MAT: စောစောစီစီး အကူအညီတောင်လာသဖြင့် မိမိကလည်း ထပ်မံပြီး ကူညီ ဆောင်ရွက်ပေးနိုင်သူ များအားအကူအညီ ထပ်မံ တောင်းခံလိုက်ခြင်း ။

စောစောစီစီး အကူအညီတောင်လာသဖြင့် မိမိကလည်း ထပ်မံပြီး ကူညီ ဆောင်ရွက်ပေးနိုင်သူ များအားအကူအညီ ထပ်မံ တောင်းခံလိုက်ခြင်း ။
……………………………………………………………………………………………………………………

30 .11 .2013 ယနေ့  နံနက် (၇ ) နာကျော်က ထိုင်းနိုင်ငံ ပတ္ထယာမြို့ တွင် အလုပ်လုပ်နေသော
မောင်ကျော်လွင်က အကူအညီတောင်းလာပါသည်

မြန်မာနိုင်ငံ မြ၀တီမြို့ မှ ပွဲစားများက ပါတ်စပို့ လုပ်ပေးလိုက်ပြီး မဲဆောက်မြို့ကနေ ယမန်နေ့ ည (၉)
နာရီ ၁၅ မိနစ်က ဘန်ကောက်မြို့ သို့  ထွက်ခွါလာသော ၂ထပ် ခရီးသည် ကါးကြီးတွင် စီနင်းလိုက်ပါလာသူ
ကျောက်ကြီးမြို့ နယ် အောင်းကြီး အုပ်စု ညောင်ပင်သာကျေးရွာ မှ မခိုင်အေး အသက် (၃၂ ) နှစ်သည် ပထမဆုံး မြို့ အထွက်က ဟွေ့ ဟင်ဖွန်
စစ်ဆေးရေးဂိတ်က စစ်ဆေးပြီး ပါတ်စပို့ အတု ဖြစ်နေမှန်း မသိဖြစ်ကါ ကိုင်ဆောင်ကါ တက်လာချိန်တွင်

၎င်းဂိတ်က ဖမ်းဆည်းလိုက်သည် ဟု ပြောပြသဖြင့် နားလည်သူများက မသိသေးသူများကို ထိုင်းနိုင်ငံတွင် ကိုင်ဆောင်နေကြသော ယာယီ သူများ ပါတ်စပို့ ကို တက်လာချင်သူ ၏ ဓါတ်ပုံဖြင့် စကင်ဖတ် ပုံပြောင်းပေးပြီး အတက်ခိုင်းကါ ငွေယူပြီး ဆောင်ရွက်သူများက လုပ်ပေးနေပါသဖြင့်

နောင် ထပ်မံပြီး ဒုက္ခမရောက်ကြစေရန် ၀ိုင်းဝန်းကူညီအသိပေးကြပါရန် ယခု အချိန်တွင် ပါတ်စပို့ များကို နိုင်ငံတော် အစိုးရက လောလောဆယ် မြ၀တီမြို့ တွင် လုပ်ငန်း မစသေးဘူးဆိုတာ သိထားကြရန် နှင့် မဲဆောက်မှာ ရှိနေကြသော ကူညီရေး
အဖွဲ့ များက ကူညီဆောင်ရွက်ပေးနိုင်ပါက ဖြေရှင်း ကူညီဆောင်ရွက်ပေးပါရန် ထပ်မံပြီး အသိပေး တောင်းခံအပ်ပါသည် ။

အသေးစိတ်သိလိုပါက
မောင်ကျော်လွင် ဖုန်း 085 383 6946

မှတ်ချက် … အခု ဖုန်းပြန်ဆက်လာပါသည် ဘတ်ငွေ တထောင်တောင်း လိုက်ပြီး အမှု မဖွင့်ဘဲ မြ၀တီ ဘက် ပြန်ပို့ ပေးလိုက်သည်ဟု ဖုန်းထိုး လာပါပြီ

1426278_367295733416193_1616093191_n

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s