Our Own ambition is to protect our generation,
THAW ZIN AYE
OIC! Mind your own business.
နိုင်ငံတနိုင်ငံကို ဖျက်ဆီး ကျွန်ပြုခံလာရနိုင်သည့် နည်းလမ်း များစွာ အနက်မှ
(၁) နိုင်ငံရေး နည်း။
(၂) ဘာသာရေးနည်း။
(၃) သံတမန်ရေး နည်း။
(၄)စီးပွားရေးနည်း။
(၅)၀ါဒဖြန့်ချီရေးနည်း။
(၆)လူမျိုးထိုးဖေါက် ၀ါးမြိုနယ်ချဲ့သော နည်း။
(၇) အားနည်းသော အခြေခံ ဥပဒေနှင့် မျိုးစောင့်တရားတို့အပေါ် အသုံးချပြီး မြေ၀ယ်၊ ပိုက်နက်ဝယ်ယူသိမ်းပိုက်နည်း။
(၈) ရုပ်သေး အစိုးရ ဖြစ်အောင် သိမ်းသွင်းပုံစံချ ထိန်းချုပ်ရန် ကြိုးစားနည်း။
(၉) ပြည်တွင်းရေး မငြိမ်မသက်ဖြစ်နေအောင် ဘေးတီးသွေးထိုး လှုံ့ဆော်၊အကွက်ချစီစဉ်ပြီး ကယ်တင်ရှင် ခံယူ နိုင်ငံရေး အမြတ်ထုတ်နည်း။
(၁၀) သယံဇာတများ ကို နည်းအမျိုးမျိုးဖြင့် ၀ါးမြိုဖျက်ဆီး နိုင်ငံတ၀ှမ်း သဘာဝဘေးများ ဖြစ်ပေါ်လာအောင် စနစ်တကျ အကွက်ချ ပြည်ဖျက်ပြီး အလုပ်အကိုင် စီးပွားပျက်အောင် ဖန်တီးပြီး ကျွန်ပြုရန် ကြိုးစားနည်း။
(၁၁) စစ်အာဏာရှင်များ မွေးမြူ ဇာတ်သွင်းလေ့ကျင့်ပေးပြီး နိုင်ငံသားချင်း ကျွန်ပြုအုပ်ချုပ်စေကာ အုပ်ချုပ်ရေး အမြတ်ထုတ် ဂုတ်သွေးစုပ်နည်း။
စသည့် မြောက်များလှသည့် တိုင်းပြည်ရန်စွယ် အန္တရာယ်တို့ကို ကာကွယ် ရင်ဆိုင် တိုက်ဖျက်ရန် ကျွန်ုပ်တို့ မြန်မာမျိုးဆက်သစ်များ တွင် လေးနက်သော တာဝန်တို့ တင်ရှိနေပေပြီ။