************************************
RNDP နှင့် ALD ရခိုင် နှစ်ပါတီ ပူးပေါင်းပြီး
တစ်ခုတည်းသော ရခိုင်အမျိုးသားပါတီ ANP အဖြစ် တည်ထောင်ဆောင်ရွက်ကြမည်ကို ရဟန်းရှင်လူ ရခိုင်တစ်မျိုးသားလုံး က ၀မ်းမြောက်ဝမ်းသာ ကြိုဆိုထောက်ခံကြပါသည် ။
အမြန်ဆုံး ပူးပေါင်းမိရန်လည်း တောင့်တလျက်ရှိကြသည် ။နှစ်ပါတီပူးပေါင်းခြင်းသည်….
———————-
# ရခိုင်တစ်မျိုးသားလုံး အကျိုးအတွက်သာ ဖြစ်စေလိုသည် ။
# လူတစ်ဦးချင်း ၊ ပါတီတစ်ခုချင်း အကျိုးကို ရှေ့တန်းမတင်ကြစေလိုပါ ။
ယခုလို ပါတီပေါင်းစည်းရေး ဆောင်ရွက်နေချိန်မှာ ….
——————————ANP
# လူပုဂ္ဂိုလ်ချင်း ကိုယ်ရေးကိုယ်တာ အပုတ်ချမှုများ မလုပ်ကြပါနှင့်တော့
# ကိုယ့်ကိုကိုယ် ကိုယ်ရည်သွေးပြီး တစ်ခြားလူကို ဝေဖန်ပြစ်တင်မှု မလုပ်ကြပါနှင့်တော့
# ဖြစ်ပေါ်လာမည့် ANP ပါတီအတွက် ဆရာမွေး တပည့်မွေးလုပ်ပြီး ကြိုတင်နေရာလုမှုမျိုး မလုပ်ကြပါနှင့်
# တစ်ပါတီချင်း စည်းရုံးရေးဆင်းသည့်သဘောဆောင်သည့် လုပ်ငန်းများ ရပ်တန့်သင့်ကြပြီ
# မသေချာမရေရာသည့် အထင်မြင်လွဲမှားနိုင်သည့် သတင်းများကို
လူသိရှင်ကြား မဖေါ်ထုတ်ကြပါနှင့်
# ပြည်မပါတီကြီးများ၏ သြဇာခံနောက်မြီးဆွဲမဟုတ်သည့် သီးခြားကင်းလွတ်ပြီး ရခိုင့်အရေးကိုသာ ရှေ့တန်းတင်ဆောင်ရွက်သော ရခိုင်ပြည်တွင်အခြေစိုက်သည့် ရခိုင်ပါတီစစ်စစ် ဖြစ်အောင်ဆောင်ရွက်ပေးကြပါ ။
( တစ်ပါတီတည်းကိုသာ အားကိုးတကြီး မဲပေးချင်သည့် ရခိုင်လူထု၏ ဆန္ဒများသာဖြစ်ပါသည် ။)
( Than Tun Than )