ထုဇာတ်ညွှန်းရေးသည့် အလုပ်ကိုလည်း လုပ်ပါသည်။ ကျွန်မ စိတ်ကြွရူးသွပ် ဆေးပြား သုံးစွဲပြီး ဝတ္ထုရေးလျှင် ကြာရှည်စွာ စာရေးနိုင်သည့်အတွက် သုံးစွဲခြင်း ဖြစ်ပါသည်။

အောင်ဇော်ရဲမြင့်ထံတွင် မူးယစ်ဆေးဝါးများ ရရှိနိုင်ခြင်း

၂၃။ အောင်ဇော်ရဲမြင့်ထံတွင် WY ဆေးပြားများကို အမြဲရရှိနိုင်ပြီး ၄င်းထံသို့ သွားရောက်ပါက မည်သည့် ဆေးပြား ကိုမဆို အလွယ်တကူရရှိနိုင်ပြီး အများအပြား ရှိကြောင်း ကြားဖူးပါသည်။ ရောင်းချခြင်းမဟုတ်ဘဲ သူငယ်ချင်း အပေါင်းအသင်းများအား ၄င်းနေထိုင်သည့်အိမ်တွင် အခမဲ့ အလွယ်တကူ ဝေငှသုံးစွဲကြပါသည်။

ရုပ်ရှင်လောကမှ WY ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများ

၂၄။ ကျွန်မသိရှိသလောက် ရုပ်ရှင်လောကအတွင်း WY ဆေးပြားသုံးစွဲသူများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
( က ) မင်းမော်ကွန်း ( သရုပ်ဆောင် )
( ခ ) နန္ဒာလှိုင် ( ယခင်သုံးစွဲ အစာအိမ်ဖြစ်၍ ယခု သုံးစွဲခြင်းမရှိ )
(ဂ ) မြတ်ကေသီအောင် ( သရုပ်ဆောင် )
( ဃ) ဆုဒါလီ ( သရုပ်ဆောင် )
( င ) အာရုံဦး ကိုဇော် ( ဒါရိုက်တာ )
( စ ) မောင်မျိုးမင်း ( ဒါရိုက်တာ )
( ဆ) ညိုမင်းလွင် ( ဒါရိုက်တာ )
( ဇ ) လွင်မိုး ( သရုပ်ဆောင် )
( ဈ ) နေထက်လင်း ( သရုပ်ဆောင် )
( ည) မိုက်တီး ( ဒါရိုက်တာ )
( ဋ ) လူမင်း ( သရုပ်ဆောင် )
( ဌ ) သဉ္ဇာဝင့်ကျော် ( သရုပ်ဆောင် )
( ဍ ) သားညီ ( သရုပ်ဆောင် )
ရုပ်ရှင်လောကမှ Ecstasy ဆေးပြား သုံးစွဲကြောင်း ကြားသိရသူများမှာ-
(က) နဝရတ်
( ခ) သဉ္ဇာဝင့်ကျော်
အဆိုတော်လောက WY ဆေးပြား သုံးစွဲသည့်ဟု ကြားသိရသူများမှာ-
( က ) မျိုးကျော့မြိုင်
( ခ ) R ဇာနည်
( ဂ ) ဖြိုးကြီး

ပြန်လည်ဖတ်ကြည့်ရာ မှန်ကန်ပါသည်။
အစစ်ခံသူ – မစိုးမြတ်သူဇာ
စစ်ဆေးသူ – (၁) ရဲမှူး ဒေါ်သန်းအေး၊ မူးယစ်တရားမဝင်ငွေကြေးပစ္စည်းစုံစမ်းစစ်ဆေးရေးအဖွဲ့
(၂) ဒုရဲအုပ် ခင်မောင်အေး၊ ရန်ကုန်အရှေ့မူးယစ်အထူးအဖွဲ့

(-ဆက်ရန်)

 
1460289_10201551740328393_438571529_n
 
 
 
 
 
 
အပိုင်း-၂ *
——————————-
၁၁။ ရန်ကုန်မြို့တွင် အဓိကဖြန့်ဖြူးသူ အောင်နိုင် (ဖမ်းဆီးရမိပြီး) ထံမှ စိတ်ကြွဆေးပြားများကို အများဆုံး ဝယ်ယူသူ နောက်တစ်ဦးမှာ ထက်ထက်အောင် (ဘ) ဦးသိန်းဝင်း ဖြစ်ပါသည်။ ၄င်းမှာ လူငယ်များအား ဆေးပြားများကို ရောင်းချပြီး ကိုယ်တိုင်လည်း သုံးစွဲသူဖြစ်ပါသည်။၁၂။ စိုးမြတ်ကလျာသည် မဖြိုးထံမှလည်းကောင်း၊ ယခင် မဖြိုးထံမှ နောက်ပိုင်းတွင် အောင်နိုင်ထံမှ လည်းကောင်း၊ ၂ လအတွင်း ဆေးပြား ၂ဝဝ ပြား ၃ ကြိမ်ဝယ်ယူခဲ့ပြီး ၂ဝဝ၇ ခုနှစ်၊ သင်္ကြန်အကြိုနေ့တွင် အောင်နိုင်မှ စိုးမြတ်ကလျာ၏ နေအိမ်အဝသို့ ဆေးပြား ၂ဝဝ ပြားကို ကိုယ်တိုင်လာရောက်ပို့ပေးခဲ့ကြောင်း၊ အောင်နိုင်ထံသို့ စိတ်ကြွဆေးပြားဖိုးအကြွေးငွေ ၁၄ သိန်း ပေးရန်ကျန်ရှိနေသေးကြောင်း သိရှိရပါသည်။

အောင်ဇော်ရဲမြင့်

၁၄။ အောင်ဇော်ရဲမြင့် (၂၉/၀၈ နှစ်) သည် အဘဒုတိယဗိုလ်ချုပ်ကြီး ဦးရဲမြင့်၊ အမိ ဒေါက်တာ ဒေါ်တင်လေးမြင့်တို့မှ မွေးဖွားသော မွေးချင်း ၃ ဦးရှိသည့်အနက် ဒုတိယသားဖြစ်ပါသည်။ ရန်ကုန်ဇာတိဖြစ်ပြီး ၁၉၉၆ခုနှစ်တွင် တက္ကသိုလ် ဝင်တန်း အောင်မြင်ပြီး မန္တလေးတက္ကသိုလ်မှ B.C Tech နှင့် M.C Tech ဘွဲ့ ရရှိခဲ့သည်။

