—————————————-
လှည်းကူးမြို့နယ် အတွင်းရှိ ပန်းခြံဆိုသော ကျေးရွာစုလေး အတွင်း ရွာလုံးကျွတ် မီးလင်းရေး အလှူအဖြစ် ဆိုလာအလင်းမီးချောင်း ဘက်ထရီ အစုံပေါင်း လေးဆယ် ကို ယနေ့ သွားရောက်လှူဒါန်းပေးခဲ့ရာ ဒေသခံ တောင်သူလယ်သမား ခေါင်းဆောင် ပရဟိတ စိတ်ထက်သန်သူ လယ်သမား လုပ်ငန်းရှင် ဦးကိုကိုနိုင် မှ လှူဒါန်းသော အလှူငွေ ကျပ် နှစ်သိန်း နှင့် ဆိုလာ အလင်း မီးချောင်းများ အလှူလက်ခံသူ ကျေးရွာသားများ က တပိုင်တနိုင် တတ်နိုင်သမျှ ( ငွေ မတတ်နိုင်သူ တကျပ်မှ လှူရန် မလိုသောကြောင့် ) ပြန်လည် လှူဒါန်းပေးရာ ကျပ် တစ်ထောင်မှ အထက် တတ်နိုင်သမျှ ပြန်လည် လှူဒါန်းသည့် စုပေါင်း အလှူငွေ ကျပ် တစ်သိန်း လေးသောင်းလေးထောင် ကျပ် စုစုပေါင်း သုံးသိန်းလေးသောင်းလေးထောင်ကျပ် ကို ပြန်လည် လက်ခံ ရရှိခဲ့သည်။၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်း မှ ကိုစိုးထွန်းသို့ ပြည်သူလူထုက လှူဒါန်းပေးထားသော အလှူငွေ ကျပ် ငါးသိန်းကိုလည်း မိမိထံသို့ ပေးလှူပါသဖြင့် စုစုပေါင်း အလှူငွေ ရှစ်သိန်းလေးသောင်းလေးထောင်ကျပ် အလှူလက်ခံ ၇၇ှိခဲ့ရာ ယနေ့ လှူဒါန်း ခဲ့သည့် ဆိုလာ အစုံပေါင်း လေးဆယ် အတွက် စုစုပေါင်း ကုန်ကျငွေမှာ ကျပ် ကိုးသိန်းခုနှစ်သောင်းငါးထောင် (၉၇၅၀၀၀) ကုန်ကျရာ တစ်သိန်းသုံးသောင်း တစ်ထောင်သာ ယနေ့ မိမိတို့ အဖွဲ့မှ စိုက်ထုတ်လှူဒါန်းပေးခဲ့ရသဖြင့် နောက်ထပ် ကျေးရွာလုံးကျွတ် မီးလင်းရေး လုပ်ဆောင်ပေးရန် ဆက်လက် စီစဉ်ရမည်ဖြစ်ပါသည်။
မကြာမှီ ရက်ပိုင်း အတွင်း ကျေးရွာလုံးကျွတ် မီးလင်းရေး အလှူများကို ဆက်လက် လုပ်ဆောင်သွားမည်ဖြစ်ပြီး အိမ်ခြေ သုံးဆယ်ရှိသည့် ကျေးရွာ တရွာ ရွာလုံးကျွတ် မီးလင်းရေး အတွက် ကျပ် ခုနှစ်သိန်း ခန့်သာ ကုန်ကျသည် အတွက် အလှူရှင် အစုအဖွဲ့လိုက် ကူညီလှူဒါန်း ပေးနိုင်လိမ်မည်ဟု ယုံကြည်ပါသည်။
မိမိတို့ အဖွဲ့မှလည်း ကျေးလက် ဒေသ အနှံ့ ရွာလုံးကျွတ် မီးလင်းရေး လူမှု ဘ၀များ မြင့်မားတိုးတက်လာစေရေး တာဝန်ရှိသူများ နှင့် အတူ လက်တွဲပြီး အရှိန်အဟုန်ဖြင့် ဆက်လက် ဆောင်ရွက် သွားမည်ဖြစ်ပါသည်။
မိမိတို့ အဖွဲ့အစည်း အလိုက် ကျေးရွာလုံးကျွတ် မီးအလင်းဓါတ် အလှူ ပြုလိုသော အဖွဲ့များ အနေဖြင့် ကျေးရွာမှ တပိုင်တနိုင် ပြန်လည် လှူဒါန်းငွေ ၊ ဒေသခံ လုပ်ငန်းရှင်များက ပံ့ပိုးငွေ၊ အလှူရှင်များက လှူဒါန်းငွေ အားလုံး စုဆောင်း စီစဉ်ပြိး စေတနာ ထပ်ပေါင်း အကြောင်းဆုံသော အခါ ရွာလုံးကျွတ် ဆိုလာ စနစ်ကို အသုံးပြုသည့် အိမ်တိုင်းစေ့ မီးချောင်း အလင်း အသုံးပြုနိုင်သည့် ဖွံ့ဖြိုးသော လူနေမှု ဘ၀များစွာ ထပ်မံ ပေါ်ထွက်လာမည်မှာ သေချာနေပေတော့သည်။