“သင်္ဃန်းကျွန်း အငြင်းပွားဖွယ် စာသင်ကျောင်းသတင်း”
^^^^^^^^^^^^^^^^^^^^^^^^^^^^^
ရန်ကုန်မြို့၊ သင်္ဃန်းကျွန်းမြို့နယ်၊ င/ကရပ်ကွက်၊ ဝေဇယန္တာလမ်း၊ အစ္စလာမ့်လင်းရောင်ခြည် စာသင်ကျောင်း ဆောက်လုပ်သည်ကို ရပ်ကွက်သူ/သားများက ကန့်ကွက်စာတင်ထားသည်မှာ ကြာခဲ့ပြီဖြစ်သည်။
ပြန်လည်စစ်ဆေးခြင်းစသည့် အရေးတယူပြုသင့်သည်များကို တာဝန်ရှိသူများက မလုပ်ဆောင်ကြသောကြောင့် ရပ်ကွက်သူ/သားများက မကျေမနပ်ခဲ့ကြသည်မှာလည်း ကြာခဲ့ပြီဖြစ်သည်။
ထင်သာမြင်သာမရှိသော အကာအရံမြင့်မားစွာ လျှို့ဝှက်တည်ဆောက်နေမူကြောင့် ရပ်ကွက်နေပြည်သူများ သံသယကြီးထွားကာ စိုးရိမ်သောကကြီးမားလာရခြင်းကြောင့် သက်ဆိုင်ရာကို စာတင်ခဲ့ရသည့်အဆင့်သို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။
သတ်မှတ်အကျယ်အဝန်းထက်ပိုမိုဆောက်လုပ်သည်ဟု ထင်မှတ်နေခြင်း၊ တင်ပြသည့်စာသင်ကျောင်း မဟုတ်ဘဲ ဗလီဆောက်သည်ဟု ထင်မြင်လာကြခြင်းကြောင့် ဝိုင်းဝန်းကန့်ကွက်တားမြစ်လာရခြင်းဖြစ်ပေသည်။
ဆရာတော် တစ်ပါးကိုယ်တိုင် ဝင်ကြည့်၍ ဓာတ်ပုံမှတ်တမ်းများရိုက်ယူခြင်း၊ မူလအဆောက်အအုံဟောင်း အတိုင်း ဟုတ်/မဟုတ် တိုင်းတာခြင်းတို့ကို ပြုလုပ်ပြီးနောက် ခွင့်ပြုမိန့်ပါစည်းကမ်းသတ်မှတ်ချက်များနှင့် ကိုက်ညီသောကြောင့် ထပ်မံမကန့်ကွက်တော့ပေ။
ရပ်ကွက်မှ ကန့်ကွက်သောကြောင့် တစ်ပိုင်းတစ်စကြီး ရပ်တန့်ထားရာမှ ယခုအခါ ပြန်လည်ဆောက်လုပ်ခြင်း ဖြစ်သည်။
အစ္စလာမ့်လင်းရောင်ခြည် အာရဗီစာသင်ကျောင်းဥက္ကဋ္ဌ ဦးယာရှင်က စည်းကမ်းနှင့်အညီ ဆောက်လုပ်ခြင်းဖြစ် ကြောင်း လုံးဝအာမခံခဲ့ပြန်သည်။
ယနေ့ 22.11.2013 မွန်းလွဲ 1:00 နာရီတွင် သင်္ဃန်းကျွန်းမြို့နယ်၊ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် သံဃာတော်များက ပြန်လည်စိစစ်ပေးဖို့ ယဉ်ကျေးသိမ်မွေ့စွာ ကြည်ညိုဖွယ်ဆောင်သော အသွင်အပြင်ဖြင့် ရန်ကုန်အရှေ့ပိုင်းခရိုင် အုပ်ချုပ်ရေးမှူးထံသို့ ချီတက်၍ စာတင်တောင်းဆိုခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ပြန်လည်စိစစ်ပေးရေး၊ စိစစ်ပြီးပါက ဥပဒေဘောင်အတွင်းမှ တည်ဆောက်ခွင့် ပြုသင့်/မပြုသင့် ဆုံးဖြတ် အရေးယူရေးတို့က အဓိကဖြစ်ခဲ့သည်။
အစိုးရအနေဖြင့် သာကေတဗလီပုံစံမျိုး မရိုးသားမှုများကို တွေ့ရှိရပါက ပြတ်ပြတ်သားသား အရေးယူဆောင် ရွက်ဖို့ လိုကြောင်းနှင့်၊ အမှန်တကယ် ရိုးသားပြီး စည်းကမ်းချက်များနှင့် ညီပါကလည်း ရဲရဲတင်းတင်း ခွင့်ပြုပေးဖို့ လိုပေသည်။
အရေးယူတားမြစ်သည်ဖြစ်စေ၊ ဆက်လက်ခွင့်ပြုသည်ဖြစ်စေ-ရဟန်းရှင်လူပြည်သူအများကို ပွင့်လင်းမြင်သာ ရှင်းပြ ချပြပြီးမှ ဆောင်ရွက်ရမည်ဖြစ်ပေသည်။
စိုးရိမ်မှု ကြီးမား၍ တားမြစ်သည်ဖြစ်စေ၊ အမှန်တကယ် အန္တရာယ်ရှိသောကြောင့် တားမြစ်သည်ဖြစ်စေ သံဃာထုနှင့် လူထု၏ နိုးကြားမှုကို အသိအမှတ်ပြုရမည်ဖြစ်သည်။
ရခိုင်နှစ်ကြိမ် အကြမ်းဖက်ခံရမှု၊ ဘင်္ဂလားဒေ့ရှ်တစ်ကြိမ် အကြမ်းဖက်ခံရမှုတို့ကြောင့် တစ်နိုင်ငံလုံး နိုးကြားတက်ကြွလာခြင်းဖြစ်ရာ-R.S.O များကို ကျေးဇူးအထူးတင်ရမည်ဖြစ်ပေသည်။ ၄င်းတို့သာ ဂျီဟဒ် မလုပ်လျှင် မြန်မာပြည်သူတို့ အိပ်မောကျနေပေဦးမည်။ ထိုအခါ ရခိုင်ပြည်ကို အသာတကြည် သိမ်းပိုက် နိုင်မည်ဖြစ်သည်။
အခုတော့…..R.S.O ရေ တာ့တာပဲကွာ။ တစ်လက္မတောင် မရစေရဘူး-မှတ်ထားလိုက်ပါ။