ထိုင်းအမျိုးသမီးကို မြန်မာအလုပ်သမား၂ဦးအဓမ္မပြုကျင့်”
နိုဝင်ဘာ ၁၁ (ကိုတီး)
ဘန်ကောက်မြို့မြောက်ဘက် ၄၆ကီလို မီတာအကွာတွင်ရှိသော ပထုံဌာနီနယ်မြေ အမှတ်ရ ၇ ရေမြောင်းအမှတ်(၁)ရပ်ကွက်တွင်ရှိသော ချင်လ ဘန်ခန် ကားလမ်းမ နံဘေးတစ်နေရာတွင်ယမန်နေ့ ညဥ့် ၁နာရီခန့်တွင် အလုပ်မှ ပြန်လာသည့် ထိုင်း အမျိုးသမီးငယ် တစ်ဦးအား မြန်မာအလုပ် သမား ၂ဦးက အဓမ္မပြုကျင့်ကြောင်း ထိုင်းရတ်သတင်းစာ တွင် ဖေါ်ပြထားသည်။
အသက် ၁၈နှစ်အောက်အရွယ် apple အမည်ရှိ ထိုင်းအမျိုးသမီး ငယ်တစ်ဦး အား မြန်မာ ၂ဦးက အဓမ္မပြုကျင့်ရာ အော်ဟစ် အကူညီတောင်းသဖြင့် ပတ်ဝန်းကျင်မှ ၀ိုင်းဝန်းဖမ်းဆီးသဖြင့် အသက် ၂၆နှစ် အရွယ် မောင်ကျော်နိုင် ဆိုသူအားထိုင်းရဲများကဖမ်းဆီးမိခဲ့သည်။ အခြားတစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။
appleကသူမအော်ဟစ်သဖြင့်မျက်နှာကိုလက်သီးဖြင့်အထိုးခံခဲ့ရကြောင်းထွက်ဆိုသည်။
မောင်ကျော်နိုင်က အရက်မူ၍ လုပ်ခဲ့မိကြောင်း ၀န်ခံထွက်ဆိုခဲ့သည်။ ရဲစခန်းက ဥပဒေကြောင်းအရ ဆက်လက် အရေးယူဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းစာတွင်ရေးသားထားသည်။
————–
နိုဝင်ဘာ ၁၁ (မင်းဘခက်)
မဟာချိုင်နယ်မြေ CPF ပုဇွန်အခွံခွာသည့် အလုပ်ရုံတွင် စကားအချေအတင်ဖြစ်ရာမှ ထိုင်းယောက်ျားလျှာ အလုပ်သမားတစ်ဦးအား ရခိုင်အလုပ်သမ တစ်ဦးကဓါးဖြင့်ထိုးလိုက်ကြောင်း သိရှိရသည်။
အသက် ၂၃ နှစ်အရွယ် မစောမြနွယ် သည် နိုဝင်ဘာလ ၇ရက်နေ့ နေ့လည် ထမင်းစားနား ခါနီး နေ့လည် ၁၁နာရီခွဲအချိန်တွင် ထိုင်းယောက်ျား လျှာ နှင့် စကားပြောနေသည့် သူငယ်ချင်းဖြစ်သူ မ….. အား ထမင်းအတူတူစားကြရန် သွားခေါ်ခဲ့သည်။ ထိုအခါ ထိုင်းယောက်ျားလျှာက ခေါ်ရကောင်းလား ဟူ၍ မစောမြနွယ် ၏ လည်ပင်းကို ညှစ်ပါသည်။
မစောမြနွယ် က ကြောက်လန့်သွားပြီး ပုဇွန် အသားနွှာသည့် ဓါးဖြင့် ယောက်ျားလျှာ၏ ၀မ်းဗိုက် ကို ထိုးလိုက် မိကြောင်း ရဲစခန်း တွင် ထွက်ဆိုပါသည်။ ယခုအခါ မစောမြနွယ် အား မဟာချိုင် ထောင်ချုပ် တွင် ခံနေရပြီး ထိုင်းယောက်ျားလျှာမှာ အသက်အန္တရာယ်စိုးရိမ်စရာမရှိကြောင်း၊ ဒဏ်ရာသက် သာသွားပြီြး ဖစ်ကြောင်း သိရှိရသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ အဖဦးလှမောင် +ဒေါ်ခင်စန်းရီ တို့၏သမီး မစောမြနွယ် မှာ အပျို တစ်ဦးဖြစ်ပြီး သူမ၏ အမှုကိစ္စအား မှန်ကန်စွာ ဖြစ်တည်နိုင်ရေးအတွက် ပညာရေးဖွံ့ဖြိုးရေး ဖေါင်းဒေးရှင် FED မှ ရှေ့နေနှင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ MAT တို့ကကူညီနိုင်ရန် ပြင်ဆင်နေကြ ကြောင်း သိရှိရသည်