အောင်ဇော်ရဲမြင့်နှင့်မူးယစ်ဆေးဝါး

၁၅။ အောင်ဇော်ရဲမြင့်သည် မီကာဆာဟိုတယ် အခန်းအမှတ် ၄၂၅ တွင် ရဲတံခွန်ဆောက်လုပ်ရေး ကုမ္ပဏီ ရုံးခန်းဖွင့်လှစ်ထားပြီး သူငယ်ချင်းများဖြစ်သည့် ကိုဇေ၊ ကျော်လှိုင်၊ ချမ်းကျော်၊ သရုပ်ဆောင် ချောချစ်၊ ကျော်ဘုန်းနိုင်၊ ကျော်စွာမြင့်နှင့် နေလင်းကျော်တို့နှင့်အတူ ရုံးသုံးပစ္စည်းများထားသည့် အိပ်ခန်းထဲ၌ မူးယစ်ဆေးဝါးအတူ သုံးစွဲတတ်ကြကြောင်း၊ တစ်ခါတစ်ရံ အောင်ဇော်ရဲမြင့် တစ်ယောက်တည်းလည်း စိတ်ကြွဆေး သုံးစွဲတတ်ကြောင်း သိရှိရပါသည်။

၁၆။ ၂ဝဝ၆ စက်တင်ဘာလတွင် SAKURA ဟိုတယ်၌ အောင်ဇော်ရဲမြင့်၊ ချမ်းကျော်၊ ကျော်နိုင်ဦး (ခ) သားပေါက် (ဗိုလ်ချုပ်စောထွန်း၏သားမက်) နှင့် အုန်းမွှေးလုံးတို့ရှိနေစဉ် အောင်ဇော်ရဲမြင့်မှ အေးထွန်း (ဗိုလ်ချုပ်ကျော်ဘ၏ သားမက်) အား ဖုန်းဖြင့်လှမ်းခေါ်ခဲ့ပြီး အေးထွန်းရောက်ရှိလာကာ WY နှင့် ရှူသည့်ကိရိယာဗူးများ ယူလာခဲ့ပြီး WY ဆေးပြားများကို အတူသုံးစွဲကြသည်။ ကလပ်မှ အပြန်တွင်လည်း အေးထွန်း၏အိမ်သို့ လိုက်သွား၍ WY ဆေးပြားများကို အတူသုံးစွဲတတ်ကြောင်း ဖော်ထုတ်သိရှိရပါသည်။

၁၇။ ကျော်လှိုင်၊ ဖြူဖြူ၊ အောင်ဇော်ရဲမြင့်၊ မောင်ဝိတ်နှင့် ချမ်းကျော်တို့သည် တစ်ခါတစ်ရံတွင် အင်းယားလမ်းနှင့် ဓမ္မစေတီလမ်းထောင့်ရှိ Ralex KTV တွင် ၃/၄ ကြိမ် သွားရောက်၍ WY, Ecstasy နှင့် Katamin Powder ကို သုံးစွဲကြကြောင်း၊ တစ်ခါသုံးလျှင် ၁၅ ပြားမှ အပြား ၂ဝ အထိ သုံးစွဲကြကြောင်း သိရသည်။ WY ဆေးပြားနှင့် Katamin Powder များကို မောင်ဝိတ်မှ ယူလာပေးပြီး ဝေငှသုံးစွဲကြကြောင်း၊ မောင်ဝိတ်ထံတွင် WY, Ecstasy, Katamin Powder ဆေးပြားများအပြင် Happy ဆေးပြားများရှိနေပြီး Club သို့လာလျှင် ပါလာတတ်ကြောင်း၊ အဆိုပါ မူးယစ်ဆေးဝါးများကို မောင်ဝိတ်၏ တပည့် ကျော်ဖုန်းနိုင်နှင့် အုန်းသီးတို့အားပေးထားတတ်ကြောင်း သိရှိရပါသည်။

၁၈။ ဖမ်းဆီးရမိ တရားခံ မင်းနိုင်သည် ၂ဝဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပိုင်အိုးနီးယားကလပ်သို့ သွားစဉ် နဝရတ်မှ မိတ်ဆက်ပေးသည့်အတွက် အောင်ဇော်ရဲမြင့်မှ စတင်သိရှိခဲ့သည့်နောက် Ecstasy ဆေးပြားများနှင့် စိတ်ကြွဆေးပြားများကို အပြန်အလှန်ပေး၍ သုံးစွဲခဲ့ကြသည်။ ၂ဝဝ၈ခုနှစ် မတ်လ ပထမပတ်တွင် အောင်ဇော်ရဲမြင့်က မင်းနိုင်အား ပိုင်အိုးနီးယားကလပ်တွင် WY ဆေးပြား ၇ဝ ပြားကို မွေးနေ့ လက်ဆောင်အဖြစ် ဘောင်းဘီအိတ်ထဲသို့ ထည့်၍ပေးခဲ့သည်။ ၂ဝဝ၈ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင်လည်း တရားခံမင်းနိုင်၏ မွေးနေ့အတွက် Ecstasy ဆေးပြား ၃ဝ ပြားကို Pioneer ကလပ်တွင်ပေးခဲ့ပြီး ရင်းနှီးမှုအရ WY ဆေးပြားများနှင့် Ecstasy ဆေးပြားများကို ပိုင်အိုးနီးယားကလပ်နှင့် BME ကလပ်တို့တွင် အပြန်အလှန် ပေးခဲ့ကြောင်း သိရှိရပါသည်။ အောင်ဇော်ရဲမြင့်သည် အထက်ပါ ကလပ် ၂ ခုတွင် စိတ်ကြွဆေးပြားများအား ခင်မင်ရင်းနှီးသူ သူငယ်ချင်းများကို လိုက်လံဝေငှပေးလေ့ရှိကြောင်း သိရှိရပါသည်။

၁၉။ အောင်ဇော်ရဲမြင့်သည် BME ကလပ်သို့ သွားရောက်၍ တစ်ခါတစ်ရံတွင် Ecstasy ဆေးပြားများ သုံးချင်သည့်အခါ ကျော်နိုင်ဦး (ခ) သားပေါက်ထံသို့ ဖုန်းဖြင့်ဆက်သွယ်၍ ယူလာခိုင်းတတ်ကြောင်း၊ ထိုဆေးပြားမျာကို သားပေါက် (ခ)ကျော်နိုင်ဦး၊ ဖြူဖြူ (ခ) အုန်းမွှေးလုံး၊ သရုပ်ဆောင်ပြည့်ဖူးခိုင်နှင့် သရုပ်ဆောင်ချောရတနာတို့မှ ခွဲဝေသုံးစွဲကြောင်း၊ တစ်ခါတစ်ရံ ရန်ကင်းမြို့နယ်ရှိ သားပေါက် (ခ)ကျော်နိုင်ဦး၏ နေအိမ်သို့သွားရောက်၍လည်း ဆေးပြားများသုံးစွဲကြောင်း သိရှိရပါသည်။

