YANGON POLICE: စိတ်ကြွဆေးပြား၊ အဖက်တမင်းနှင့်ဆေးပြားထုတ်လုပ်သည့်စက်များ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

စိတ်ကြွဆေးပြား၊ အဖက်တမင်းနှင့်ဆေးပြားထုတ်လုပ်သည့်စက်များ ပိုင်ရှင်မဲ့သိမ်းဆည်းရမိ

 

DRUGS
နေပြည်တော်၊ နိုဝင်ဘာ ၆

၅-၁၁-၂၀၁၃ ရက်နေ့ ၁၆၃၀ အချိန် ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ မယ်ဖုလုံကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ ဘာဘီချောင်းအနီးတွင် စိတ်ကြွဆေးပြားများနှင့်ဆေးပြားထုတ်လုပ်သည့်စက်များ သိုဝှက်ထားကြောင်းသတင်းအရ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ၊ အမှတ်(၃၀)မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(တာချီလိတ်)မှတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှတပ်မတော်သားများနှင့် မိုင်းကိုးရွာပြည်သူ့စစ်အဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့မှ သွားရောက်ရှာဖွေခဲ့သည်။ ထိုသို့ရှာဖွေခဲ့ရာ မယ်ဖုလုံကျေးရွာ၏အရှေ့မြောက်ဘက်(၁)မိုင်ခန့်အကွာ၊ ဘာဘီချောင်းစပ်အနီးရှိခြံအတွင်း ၀ါးရွက်ခြောက်များ ဖုံးအုပ်၍၀ှက်ထားသော ဆာလာအိတ်(၅)လုံးအားတွေ့ရှိရသဖြင့် ဖွင့်ဖောက်စစ်ဆေးရာ Y1 အမှတ် တံဆိပ်ပါ ဖယောင်းစက္ကူတစ်ထပ်၊ ပလပ်စတစ်တစ်ထပ်ဖြင့်ထုပ်ထားသည့် WY စာတမ်းပါ ပန်းရောင်စိတ်ကြွဆေးပြား(၆၀၀၀)ပြားစီပါ(၈)ထုပ်၊ အပြာရောင်ပလပ်စတစ်ကပ်ခွာအိတ်ငယ်ဖြင့်ထုပ်ထားသည့် WY စာတမ်းပါပန်းရောင်စိတ်ကြွဆေးပြား(၂၀၀)ပြားစီပါ(၁၀)ထုပ်၊ စုစုပေါင်း စိတ်ကြွဆေးပြား (၅၀၀၀၀)၊ အလေးချိန်(၅၀)ကီလိုဂရမ်၊ တန်ဘိုးငွေကျပ်သိန်း(၁၀၀၀)၊ စိတ်ကြွဆေးပြားထုတ်လုပ်ရန် အသင့်ရောစပ်ထားသည့် အဖက်တမင်းပန်းရောင်ဆေးမှုန့်(၁)ကီလိုဂရမ်စီပါ(၁၀)ထုပ်၊ အလေးချိန်(၁၀) ကီလိုနှင့်(၀.၃၆)ကီလိုဂရမ်ပါ(၁)ထုပ်၊ စုစုပေါင်းအလေးချိန်(၁၀.၃၆)ကီလိုဂရမ်၊ စုစုပေါင်းတန်ဘိုးငွေကျပ် (၂၀၇၂)သိန်း၊ စိတ်ကြွဆေးပြား ထုတ်လုပ်ရန်အသင့်ရောစပ်ထားသည့် အဖက်တမင်းနီညိုရောင်အခဲ (၂.၆)ကီလိုဂရမ်၊ တန်ဘိုးငွေကျပ်(၅၂၀)သိန်း၊ အနံ့ဆေးရည်(၃၅၀)မီလီလစ်တာပါ(၁)ပုလင်း၊ အရောင် ဆေးရည်(၀.၅)လီတာပါ(၁)ဗူး၊ အမြင့် ၂ ပေ၊ ၁၀ လက်မ ခန့်ရှိ စိတ်ကြွဆေးပြားရိုက်စက်(၁)လုံး၊ အမြင့်(၂)ပေခန့်ရှိ စိတ်ကြွဆေးပြားရိုက်စက်(၁)လုံးတို့အား ပိုင်ရှင်မဲ့ သိမ်းဆည်းရမိခဲ့သဖြင့် တာချီလိတ် မြို့မရဲစခန်း၊ မယ(ပ)၁၄၂/၂၀၁၃၊ မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၆(ခ)/၁၉(က) ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သတင်း ရရှိသည်။

Leave a Reply

Please log in using one of these methods to post your comment:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s