MAT -“နှလုံးရောဂါဖြင့်မြန်မာအလုပ်သမားတစ်ဦးသေဆုံး”

“နှလုံးရောဂါဖြင့်မြန်မာအလုပ်သမားတစ်ဦးသေဆုံး”1476164_364769937002106_2117083150_n-1

နိုဝင်ဘာ ၂၆ မြတ်ညို(အလွတ်သတင်းထောက်

ဘန်ကောက်မြို့ ဘန်ဘော်စံ အရပ်တွင်ရှိသော ကီလိုချိန်ခွင် များထုတ်လုပ်သည့် အလုပ်ရုံအလုပ် သမား တစ်ဦး နှလုံးရောဂါဖြင့် ဘန်မကော်ကောက် (အမှတ်၉) အင်တာနယ်ရှင်နယ် ဆေးရုံကြီးတွင် ကွယ်လွန် သွားခဲ့ရာ ယမန်နေ့ညနေပိုင်းက သဂြိုဟ် လိုက်ပြီးဖြစ်ကြောင်းသိရှိရသည်။

မကွေးတိုင်း ကုန်ကန်ရွာ မှ အဖ ဦးကံရှိန်+ဒေါ်မြစံပယ် တို့၏ သား အသက် ၂၃ နှစ် အရွယ် မောင်ဇော်ဝင်းရှိန် သည် လုပ်ငန်းခွင် အတွင်း အမောဖေါက်လာသဖြင့် ဘန်ကောက်မြို့ အယ်ကချိုင်လမ်း တွင်ရှိသော ဘန်မကော်ပက်(အမှတ်၈)ဆေးရုံ သို့ ဦးစွာတင်ပို့ခဲ့ပါသည်။ ထိုဆေးရုံတွင် တစ်ရက်တစ်ညကု သပြီး၍ အမှတ်(၉) ဆေးရုံကြီးသို့ထပ် မံပြောင်းရွှေ့ ကုသစဉ် ကွယ်လွန် သွားခဲ့ခြင်း ဖြစ်သည်။ အဆင့်မြင့်ဆေးဝါးကုသခံယူရမှု အပါအ၀င် သဂြိုဟ်စရိတ်ပါ ဘတ်ငွေ လေးသောင်း ထက် မနည်း ကုန်ကျခဲ့သည်။ အလုပ်သမားများနှင့်စေတနာရှင်တချို့တို့၏ အရပ်ရပ် အလှူငွေ ဘတ်ငွေ တစ်သောင်း ကျော်ရရှိခဲ့သည်။

ဘန်ကောက်မြို့အခြေစိုက် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT ၏ တရားရုံးအမှုတွဲ ဘာသာပြန် ကိုဘခက် က“ ဒီအလုပ်ရုံက အလုပ် သမား ၈ယောက်က ကျနော်တို့ ဆီမှာ သူတို့သူဌေး ပတ်စပို့သိမ်းထား တယ်ဆိုပြီး အကူညီတောင်းထား တာဖြစ်တယ်။ ခု ကွယ်လွန်သွားတဲ့သူဟာ ဒီအ ထဲ က အပါအ၀င်ဖြစ်တယ်။ ဆေးရုံတင်ရေးကအစ သဂြိုဟ်ပြီးစီးတဲ့အထိ အစအဆုံးကူညီပေး လိုက်ရ တယ်။ ငွေတွေလည်း ကျနော်တို့ပဲ စိုက်ထားရ တယ်။ ဗမာပြည်က မိဘတွေကတော့ ကောင်းကောင်း မွန်မွန် သဂြိုဟ်ပေးပါ။ ငွေပြန်ပေးမယ် လို့ တော့ပြောပါတယ်” ဟု ပြောဆိုသည်။