၂ဝ။ အောင်ဇော်ရဲမြင့်သည် ၄င်းနေထိုင်သည့် အောက်ကြည့်မြင်တိုင်လမ်း၊ ရဲတံခွန်တာဝါ ၁၁ လွှာရှိ ၄င်း၏အခန်းသို့ ခင်မင်ရင်းနှီးသူ သူငယ်ချင်း ကျော်နိုင်၊ ကိုဇေ၊ ချမ်းကျော်၊ ချောချစ်၊ ကျော်သူဝင်း၊ ဘိုဘိုနိုင်၊ ဘိုဘိုနိုင်၏ဇနီး ခင်လွင်မာဝင်း၊ နဝရတ်၊ ပြည့်ဖူးခိုင်၊ နိုင်လင်း၊ မင်းနိုင်၊ ဂန္တဝင် တို့နှင့်အတူ စိတ်ကြွဆေးပြားများကို သုံးစွဲလေ့ရှိပါသည်။ ဆေးပြားများကို ဘီဒို (သို့) ဘောင်းဘီအတွင်းမှ ထုတ်ပေးလေ့ရှိပြီး ခွက်တစ်ခု အတွင်းသို့ အပြား ၅ဝ ခန့်ထည့်၍ပေးလေ့ရှိပြီး တစ်ခါတစ်ရံ ဆေးပြား ၂ဝဝ ပြား ခန့်ထိ ချထားပေးကြောင်း၊ လာရောက်သူ မိတ်ဆွေများကို ဧည့်ခန်းတစ်ခု အတွင်း နေရာချထားပေးပြီး နေအိမ်ဧည့်ခန်းစားပွဲပေါ်တွင် ဆေးပြားများကို ကော်ဗူးဖြင့် ထည့်၍တင်ထားပေးကြောင်း၊ သုံးစွဲနိုင်ရန်နှင့် ဆေးပြားသုံးစွဲရာတွင် လိုအပ်သည့် ရေဗူး၊ ပိုက်၊ ခဲပြား အစုံအလင်တို့ကို အသင့်ထားရှိပေးကြောင်း သိရှိရပါသည်။ ထွက်ချက်များအရ အောင်ဇော်ရဲမြင့်သည် WY ဆေးပြားများကို ပို၍ကြိုက်နှစ်သက်ပြီး တစ်လုံးပြီးတစ်လုံး ဒလစပ်သုံးစွဲပြီး တစ်ခါတစ်ရံတစ်နေ့လျှင် ဆေးပြားအလုံး ၅ဝ ခန့်အထိ သုံးစွဲကြောင်း၊ ဖော်ထုတ်သိရှိရပါသည်။ တစ်ခါတစ်ရံ ၃/၄ ရက် ဆက်တိုက် အိပ်နေတတ်သလို အောင်ဇော်ရဲမြင့်သည် ၄င်း၏ရဲတံခွန် ၁၁ လွှာ အဆောက်အဦအတွင်း CCTV ကင်မရာများ တပ်ဆင်ထားပြီး ထိန်းချုပ်သည့် မော်နီတာ တစ်လုံးထားရှိပြီး ၄င်းမှ အမြဲစစ်ဆေး ကြည့်ရှုနေတတ်ကြောင်း သိရှိရပါသည်။

၂၁။ အောင်ဇော်ရဲမြင့်သည်ျွှ့ ဆေးပြားများကို ၂ဝဝ၆/၂ဝဝ၇ ခုနှစ်အတွင်း အောင်မိုး၊ အမှတ် ၃၁၇၊ မဟာဗန္ဓုလလမ်း၊ ဗိုလ်တထောင်မြို့နယ်နေသူထံမှလည်း ဝယ်ယူရရှိခဲ့ပြီး အောင်မိုးအား ၁-၁၂-၂ဝဝ၇ ရက်နေ့တွင် ရန်ကုန်မူးယစ် (အရှေ့) အထူးအဖွဲ့မှ ဖမ်းဆီးရမိပြီးဖြစ်ပါသည်။ ထို့အပြင် မောင်ဝိတ်၏တပည့် ကျော်ဖုန်းနိုင်ထံမှ လည်းကောင်း၊ သားပေါက် (ခ)ကျော်နိုင်ဦးထံမှ လည်းကောင်းရရှိပြီး ရွှေဂုဏ်သူအိမ်ရာနေ ဆံရှည်ဖိုးချို (ခ) ပြူးကြောင် ထံမှလည်း အမြဲဝယ်ယူရရှိခဲ့ကြောင်း သိရှိရပါသည်။

၂၂။ အောင်ဇော်ရဲမြင့်သည် ၂ဝဝ၅/၂ဝဝ၆ ခုနှစ်၊ မန္တလေးသင်္ကြန်တွင် မောင်ဝိတ်နှင့်အတူ သင်္ကြန်မဏ္ဍပ်တွင် လာရောက်၍ ရေကစားသူများကို Ecstasy ဆေးပြားများအား နာရီဝက်လျှင်တစ်ကြိမ် ပါးစပ်ထဲသို့ လိုက်၍ ထည့်ပေးကြောင်း၊ မောင်ဝိတ်နှင့်အောင်ဇော်ရဲမြင့်၏ တပည့်များက စိတ်ကြွဆေးပြားများကို အမှုန့်ကြိတ်ပြီး Coke အအေးဗူးများထဲသို့ထည့်၍ မဏ္ဍပ်သို့ လာရောက်သည့် အဆိုတော်များ၊ ရုပ်ရှင် သရုပ်ဆောင်များ၊ ရေကစားသူများကို လိုက်၍ တိုက်ခဲ့ကြောင်း၊ ထိုနှစ် သင်္ကြန်ကာလများအတွင်း Ecstasy ဆေးပြားများ သုံးစွဲရန်အတွက် မောင်ဝိတ်ကုမ္ပဏီမှ MD အောင်မင်းက Ecstasy ဆေးပြားများကို မလေးရှားနိုင်ငံသား ရေလုပ်ငန်း လာရောက်လုပ်ကိုင်သူ Mr. Peter Teo Huat How၊ နိုင်ငံကူးလက်မှတ်အမှတ် ၁၆၁၄ဝ၁၄၆၊ အခန်း ၂ဝ၁၊ တိုက် ဘီ ၃ အောင်ဇေယျရိပ်မွန် အလုံမြို့နယ်နေသူထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရပါသည်။

၂၃။ လတ်တလောတွင် မလေးရှားနိုင်ငံ၌ရှိနေပြီး ၂ဝဝ၇ ခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ၁ဝ ကြိမ်၊ ၂ဝဝ၈ ခုနှစ်အတွင်း ၃ ကြိမ် ဝင်/ထွက်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့ပါသည်။ Mr. Peter Teo Huat How သည် ရန်ကုန်မြို့သို့ စိတ်ကြွဆေးပြားများ သွင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့သည့်အတွက် ၄င်းအား ကူညီဖော်ထုတ် ဖမ်းဆီးပေးရန် ၂၁-၅-၂ဝဝ၈ ၂၂-၅-၂ဝဝ၈ နေ့ထိ ထိုင်းနိုင်ငံ၊ ပတ္တရားမြို့တွင် ကျင်းပသည့် နိုင်ငံတကာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးအဖွဲ့များ၏ ပစ်မှတ် (Target Meeting)တွင် ပစ်မှတ်တင်၍ ဆွေးနွေးခဲ့ ပါသည်။

