MYANMAR MOI: မြန်မာနိုင်ငံသို့အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)အဖွဲ့အား လားရှိုးမြို့မှပြည်သူများကဆန္ဒထုတ်ဖော်ကာ သဘောထားထုတ်ပြန်

မြန်မာနိုင်ငံသို့အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(OIC)အဖွဲ့အား လားရှိုးမြို့မှပြည်သူများကဆန္ဒထုတ်ဖော်ကာ သဘောထားထုတ်ပြန်

လားရှိုး နိုဝင်ဘာ ၁၄

602740_417042948423577_1041306679_n

အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့(OIC)ကိုယ်စားလှယ်များ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်အား လားရှိုးမြို့ပြည်သူများက ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ အား နိုဝင်ဘာလ ၁၄ ရက်နေ့မွန်းလွဲ ၁ နာရီမှ ၂ နာရီထိ လားရှိုးမြို့၊မြို့တော်ခန်းမရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲတွင် လားရှိုးမြို့မှဒေသခံများက အောက်ပါအချက် (၆)ချက်အား ဆန္ဒပြပြည်သူများ၏ အဘောထားထုတ်ပြန်ချက် အဖြစ်ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။အဆိုပါ ထုတ်ပြန်ချက်မှာ
၁။(OIC) အဖွဲ့ရဲ့ဦးတည်ချက်ပါအကြောင်းအရင်းကို လက်မခံ။
၂။ လာရောက်ကူညီတာကို တားမြစ်နေတာမဟုတ်ဘူး။ ကူညီမှုကိုဗန်းပြပြီး ပြဿနာတွေယူလာမှာ ပြဿနာတွေထားခဲ့မှာကို မလိုလား။
၃။ဒုက္ခသည်တွေကိုအကြောင်းပြုပြီး ရိုဟင်ဂျာတွေ တိုင်းရင်သားဖြစ်ရေးအသက်သွင်းဖို့ကြိုးစားနေသေ (OIC) အဖွဲ့ကို အလိုမရှိ။
၎။၁၉၈၂-ခုနှစ် နိုင်ငံသားဥပဒေအတိုင်းဖြစ်ရမည်။
၅။မြန်မာနိုင်ငံပြည်တွင်းရေးကို မည်သည့်နိုင်ငံ၊မည်သည့်အဖွဲ့အစည်းမှ ဝင်ရောက်စွက်ဖက်ခွင့်မပြု။
၆။(OIC) အလိုမရှိ။( Get Out OIC)
ဟူသည့်အချက်များဖြစ်ကြောင်းသိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲအား ဒေသခံ ဦးတင်မောင်အေး က ငြိမ်းချမ်းစွာစုဝေး၍ဆန္ဒထုတ်ဖော်ခွင့် တရားဝင် ခွင့်ပြုချက်တောင်းခံခြင်းဖြစ်ပြီး၊ဆန္ဒထုတ်ဖော်ပွဲတွင် OIC အလိုမရှိ၊ မြန်မာနိုင်ငံတွင် OIC ရုံးဖွင့်လှစ်ခြင်းကို အလိုမရှိ၊ ရိုဟင်ဂျာသည်တိုင်းရင်းသားမဟုတ် ဟူသောစာတမ်းများအားဆန္ဒပြပြည်သူများက၏ကိုင်ဆောင်ပြီး ငြိမ်းချမ်းစွာကန့်ကွက်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရသည်။

ပြည်နယ် ပြန်/ဆက်

https://www.facebook.com/MOIWebportal

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s