အလုပ်သမားများမှာ မိမိလုပ်အားခများဖြင့် ပတ်စပို့တစ်ခုအတွက် လုပ်ငန်းရှင် သူဌေးက အလုပ်သမားများထံမှ ပတ်စပို့အတွက် ဘတ်ငွေ ၁၂,၀၀၀မှ ၁၈,၀၀၀ ဖြတ်တောက်၍ လုပ်ကိုင် ထားကြရသော်လည်း ပတ်စပို့ ကိုင်ဆောင်ခွင့်မရ၍ MATအဖွဲ့သို့ အကူညီ တောင်းခံ ထားခြင်းဖြစ်သည်။

သေဆုံးသွားသည့်အလုပ်သမားသည် မိမိပတ်စပို့ ကို ကိုယ်ဆောင်ခွင့်ရချင် သည့်စိတ်ဆန္ဒပြင်ပြစွာရှိ ခဲ့သော် လည်း ကိုင်ဆောင်ခွင့် မရရှိသွားသဖြင့် အထူးစိတ်မကောင်းဖြစ်ရကြောင်း ကိုဘခက် က ပြော သည်။

https://www.facebook.com/pages/ရေ%E1%82%8Aလုပ်သား/294849193994181

လူကုန်ကူးသူများ မဖတ်ရ”

1472070_364570703688696_2138945140_n
မဲဆောက်က လာတဲ့အလုပ်သမား ၁၃ ယောက် ဘန်ကောက်နဲ့ မဟာချိုင်ကို လာကြတယ်။ လမ်းစရိတ် ကို တစ်ချို့က အကျေပေး/ တစ်ချို့က တ၀က်စီ ပေးချေထားပြီးဖြစ်တယ်လို့ မိသားစုတွေက ပြောကြတယ်။
ပင်လယ်ငါးဖမ်းလုပ်ငန်း တည်ရှိရာ နေရာတစ်ခု ဖြစ်တဲ့ ထိုင်းနိုင်ငံ ခြုံဘူရီ ခရိုင် အချောင်လှေဆိပ်မှာပါတဲ့။ ထိုင်းလူကုန်ကူးမှု တိုက်ဖျက်ရေး တပ်ဖွဲ့ က၊ ငါးဖမ်းလှေမှာ ရောင်းစားခံရရင်လည်း အဲဒီငါးဖမ်းလှေရဲ့နံပါတ် လှေနာမည် ထိုင်းလိုရေးထားတာ ကို အတိအကျပြနိုင်ရမယ်။ ပွဲစားဓါတ်ပုံကို ပြနိုင်ရမယ်။ နေရာကိုတိတိကျကျ မြေပုံ ရေးဆွဲပြနိုင်ရမယ် လို့ဆိုပါတယ်။

သူတို့ကလည်း သူတို့ ဥပဒေပါ အတိုင်း လိုအပ်ချက် တွေကိုပြောတာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ထိုင်း မြန်မာ နယ်စပ် မဲဆောက်က ဘန်ကောက် နဲ့ မဟာချိုင်ကို လာတဲ့ အလုပ်သမားတွေ ခြုံဘူလီ လှေဆိပ်ကို ရောင်းစားခံရတယ်။ သူတို့မှာဘယ်ပိုက်ဆံနဲ့ ဖုန်းဝယ်မလဲ။

ဖုန်းကိုင်ခွင့်လည်းမရဘူး၊ လှေနာမည်ကို ဘယ်ကယ်မရာနဲ့ ရိုက်မလဲ။ ဖတ်ပြရအောင်ကလည်း ထိုင်းစာ နဲ့ ရေးထားတာ။ ရောင်းစားခံရသူ ဆိုတာ ထိုင်းကို မရောက်ဖူးတဲ့ လူတွေပါ။ သူတို့ကို ခေါ်ယူလာတဲ့ ပွဲစား ဓါတ်ပုံကို ဘယ်လို ရနိုင်မလဲ။ ဖုန်းကိုင်ခွင့်ရတဲ့အလုပ်သမားတွေဆိုတာ ဒီလှေဆိပ်
မှာ အနည်းဆုံး ၈လလောက် လုပ်ပြီးမှ ပွဲစားစရိုက်ကျေတဲ့ သူတွေဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့နှစ်က ခြုံဘူရီ လှေဆိပ်မှာ ရောင်းစားခံထားရတဲ့ အလုပ်သမား တစ်ယောက် သူတို့ကို အုပ်ချုပ်နေတဲ့ ဘ၀တူ လုပ်သက်ရင့် လှေသမားဖုန်းနဲ့  ဖုန်းဆက်ပြီး ကျနော့်ကို အကူအညီတောင်း လာပါတယ်။