အောင်ဇော်ရဲမြင့်၏လူမှုရေးကဏ္ဍ

၂၄။ အောင်ဇော်ရဲမြင့်သည် ရိုင်းစိုင်းကြမ်းတမ်းသူတစ်ဦးဟု ၄င်း၏ ပတ်ဝန်းကျင်မှ သတ်မှတ်ခံရသူဖြစ်ပါသည်။ ကလပ်များသို့ရောက်ရှိချိန်တွင် ၄င်း၏ဖခင်မှာ မြန်မာနိုင်ငံတွင် နံပါတ် ၅ အဆင့်ရှိကြောင်း ဖခင်အရှိန်အ၀ါသုံး လုပ်ဆောင်မှုများရှိကြောင်း၊ ၄င်းအားကလပ်ထဲတွင် သီးသန့် နေရာပေးရခြင်း၊ ဂရုတစိုက်ကြည့်ပေးရခြင်း၊ အရိုအသေပေးရခြင်းကို ကလပ်ဝန်ထမ်းများက ပြုလုပ်ပေးခဲ့ရသူဖြစ်ပါသည်။ ကလပ်တွင်းရှိ အခြားသူများနှင့် ပြဿနာဖြစ်မည်စိုးသဖြင့် ကလပ်ထဲသို့စတင်ရောက်ရှိချိန်မှ ပြန်သည့်အချိန်အထိ ကလပ်ဝန်ထမ်းများ ဂရုတစိုက်ကြည့်ရှု စောင့်ရှောက်ပေးနေရ၍ ကလပ်ဝန်ထမ်းများက အောင်ဇော်ရဲမြင့် ကလပ်လာမည်ကိုပင် မလိုလားကြကြောင်း၊ လူအများအပေါ်တွင် အနိုင်ကျင့်ပြုမူဆက်ဆံခြင်း၊ စကားအပြောအဆို ရိုင်းစိုင်းခြင်းနှင့် တစ်ခါတစ်ရံ ကိုယ်ထိလက်ရောက် စော်ကားခြင်းများပြုလုပ်သဖြင့် ကလပ်သို့ လာသူများမှ ရှောင်ရှားခံရသူ ဟုလည်း သိရှိရပါသည်။ တစ်ခါတစ်ရံ စားပွဲထိုးဝန်ထမ်းများအား စိတ်တိုင်းမကျပါက လူပုံအလယ်တွင် ဒူးထောက်ခိုင်းခြင်း၊ ပါးရိုက်ခြင်းများပြုမူတတ်ကြောင်း၊ အရက်မူးသည်ဖြစ်စေ၊ မမူးသည်ဖြစ်စေ လူအများ အပေါ်တွင် နိုင်ထက်စီးနင်းပြောဆို တတ်ခြင်း၊ ကလပ်ထဲတွင် ဖန်ခွက်များရိုက်ခွဲခြင်း၊ ဘေးနားရှိလူများနှင့် ဝန်ထမ်းများအား အကြောင်းမဲ့ ပြဿနာရှာခြင်းများ ပြုလုပ်သဖြင့် ဝန်ထမ်းများမှ မုန်းတီးလွန်း၍ သတ်ဖြတ်ပစ်ရန်ပင် ကြံစည်ကြဖူးကြောင်း ထွက်ဆိုသိရှိရပါသည်။ ထို့အပြင် ကလပ်သို့ ရောက်ချိန်တွင် ဖွင့်ဆဲသီချင်းများကိုပိတ်ပြီး ၄င်းထံတွင်ပါလာသည့် မြန်မာသီချင်းများ၊ တစ်ခါတစ်ရံ ဘုရားရှိခိုးခွေများကို ဖွင့်ခိုင်းခြင်းများ ပြုလုပ်တတ်၍ ကလပ်သို့လာရောက်သည့် သူများမှာထ၍ ပြန်သွားကြောင်း၊ ကလပ်သို့ ရောက်လျှင် အရက်ပုလင်းအဆင်သင့်မချထားပါက ဝန်ထမ်းများအား လက်သီးဖြင့် ထိုးခြင်း၊ ပါးရိုက်ခြင်းများ ပြုလုပ်လေ့ရှိကြောင်း သိရှိရပါသည်။
(-ဆက်ရန်)

575411_10201545956223794_477810107_n
 
XXXXXXXX
၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။၆။ XXXXXXX
(က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု
(၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို
ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။

(၂) စစ်ကြောဖော်ထုတ်ချက်များအရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအမှတ် မ-၄/င နေ အေးထွန်း (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက်)သည် ၂ဝဝ၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ သွားရောက်ပြီး အပြန်တွင် အပြာရင့်ရောင်လင်းပိုင်တံဆိပ် ECSTASY ဆေးပြားများအား သယ်ဆောင်လာခဲ့ကြောင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ECSTASY ဆေးပြားများကို အမေရိကန်နိုင်ငံမှပင် ဒုတိယအကြိမ်သယ်ဆောင်ခဲ့ကြောင်း၊ ECSTASY ဆေးပြားများကိုညီဖြစ်သူ ဗိုလ်ကြီးဟောင်း ထင်ပေါ်ထွန်း၊ သူငယ်ချင်း မြင့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း၏သား မျိုးမင်းတင်ထွန်း၊ ဗိုလ်ကြီးဟောင်း နေထွန်းတို့နှင့်အတူ Hot Short Club၊ကန်တော်ကြီး ဟိုတယ်နှင့် BME2 Club တို့တွင်သွားရောက် ကခုန်ရင်း သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ ၂ဝဝ၅ ခုနှစ်တွင် အေးထွန်းသည် ဗိုလ်ချုပ် စောထွန်း၏သားမက် သားပေါက် (ခ) ကျော်နိုင်ဦးနှင့်ရင်းနှီးရာမှ သားပေါက်၏ နေအိမ်နှင့် Club များတွင် ဂန္တဝင်၊ မိုးဟေကိုတို့နှင့်အတူ ECSTASY ဆေးပြားများ သုံးစွဲခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ်တွင်လည်း မောင်ဝိတ်ထံမှရရှိသည့် ECSTASY ဆေးပြားများကို သားပေါက်မှတစ်ဆင့်ရရှိခဲ့၍ သုံးစွဲခဲ့ကြောင်းသိရှိရပါသည်။

