NAY MYO ZIN : မျိုးချစ်တော်လှန်ရေး တပ်သားဟောင်းကြီး အဘသခင် လှကြိုင် အတွက် အများ

tun wai

မျိုးချစ်တော်လှန်ရေး တပ်သားဟောင်းကြီး အဘသခင် လှကြိုင် အတွက် အများပြည်သူမှ စုပေါင်းပေးပို့သော ဂုဏ်ပြု ကန်တော့ငွေ ကျပ်ခုနှစ်သိန်းသုံးသောင်းကို ယနေ့ ပေးအပ်လှူဒါန်းနေစဉ်

994381_628803787157758_98303164_n-11395317_628803013824502_1075582157_n 1450954_456824091095327_1120574506_n

သူလိုလူ ဇဗ္ဗူမှာ ရှိပါသေးတယ်။

ကိုနေမျိုးဇင်ရဲ့ ယနေ့  ပုံရိပ်တစ်ခုပါ။ တော်လှန်ရေး ရဲဘော်ဘော်ဟောင်း ဦးလှကြိုင် ကိုလှူတဲ့ ကိစ္စပါ။

မြန်မာပြည်ကြီးထဲက ငါတို့ တပ်မတော်မှာ သူလိုလူမျိုးရှိခဲ့တယ်ဆိုတာ မျိုး

ထပ်ပေါ်ထွက်ခဲ့ရင် သိပ်ကောင်းမှာဘဲ

ကိုနေမျိုးဇင်ဟာ ငယ်စဉ်ကတည်းက ထူးချွန်ထက်မြက်ခဲ့ပြီး

လူကြီးတွေကစိတ်ချလက်ချရှိတဲ့အထိ ထူးချွန်ထက်မြက်ခဲ့သူတစ်ဦးပါ။

ဆိုရှယ်လူမှုကွန်ယက်ဖေ့ဘုတ်ကို အချိန်ရှိရှိကောင်းကောင်း

အသုံးချခဲ့လို့ ထိရောက်မှုက သက်သေပြခဲ့ပါပြီကော။

ကျနော်လေးစားနေတုံး သူ့ ကို ပြည်သူတွေ အားကိုနေတုံးပါဘဲ။

တရားမျှတမှုကို မွေးရာပါမြတ်နိုးခဲ့တဲ့ သူဟာ နောက်ဆုံးမှာ တိုင်းပြည်ချစ်စိတ်ကို

အရင်းခံလို မတရားတာတွေကို အံတုပြီး ခံထုခဲ့လို့ တပ်မတော်ကသူ့ ကို ဖြုတ်ချပြီး

ထုတ်ခံခဲ့ရပါတယ်။

ကနေ့ ခေတ်တပ်မတော်ဗိုလ်လောင်းတွေမှာ သူလိုလူမျိုးတွေ

မရှိမဟုတ်…သေချာပေါက်ရှိနိုင်ပါသေးတယ်။ ဒါကြောင့်မို့ 

ဘယ်လိုပဲဖြစ်ဖြစ်ပါ…ကျွန်တော်တို့ မြန်မာပြည်ဟာ

လက်နက်အားကိုးနဲ့ အနိုင်ကျင့်ခဲ့တာတွေ

ဟိုးအတိတ်မှာ မှောင်မှောင်မဲမဲနဲ့ ကျန်ခဲ့ပြီဆိုတာ သိရခဲ့ပါပြီ။

အပြင်ထွက်ဖို့ အခွင့်မသာတဲ့လူတွေပေါ့ အားလပ်ချိန်တွေမှာ

ဖေ့ဘုတ်အင်တာနက်ကခရီးထွက်ရင်း ကမ္ဘာကြီးအကြောင်း

သိသင့်သလောက်သိခဲ့ကြပါပြီ။

တချို့ က ကိုနေမျိုးဇင်မဟုတ်။ တချို့ မုံလာဥ ချီးတွေကလွဲလို့ ပေါ့။

အခုလဲ ဖေ့ဘုတ်ပေါ်မှာ သူလေ အလှူအတန်းဆိုလဲထိပ်ဆုံး

တတ်နိုင်သလောက်အင်တိုက်အားတိုက်ပါခဲ့ပြန်တယ်။ ဒီကိစ္စတင်မဟုတ်

သူ့ ဖေ့ဘုတ်မှာ သူ့သမိုင်းကလှနေဆဲပေါ့။

အဘလက်ထဲကိုငွေရောက်အောင်ပေးခဲ့တဲ့ ကန်တော့ခဲ့တာလေး

တော်လှန်ရေး ရဲဘော်ဘော်ဟောင်း ဦးလှကြိုင်

ကိုပဲခူးအထိသွားလှူပေးတယ်။ဒီပုံလေးတွေကြည့်ရင်း

ကျနော်ထပ်ပြီးပဇီတိဖြာခဲ့ရပါတယ်။ ဒီစာဖတ်သူ သင်လဲ

ဝမ်းသာကြည်နူးမိမယ်လို့ ထင်ပါတယ်။

သူ့ ကိုယုံကြည်လို့ လှူလိုက်တဲ့သူတွေလဲ စိတ်ရှင်းမိမှာအမှန်ပါ.။

သူလို
လူမျိုးတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရင်း…..

သူလို
လူမျိုးတွေ ပေါ်ပေါက်လာလိမ့်မယ်လို့ မျှော်လင့်ရင်း…..

လေးစားလျက်
ကိုထွန်းဝေ
11.11.2013

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s