အဲဒီလှေသမားခေါင်းဆောင်က ကျနော်က လှေနာမည်ကို သူ့ရဲ့ဖုန်းနဲ့ ဓါတ်ပုံရိုက်ပြီး ပို့ ပေးဖို့ အကူအညီ တောင်းပါတယ်။
သူက ဘာပြောလဲဆိုတော့၊ ဒီလှေဆိပ်မှာ မြန်မာ အလုပ်သမားတွေ သောင်းချီပြီးရှိတယ်။ လှေလုပ်သား ဟူသမျှ ကိုယ့် သဘောနဲ့ ကိုယ် လာလုပ်သူ တစ်ယောက်မှ မရှိဘူး။
ကျနော်က ကူညီပြီး လှေနာမည်ကို ဖုန်းကယ်မရာနဲ့ ဓါတ်ပုံရိုက်ပြီး ပို့လိုက်လို့  အကိုတို့ က ထိုင်းပုလိပ်
တွေနဲ့ လာဖမ်းရင် အကုန်လုံး နယ်စပ်ကို အပို့ ခံရမယ်။

ဘာကြောင့်လဲဆိုတော့ ဒီမှာ လုပ်နေသမျှ လှေ
လုပ်သားတွေ တစ်ယောက်မှ နေထိုင်ခွင့် လုပ်ထားတာ မရှိဘူး။
ကျနော်က ရောင်းစားခံခဲ့ရတဲ့ စရိတ်ကျေသွားပြီ။ ခု ဒုက္ခ မရောက်တော့ဘူး။ တစ်လကို ဘတ် ၇၀၀၀ .. ၈၀၀၀ ရနေပြီ။ စရိတ်ငြိမ်း ဗမာငွေ ၂သိန်းလောက် မိသားစုဆီပို့ နိုင်ပြီ။ ကျနော်က ရောင်းစားခံထားရသူကို သနားလို့ လှေနံမည်ကို ဓါတ်ပုံရိုက်ပို့ လိုက်ရင် အကိုတို့ ကျနော်ကို ချန်ထားခဲ့မှာမဟုတ်ဘူး။

အကုန်ဖမ်းမှာပဲ။ ဒါကြောင့် အကိုတို့ ကူညီတယ်ဆိုတာ ဒုက္ခရောက်သူကို ကူညီတာပဲဖြစ်သင့်တယ်။ ဒီလိုမှမဟုတ်ရင်တော့ အချောင်မှာ ရောင်းစား ခံနေ ရတဲ့ လှေလုပ်သားတွေကို ကယ်တင်ဖို့ မစဉ်းစားပါနဲ့တဲ့။

လှေဆိပ်တစ်ခုလုံး မွန်ပွဲစားတွေနဲ့ ထိုင်းပုလိပ်တွေ က ထိုင်းလုပ်ငန်းရှင်တွေ အတွက် မြန်မာအလုပ်သမားတွေကို လူအရောင်းအ၀ယ် ကျွန်အရောင်း အ၀ယ် လုပ်နေတဲ့နေရာပါတဲ့။ အကျိုးစီးပွားဖြစ်ထွန်းနေတာက
ထိုင်းလုပ်ငန်းရှင်နဲ့ ထိုင်းပုလိပ်တွေပါ။ ရောင်းစားခံရပြီး ကျေးကျွန်ဖြစ်နေတာက မြန်မာ အလုပ်သမားတွေပါ။ အဲဒါကို မြန်မာအစိုးရကို ပြောပေးပါတဲ့။

သဗ္ဗေ သတ္တာ ကမ္မသကာ
** ကျော်သောင်း**

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s