XXXXXXX
(၅) ၂ဝဝ၆ ခုနှစ်တွင် အောင်ဇော်ရဲမြင့်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုစဉ်က မလေးရှားနိုင်ငံရှိ လူမိုက်ဂိုဏ်းတစ်ခုမှ မန်နီးဆိုသူလာရောက် တွေ့ဆုံကြောင်း သိရှိရပါသည်။ မန်နီးက အောင်ဇော်ရဲမြင့်အား ထိပ်တန်း စားသောက်ဆိုင်များ၊ ကလပ်များသို့ ခေါ်ယူဧည့်ခံခဲ့ပြီး တွေ့ဆုံသူတိုင်းကို အောင်ဇော်ရဲမြင့်မှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်းကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ကာစီနိုဝိုင်းသို့ သွားရောက်သည့်အခါ အောင်ဇော်ရဲမြင့်အား မောင်ဝိတ် Family ဟု အမည်စာရင်း ကြိုတင်ပေးခဲ့ကြောင်း သိရှိရပါသည်။ မလေးနိုင်ငံသား မန်နီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြအောင်တို့၏ ၁၃-၅-ဝ၇ နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော မင်္ဂလာပွဲသို့ လာရောက်ခဲ့ပြီး ရွှေမြန်မာဟိုတယ်၌ ၁၂-၅-ဝ၇ နေ့နှင့် ၁၃-၅-ဝ၇ နေ့တွင် တည်းခိုခဲ့ကြောင်း သိရှိရပါသည်။

WY စိတ်ကြွဆေးပြားများစီးဝင်မှု
၇။ ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အမှတ် ၁၂ တွင် အောင်နိုင်ဆိုသူထံမှ စိတ်ကြွဆေးပြား ၂၆၆၂ ပြား ဖမ်းဆီးရမိခဲ့ပါသည်။ အောင်နိုင်သည် အဆိုပါဆေးပြားများအား တန့်ယန်းမြို့နယ်၊ နမ့်ပေါင်ရွာနေ ညီစမ်း ဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ညီစမ်းမှာတန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ သွားရောက် ဝယ်ယူခြင်း ဖြစ်ပြီး ဆန်ရုန်းအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ထောက်လှမ်း စုံစမ်းလျက် ရှိပါသည်။ xxxxxx

၈။ အောင်နိုင်သည် အဆိုပါဆေးပြားများအား ညီစမ်းမှတစ်ဆင့် တန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆေးပြား ၁ဝဝ ပြားပါ တစ်ထုပ်လျှင် ၂ သိန်း ၆ သောင်းကျပ်ဖြင့် ဆေးပြား ၇၅ ထုပ်ဖိုးငွေ ကျပ်သိန်း ၁၈ဝ ပေး၍ ကိုယ်တိုင်သွားရောက် ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ အောင်နိုင်သည် လားရှိုးမှ မန္တလေးသို့ ဆလွန်းကား၊ ကားစပါယ်ယာဘီးထည့်သည့် အံဝှက်ထဲတွင်ထည့်၍ သယ်ဆောင်ခဲ့ပြီး မန္တလေးမှ ရန်ကုန်သို့ လီယို၊ နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်များဖြင့်သယ်ဆောင်ခဲ့ပြီး ဗဟန်းမြို့နယ်ရှိ EXCEL ဟိုတယ်၊ မင်္ဂလာဒုံ မြို့နယ်ရှိ Myanmar Life ဟိုတယ်တို့၌ တည်းခိုရင်း သိမ်းဆည်းထားကာ ထက်ထက်အောင်၊ စည်သူ၊ မဖြိုး၊ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနှင့် ၄င်းတို့၏ဦးလေး ကိုအောင်ထံ ရောင်းချကြောင်း၊ ထိုသူများက တစ်ဦးလျှင် တစ်ပါတ် တစ်ကြိမ် ဆေးပြား ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိကြောင်း ပေါ်ပေါက်ခဲ့ပါသည်။

၉။ ယခုစီးဝင်မှုလမ်းကြောင်းတစ်ခုမှာ မဖြိုး (ခ) ဖြိုးသူသူဝင်းသည် ၂ဝဝ၂ ခုနှစ်ခန့်မှစ၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့်အတူ နေထိုင်လျက်ရှိရာမှ WY စိတ်ကြွဆေးပြားများကို စတင်သုံးစွဲတတ်ပြီး ၂ဝဝ၃/၂ဝဝ၄ ခုနှစ်တွင် မဖြိုးကိုယ်တိုင် အရောင်းအဝယ်ပြုလုပ်လာခဲ့ပါသည်။ ဆေးပြားများကို အလုံမြို့နယ်၊ သီတာရုပ်ရှင်ရုံအနီးနေ ကချင်အမျိုးသမီး ဆိုင်ခေါန်ပန်းနှင့် စမ်းချောင်းမြို့နယ်နေ ကချင်လူမျိုးအဂွမ်းတို့ထံမှ ဝယ်ယူရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ထိုအချိန်ကမဖြိုးသည် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက် အေးထွန်း၊ ကျောက်စိမ်းနဂါးကုမ္ပဏီ နေလင်းထွန်း၏သား တင်အောင်ဦးနှင့် ကောင်းမြတ်သူတို့ မူးယစ်ဆေးဝါးကိစ္စဖြင့် ဖမ်းဆီးခံရသည်ကို ကြောက်ရွံ့၍ ဆက်လက်မသုံးစွဲဘဲ ခေတ္တရပ်တန့်ထားခဲ့ပါသည်။

၁ဝ။ မဖြိုးသည် WY ဆေးပြားများကို ရုပ်ရှင်၊ ဂီတ၊ အနုပညာနယ်ပယ်အတွင်း ဖြန့်ဖြူးခဲ့သူလည်း ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထက်ထက်အောင်မှ မိတ်ဆက်ပေးမှုကြောင့် အောင်နိုင်နှင့် စတင်သိကျွမ်းခဲ့ပြီး WY ဆေးပြားများကို တစ်ပြားလျှင် ၃ဝဝဝိ/-နှုန်းဖြင့် အောင်နိုင်ထံမှ ဝယ်ယူခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး (ကွယ်လွန်) နှင့် ၄င်း၏တပည့် ဖိုးကျော် (အကယ်ဒမီ)၊ စိုးမြတ်ကလျာ၊ မင်းထိုက်အောင်၊ မောင်မောင်သိန်းနှင့် ဖမ်းဆီးရမိသူ အဓိကတရားခံမင်းနိုင်တို့အား ပြန်လည်ဖြန့်ဝေ ရောင်းချခဲ့ပါသည်။ ရုပ်ရှင်မင်းသား ဒွေးမှ တစ်ပါတ် ဆေးပြားတစ်ကြိမ်ယူလျှင် ၁ဝဝ မှ ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိပြီး တစ်ခါတစ်ရံ နယ်ရိုက်ကွင်းများသို့ လိုက်လံ၍ စိတ်ကြွဆေးပြားများကို ပို့ပေးခဲ့ရကြောင်းလည်း သိရပါသည်။ ၂ဝဝ၇ ခုနှစ်မှစ၍ ဒွေးသည် မဖြိုးထံမှ WY စိတ်ကြွ ဆေးပြားများကို ဒိုင်ခံဝယ်ယူသုံးစွဲခဲ့ပြီး မကွယ်လွန်မီအချိန်အထိ မဖြိုးနှင့် ဆက်သွယ်မှုရှိ၍ စိတ်ကြွဆေးပြား များကို ဝယ်ယူသုံးစွဲခဲ့သူဖြစ်ပါသည်။ ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်မှာ ငွေကြေးမပြည့်စုံသည့် အတွက် ဒွေးက ဝေခြမ်းခွဲဝေ ပေးသည့် စိတ်ကြွဆေးပြားကိုသာ သုံးစွဲရကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။ ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်သူဇာနှင့် စိုးမြတ်ကလျာတို့မှာ တစ်လလျှင် ၂ ကြိမ်ခန့်ဝယ်လေ့ရှိပြီး တစ်ကြိမ်ဝယ်လျှင် စိတ်ကြွဆေးပြား ၅ဝမှ ၁ဝဝ ထိဝယ်ယူ တတ်ကြောင်း၊ ဆေးပြားဖိုးကျသင့်ငွေကို ဆေးပြားလာရောက်ယူဆောင်သူ အိမ်ဖော်မိန်းကလေးနှင့် တပါတည်း ထည့်၍ ပေးကြောင်း သိရှိရပါသည်။ – (ဆက်ရန်)

