=========================
ရှေ့ဆုံးက ဒိုင်နာကားမှာကျတော့ ကုလားတွေကို ခုံတန်းမှာမထိုင်ခိုင်းပဲ ခုံအောက်မှာဝပ်ထိုင်ခိုင်းထားတယ်။ဒိုင်နာကားရဲ့ ဘေးတစ်ဖက်စီကို မိုးကာစနဲ့ပိတ်ချထားတယ်။နောက်ကိုလဲ မိုးကာစနဲ့ပဲအပြည့်ကာထားတယ်။လူမမြင်အောင်ပေါ့။ကားကသွားနေတာမို့ လေအတိုးမှာနောက်ကချထားတဲ့ မိုးကာစက လန်တက်နေလို့ နောက်ကလိုက်နေတဲ့ကျွန်တော်ကအားလုံးမြင်နေရတယ်။ကုလားတွေမှာ အိတ်တွေလဲပါတာမို့ အင်ဘာလာရပ်ကွက်မှာကြာကြာနေမဲ့ပုံပါ။
မြို့တော်ခန်းမရှေ့ရောက်တော့ အင်ဘာလာဖက်ကိုချိုးကွေ့သွားတယ်။ကျွန်တော်တော့ ဈေးကိုသွားရမှာမို့ တည့်တည့်ပဲမောင်းလာခဲ့တယ်။ဆိုင်ရောက်တော့ ဆိုင်နီးနားချင်းတွေနဲ့ ဒီအကြောင်းကိုပြောကြတော့ ဒီလိုတွေကြားရပါတယ်။
မြို့ပြင်ကုလားရွာမှ မြို့တွင်းရှိအင်ဘာလာ ကုလားရွာသို့ ကုလားတစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် ရဲကားဖြင့်ပြောင်းပေးသည်။အသွား နှစ်သောင်း၊အပြန်နှစ်သောင်း ဖြစ်ပါသည်။အင်ဘာလာရွာထဲတွင်အမြဲတမ်းနေထိုင်ခွင့်တော့မရပါ။ဆွေမျိုးလည်/ဘာညာသဘောမျှသာရသည်။ဤသတင်းမှာ မည်မျှထိ မှန်/မမှန်တော့မသိပေ။ကြားမိသမျှသာဖြစ်ပါသည်။
ဤသတင်းကိုတွေးရင် စကားပြန်လုပ်နေသော် သူငယ်ချင်းတစ်ဦးနှင့် အဆိုပါရဲများကို ချိန်ဆတွေးမိပါသည်။ကျွန်တော့်မိတ်ဆွေမှာ နှိင်ငံခြားဘာသာစကားကိုလည်းတတ်ရသည်။ဒေသန္တရဗဟုသုတနှင့်သမိုင်းများလည်း သိအောင်လုပ်ရသည်။မိမိတာဝန်ယူထားရသည့် နှိင်ငံခြားသားဧည့်သည်များ၏ စားရန်နေရာ၊အိပ်ရန်နေရာကိုလည်း ပူပန်ရှာဖွေရသည်။စုံလို့ စုံလို့။
ဟောအခု ကျွန်တော်တို့စစ်တွေကရဲများ ကတော့ ဘာမှလုပ်ပေးစရာမလို။မြို့ထဲက အင်ဘာလာကိုသွားမလား?ပေး နှစ်သောင်း။ဂျောင်း။မြို့ပြင်က ကုလားတောကို ပြန်သွားမလား?ပေး နှစ်သောင်း။ဂျောင်း။ဘာမှပူစရာမလို။ဘာစကားမှတတ်စရာမလို။့ဘာမှလုပ်ပေးနေစရာမလိုပါ။
ကောင်းလေစွ ကောင်းလေစွ
သားကြီးလာရင် ရဲလုပ်ခိုင်းအုံးမှ။