==================
ရခိုင်အမျိုးသမီးများအစည်းအရုံးမှအမျိုးသမီးများအပေါ်အကြမ်းဖက်မှုပပျောက်ရေးတာဝန်ခံ
စောသီရိရည်မွန်နှင့်စောအေးသန်းနွယ်တို့ ကိုကြာညိုပြင်ကျေးရွာသို့ သွားရောက်ရန်အဖွဲ့ မှစေ
လွတ်ခဲ့သည်။သမီးငယ်ယဉ်ငြိမ်းအေးမှာ ၁၈ ရက်နေ့ ညနေအချိန်တွင်ပျောက်ဆုံးသွားပြီး ၁၉ရက်နေ့ နံနက် ၂ နာရီအချိန်တွင်ဒါဏ်ရာဒါဏ်ချက်ပေါင်းများစွာနှင့်
သေဆုံးနေကြောင်းတွေ့ ရှိခဲ့ရသည်ဟုသိရသည်။
အပေါက်ဝဆရာဝန်၏ဆေးစစ်ချက်အရသမီးငယ်မှာလူနှစ်ဦး၏ပြုကျင့်ခြင်းကိုခံခဲ့ရပြီးသူမ၏သားအိမ်များပြိုကွဲပေါက်ပြဲသွားသည်ဟုသိရှိခဲ့ရသည်။
သူမ၏ကိုယ်ပေါ်တွင်မသေမချင်းရိုက်နှက်ထားသောဒါဏ်ရာဒါဏ်ချက်များပြည့်နှက်နေပြီးရန်
ငြိုးကြီးစွာဖြင့်ရက်စက်စွာသတ်ဖြတ်ထားခြင်းကိုစိတ်မကောင်းစွာမြင်တွေ့ ခဲ့ရသည်။
သူမ၏အလောင်းကိုမိခင်ဖြစ်သူမိုးမိုးစံရောက်အောင်စောင့်ဆိုင်းထားပြီး ၂၁-၁၁-၂၀၁၃ ခုမွန်း
လွဲ ၃ နာရီအချိန်လောက်တွင်စိတ်မကောင်းဖွယ်ရာအတိဖြင့်သင်္ဂြိုဟ်ခဲ့ရသည်။
မိမိတို့ အဖွဲ့ မှသမီးငယ်အတွက်အလူုငွေတချို့ ကိုလူုဒါန်းခဲ့ပြီးကြေကွဲမဆုံးဖြစ်နေသောသူမ၏
အဖွားအားနှစ်သိမ့်အားပေးစကားပြောကြားခဲ့သည်။သက်ဆိုင်ရာအာဏာပိုင်များထံသို့ သွား
ရောက်ကာအမှူမှန်ပေါ်ပေါက်ရေးအတွက်အမြန်ဆုံးအကောင်အထည်ဖေါ်ပေးရန်တိုက်တွန်း
ခဲ့သည်။
ကြာညိုပြင်ကျေးရွာသည် ကုလား (ဘင်္ဂလီနွယ်ဖွားမူဆလင်) ရွာနှင့်တဆက်တစပ်တည်းရှိနေသည်။