(မှတ်ချက် – အစီရင်ခံစာနဲ့ စစ်ချက်တွေ ပေါင်းရင် စာမျက်နှာ ရာနဲ့ချီတာမို့ ဖြတ်တောက်ထား ပါတယ်။ အမြီးရှည်ရှည်နဲ့အကောင်တွေနဲ့ပတ်သတ်နေလို့ ပြည်ထဲရေးက လျှော့လျှော့ပေါ့ပေါ့နဲ့ ရေးထားရတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။)

Photo: XXXXXXXX ၂။ လတ်တလောသတင်းဖော်ထုတ်ချက်အနေဖြင့် ၂ဝဝ၈ ခုနှစ်၊ ရန်ကုန်သင်္ကြန်ကာလအတွင်း မူးယစ်ဆေးဝါး သုံးစွဲ ရေကစားမှုများပြုလုပ်မည်ဟူသော သတင်းများအရ သတင်းပေးများဖြင့် စနစ်တကျ သတင်းတည်ဆောက်ခဲ့ရာ ရန်ကုန်မြို့ အလံပြဘုရားလမ်း ယုဇနဂါးဒင်းဟိုတယ်ရှိ Pioneer Club နှင့် တက္ကသိုလ်ရိပ်သာလမ်းရှိ BME Club တို့တွင် မင်းနိုင်ဆိုသူမှ ECSTASY ဆေးပြားများ ဖြန့်ဖြူးမည်ဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ သတင်းအရ ရန်ကုန် အရှေ့ပိုင်း မူးယစ်အထူးအဖွဲ့မှ ၁၂-၄-၂ဝဝ၈ နေ့ ၁၄းဝဝ အချိန်တွင် ကမာရွတ်မြို့နယ်၊ ၁ဝရပ်ကွက်၊ ဦးဝိစာရလမ်းနှင့် ချင်းတွင်းလမ်းထောင့်၊ ပင်လုံထိပ်ထားစံအိမ်၊ အခန်း အမှတ် ၈ဝ၄ ရှိ မင်းနိုင်(ခ) စိုးလှိုင်မြတ်၊ ၄ဝ နှစ် (ဘ) ဦးချစ်မောင်အား ECSTASY ဆေးပြား ၆၉ ပြား နှင့် WY စိတ်ကြွဆေးပြား ၄၅ ပြားနှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။  ၆။ XXXXXXX (က) အမေရိကန်နိုင်ငံမှ ECSTASY ဆေးပြားများ စီးဝင်ရောက်ရှိမှု (၁) ၄-၂-၂ဝဝ၅ နေ့တွင် ရန်ကုန်မြို့ရှိ K  Paradise Hotel တွင် ရဲကျော် (ခ) ကျော်ကျော်ဝင်းကို ထံမှ ECSTASY ဆေးပြား ၆ ပြားကိုဖမ်းဆီးရမိခဲ့ပြီး ၄င်း၏နေအိမ်မှ ECSTASY ဆေးပြား ၂၈၆ ပြားကို ထပ်မံဖမ်းဆီးရမိခဲ့၍ ဥပဒေနှင့်အညီ အရေးယူခဲ့ပါသည်။ စစ်ဆေးပေါ်ပေါက်ချက်များအရ ရဲကျော် (ခ) ကျော်ကျော်ဝင်းကိုသည် အမေရိကန်နိုင်ငံသား ခံယူထားသူ မြန်မာလူမျိုးဖြစ်ပြီး အမေရိကန်နိုင်ငံတွင် ပညာသင်ကြားနေသူဖြစ်ပါသည်။ ၂ဝဝ၃ ခုနှစ်မှစ၍ ECSTASY ဆေးပြား ၈၂၅ ပြားကို Centrum ဆေးပြားဘူးများအတွင်း ခိုးဝှက်ထည့်သွင်းပြီး လေကြောင်းဖြင့် အကြိမ်ကြိမ် သယ်ဆောင်ခဲ့ကြောင်းလည်း ပေါ်ပေါက်ခဲ့၍ကျောက်တံတားမြို့နယ် တရားရုံးမှ သေဒဏ်ချမှတ်ခံထားရသူ ဖြစ်ပါသည်။  (၂) စစ်ကြောဖော်ထုတ်ချက်များအရ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းအမှတ် မ-၄/င နေ အေးထွန်း (ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက်)သည် ၂ဝဝ၂ ခုနှစ်တွင် အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့သို့ သွားရောက်ပြီး အပြန်တွင် အပြာရင့်ရောင်လင်းပိုင်တံဆိပ် ECSTASY ဆေးပြားများအား သယ်ဆောင်လာခဲ့ကြောင်း၊ ၂ဝဝ၄ ခုနှစ်တွင်လည်း ECSTASY ဆေးပြားများကို အမေရိကန်နိုင်ငံမှပင် ဒုတိယအကြိမ်သယ်ဆောင်ခဲ့ကြောင်း၊ ECSTASY ဆေးပြားများကိုညီဖြစ်သူ ဗိုလ်ကြီးဟောင်း ထင်ပေါ်ထွန်း၊ သူငယ်ချင်း မြင့်နိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး တင်ထွန်း၏သား မျိုးမင်းတင်ထွန်း၊ ဗိုလ်ကြီးဟောင်း နေထွန်းတို့နှင့်အတူ Hot Short Club၊ကန်တော်ကြီး ဟိုတယ်နှင့် BME2 Club တို့တွင်သွားရောက် ကခုန်ရင်း သုံးစွဲခဲ့ကြောင်း သိရှိရပါသည်။ ၂ဝဝ၅ ခုနှစ်တွင် အေးထွန်းသည် ဗိုလ်ချုပ် စောထွန်း၏သားမက် သားပေါက် (ခ) ကျော်နိုင်ဦးနှင့်ရင်းနှီးရာမှ သားပေါက်၏ နေအိမ်နှင့် Club များတွင် ဂန္တဝင်၊ မိုးဟေကိုတို့နှင့်အတူ ECSTASY ဆေးပြားများ သုံးစွဲခဲ့ကြောင်း၊ ၂ဝဝ၆ ခုနှစ်တွင်လည်း မောင်ဝိတ်ထံမှရရှိသည့် ECSTASY ဆေးပြားများကို သားပေါက်မှတစ်ဆင့်ရရှိခဲ့၍ သုံးစွဲခဲ့ကြောင်းသိရှိရပါသည်။  XXXXXXX (၅) ၂ဝဝ၆ ခုနှစ်တွင် အောင်ဇော်ရဲမြင့်မှ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့သို့သွားရောက်စဉ် ကွာလာလမ်ပူမြို့ရှိ ကွန်းကော့ဟိုတယ်၌ တည်းခိုခဲ့ပါသည်။ ထိုစဉ်က မလေးရှားနိုင်ငံရှိ လူမိုက်ဂိုဏ်းတစ်ခုမှ မန်နီးဆိုသူလာရောက် တွေ့ဆုံကြောင်း သိရှိရပါသည်။ မန်နီးက အောင်ဇော်ရဲမြင့်အား ထိပ်တန်း စားသောက်ဆိုင်များ၊ ကလပ်များသို့ ခေါ်ယူဧည့်ခံခဲ့ပြီး တွေ့ဆုံသူတိုင်းကို အောင်ဇော်ရဲမြင့်မှာ မြန်မာပြည်မှ နံပါတ် ၅ အဆင့်ရှိသူ၏ သားဖြစ်ကြောင်းကို မိတ်ဆက်ပေးခဲ့ကြောင်း၊ ကာစီနိုဝိုင်းသို့ သွားရောက်သည့်အခါ အောင်ဇော်ရဲမြင့်အား မောင်ဝိတ် Family ဟု အမည်စာရင်း ကြိုတင်ပေးခဲ့ကြောင်း သိရှိရပါသည်။ မလေးနိုင်ငံသား မန်နီးမှာ အောင်ဇော်ရဲမြင့်နှင့် အေးမြအောင်တို့၏ ၁၃-၅-ဝ၇ နေ့တွင် နေပြည်တော်၌ ကျင်းပခဲ့သော မင်္ဂလာပွဲသို့ လာရောက်ခဲ့ပြီး ရွှေမြန်မာဟိုတယ်၌ ၁၂-၅-ဝ၇ နေ့နှင့် ၁၃-၅-ဝ၇ နေ့တွင် တည်းခိုခဲ့ကြောင်း သိရှိရပါသည်။  WY စိတ်ကြွဆေးပြားများစီးဝင်မှု ၇။  ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားလမ်း၊ အမှတ် ၁၂ တွင် အောင်နိုင်ဆိုသူထံမှ စိတ်ကြွဆေးပြား ၂၆၆၂ ပြား ဖမ်းဆီးရမိခဲ့ပါသည်။ အောင်နိုင်သည် အဆိုပါဆေးပြားများအား တန့်ယန်းမြို့နယ်၊ နမ့်ပေါင်ရွာနေ ညီစမ်း ဆိုသူထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ညီစမ်းမှာတန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ သွားရောက် ဝယ်ယူခြင်း ဖြစ်ပြီး ဆန်ရုန်းအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်ထောက်လှမ်း စုံစမ်းလျက် ရှိပါသည်။ xxxxxx  ၈။ အောင်နိုင်သည် အဆိုပါဆေးပြားများအား ညီစမ်းမှတစ်ဆင့် တန့်ယန်းမြို့နယ် မန်လယ်ရွာနေ ဆန်ရုန်း ဆိုသူထံမှ ၂ဝဝ၆ ခုနှစ်၊ နိုဝင်ဘာလတွင် ဆေးပြား ၁ဝဝ ပြားပါ တစ်ထုပ်လျှင် ၂ သိန်း ၆ သောင်းကျပ်ဖြင့် ဆေးပြား ၇၅ ထုပ်ဖိုးငွေ ကျပ်သိန်း ၁၈ဝ ပေး၍ ကိုယ်တိုင်သွားရောက် ဝယ်ယူခဲ့ခြင်းဖြစ်ပါသည်။ အောင်နိုင်သည် လားရှိုးမှ မန္တလေးသို့ ဆလွန်းကား၊ ကားစပါယ်ယာဘီးထည့်သည့် အံဝှက်ထဲတွင်ထည့်၍ သယ်ဆောင်ခဲ့ပြီး မန္တလေးမှ ရန်ကုန်သို့ လီယို၊ နယူးမန္တလာထွန်း ခရီးသည်တင်ယာဉ်များဖြင့်သယ်ဆောင်ခဲ့ပြီး ဗဟန်းမြို့နယ်ရှိ EXCEL ဟိုတယ်၊ မင်္ဂလာဒုံ မြို့နယ်ရှိ Myanmar Life  ဟိုတယ်တို့၌ တည်းခိုရင်း သိမ်းဆည်းထားကာ ထက်ထက်အောင်၊ စည်သူ၊ မဖြိုး၊ စိုးမြတ်သူဇာ၊ စိုးမြတ်ကလျာနှင့် ၄င်းတို့၏ဦးလေး ကိုအောင်ထံ ရောင်းချကြောင်း၊ ထိုသူများက တစ်ဦးလျှင် တစ်ပါတ် တစ်ကြိမ် ဆေးပြား ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိကြောင်း ပေါ်ပေါက်ခဲ့ပါသည်။  ၉။ ယခုစီးဝင်မှုလမ်းကြောင်းတစ်ခုမှာ မဖြိုး (ခ) ဖြိုးသူသူဝင်းသည် ၂ဝဝ၂ ခုနှစ်ခန့်မှစ၍ ရုပ်ရှင်သရုပ်ဆောင် ထက်ထက်မိုးဦးနှင့်အတူ နေထိုင်လျက်ရှိရာမှ WY စိတ်ကြွဆေးပြားများကို စတင်သုံးစွဲတတ်ပြီး ၂ဝဝ၃/၂ဝဝ၄ ခုနှစ်တွင် မဖြိုးကိုယ်တိုင် အရောင်းအဝယ်ပြုလုပ်လာခဲ့ပါသည်။ ဆေးပြားများကို အလုံမြို့နယ်၊ သီတာရုပ်ရှင်ရုံအနီးနေ ကချင်အမျိုးသမီး ဆိုင်ခေါန်ပန်းနှင့် စမ်းချောင်းမြို့နယ်နေ ကချင်လူမျိုးအဂွမ်းတို့ထံမှ ဝယ်ယူရောင်းချခဲ့ကြောင်း သိရှိရပါသည်။ ထိုအချိန်ကမဖြိုးသည် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဘ၏သားမက် အေးထွန်း၊ ကျောက်စိမ်းနဂါးကုမ္ပဏီ နေလင်းထွန်း၏သား တင်အောင်ဦးနှင့် ကောင်းမြတ်သူတို့ မူးယစ်ဆေးဝါးကိစ္စဖြင့် ဖမ်းဆီးခံရသည်ကို ကြောက်ရွံ့၍ ဆက်လက်မသုံးစွဲဘဲ ခေတ္တရပ်တန့်ထားခဲ့ပါသည်။  ၁ဝ။ မဖြိုးသည် WY ဆေးပြားများကို ရုပ်ရှင်၊ ဂီတ၊ အနုပညာနယ်ပယ်အတွင်း ဖြန့်ဖြူးခဲ့သူလည်း ဖြစ်ပါသည်။ ၂ဝဝ၇ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထက်ထက်အောင်မှ မိတ်ဆက်ပေးမှုကြောင့် အောင်နိုင်နှင့် စတင်သိကျွမ်းခဲ့ပြီး WY ဆေးပြားများကို တစ်ပြားလျှင် ၃ဝဝဝိ/-နှုန်းဖြင့် အောင်နိုင်ထံမှ ဝယ်ယူခဲ့ပြီး ရုပ်ရှင်သရုပ်ဆောင် ဒွေး (ကွယ်လွန်) နှင့် ၄င်း၏တပည့် ဖိုးကျော် (အကယ်ဒမီ)၊ စိုးမြတ်ကလျာ၊ မင်းထိုက်အောင်၊ မောင်မောင်သိန်းနှင့် ဖမ်းဆီးရမိသူ အဓိကတရားခံမင်းနိုင်တို့အား ပြန်လည်ဖြန့်ဝေ ရောင်းချခဲ့ပါသည်။ ရုပ်ရှင်မင်းသား ဒွေးမှ တစ်ပါတ် ဆေးပြားတစ်ကြိမ်ယူလျှင် ၁ဝဝ မှ ၂ဝဝ ပြားအထိ ဝယ်ယူလေ့ရှိပြီး တစ်ခါတစ်ရံ နယ်ရိုက်ကွင်းများသို့ လိုက်လံ၍ စိတ်ကြွဆေးပြားများကို ပို့ပေးခဲ့ရကြောင်းလည်း သိရပါသည်။ ၂ဝဝ၇ ခုနှစ်မှစ၍ ဒွေးသည် မဖြိုးထံမှ WY စိတ်ကြွ ဆေးပြားများကို ဒိုင်ခံဝယ်ယူသုံးစွဲခဲ့ပြီး မကွယ်လွန်မီအချိန်အထိ မဖြိုးနှင့် ဆက်သွယ်မှုရှိ၍ စိတ်ကြွဆေးပြား များကို ဝယ်ယူသုံးစွဲခဲ့သူဖြစ်ပါသည်။ ရုပ်ရှင်သရုပ်ဆောင် ဖိုးကျော်မှာ ငွေကြေးမပြည့်စုံသည့် အတွက် ဒွေးက ဝေခြမ်းခွဲဝေ ပေးသည့် စိတ်ကြွဆေးပြားကိုသာ သုံးစွဲရကြောင်း စစ်ဆေး ပေါ်ပေါက်ခဲ့ပါသည်။ ရုပ်ရှင်သရုပ်ဆောင်စိုးမြတ်သူဇာနှင့် စိုးမြတ်ကလျာတို့မှာ တစ်လလျှင် ၂ ကြိမ်ခန့်ဝယ်လေ့ရှိပြီး တစ်ကြိမ်ဝယ်လျှင် စိတ်ကြွဆေးပြား ၅ဝမှ ၁ဝဝ ထိဝယ်ယူ တတ်ကြောင်း၊ ဆေးပြားဖိုးကျသင့်ငွေကို ဆေးပြားလာရောက်ယူဆောင်သူ အိမ်ဖော်မိန်းကလေးနှင့် တပါတည်း ထည့်၍ ပေးကြောင်း သိရှိရပါသည်။ - (ဆက်ရန်)  (မှတ်ချက် - အစီရင်ခံစာနဲ့ စစ်ချက်တွေ ပေါင်းရင် စာမျက်နှာ ရာနဲ့ချီတာမို့  ဖြတ်တောက်ထား ပါတယ်။ အမြီးရှည်ရှည်နဲ့အကောင်တွေနဲ့ပတ်သတ်နေလို့ ပြည်ထဲရေးက လျှော့လျှော့ပေါ့ပေါ့နဲ့ ရေးထားရတဲ့ အစီရင်ခံစာလည်း ဖြစ်ပါတယ်။)

 

EMG-Although the police have interrogated some celebrities over alleged drug use in the past, they cannot confirm whether or not the information from old interrogation reports concerning two famous actresses is true.

Soe Myat Thuzar’s alleged statement to the police in 2008 was revealed online on Saturday by Facebook user Moe Zay Nyein. In the statement, the famous actress confessed that she had been using ya ba and WY methamphetamine tablets since 2006 and exposed the names of celebrities who were also using drugs.

The next day, Moe Zay Nyein exposed an alleged statement by another popular actress, Nawarat, who admitted to using Ecstasy and WY tablets and named the celebrities and children of senior government officials who were also using drugs.

Moe Zay Nyein wrote on Facebook that famous celebrities and the children of military generals were named in the statements for suspected drug use but none of the ‘culprits’ have been taken to action.

“It is true that we interrogated some celebrities at that time. We interrogated them because we received reports of them being involved with drugs,” said Police Lt-Col Myint Aye, chief of Yangon Region’s Eastern District Police Force. “We released some of them with bonds while we released some of them [without taking actions]. We cannot say the information that has been spreading online is true or not. It’s been a long time since we did the interrogations. These interrogations have been submitted to the higher-level authorities. We have no reason to interrogate them again.”

Soe Myat Thuzar wrote on her Facebook page that the recent scandal has hurt herself, her family and friends.

“Moe Zay Nyein’s exposé for the truth has hurt not only me but also the celebrities who have been named in these contents. I do not accept the contents that have been posted by Moe Zay Nyein along with my photo. As I do not believe them to be true, I cannot recognise them. Nobody has the right to share anything in public places without permission from the concerned person or court or without evidence that the person has committed international crimes,” said Soe Myat Thuzar on her Facebook page.

Police Captain Khin Maung Thein, supervisor of Yangon Region’s Anti-narcotics Force, said that the force has previously interrogated some celebrities under suspicion of drug use.

“At that time, we received reports that they were related to other drug users. I myself have interrogated them,” he said.

Film director Maung Myo Min (Yintwinphit), commenting on the Facebook posting, said that the police interrogations should have remained confidential.

“This should not have come out, whether [the rumours] are true or not. Also, this is an old case from 2006 to 2008,” he said.

“Exposing like this can only hurt the feelings of family members and cause them to lose their dignity. I see this as an act of using celebrities to obtain something. This shouldn’t have happened. I object to this. Other celebrities will also object to this.”

About 30 celebrities are rumoured to be involved in the alleged drug use, including Lu Min, the current chairman of Myanmar Motion Picture Organisation. However, Lu Min has denied the allegations and plans to launch an investigation to find out the truth about the drug scandal, Mizzima news agency reported.

Eleven Media has tried to contact some of the celebrities who have been named in the statements, but has not been able to reach them.

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s