မနက်ထဲက ခရီးသွားနေလို့ အင်တာနက်မသုံးနိုင်ခဲ့ပါဘူး။ အခုညနေမှ ဖွင့်ကြည့်လိုက်တော့
လသာမဲဆန္ဒနယ်မှပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကြည်မြင့်(စာရေးဆရာ ကြည်မြင့်-လသာ) သည် ယနေ့ (၇.၁၁.၂၀၁၃)နံနက် ၂ နာရီက ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ကွယ်လွန်ကြောင်း ကြေကွဲဖွယ်ရာသတင်းကို ဖတ်လိုက်ရပါတယ်။
ဆရာကို ဟိုစဉ်ထဲက စာတွေကတဆင့် လေးစားခဲ့ပါတယ်။ လွှတ်တော်ကို်ယ်စားလှယ်အဖြစ် တာဝန် ထမ်းဆောင်တော့လည်း ဥပဒေကြမ်းများနဲ့ပတ်သက်ပြီး လွှတ်တော်တွင်း ဝေဖန် ဆွေးနွေးမှုများ၊ ဆောင်းပါးရေးသားမှုများကို အလေးထားဖတ်ရှုခဲ့ပါ တယ်။
သဘောမတူ၊ အမြင်မတူတာတွေရှိရင်တောင်မှ ဆရာဦးကြည်မြင့်ဟာ လေ့လာမှု အားကောင်း တယ်။သူယုံကြည်တဲ့အပေါ်မှာ ခိုင်ခိုင်မာမာ ရပ်တည်ပြောရဲတယ်၊ လေယူရာယိမ်းသူမဟုတ် ဘူးဆိုတာ သိနိုင်ပါတယ်။
ဗြိတိန် ၀န်ကြီးချုပ်ဟောင်း ချာချီပြောဖူးတဲ့ ကျောရိုးရှိတဲ့ နိုင်ငံရေးသမားဆိုတဲ့ အထဲမှာ ဆရာဦးကြည်မြင့် ပါဝင်တယ်လို့ ယုံကြည်ပါတယ်။ ခက်တာက ဒါမျိုးကလည်း လောကကြီးမှာ ရှားရှား ပါးပါးကိုး။
ရှားပါးတဲ့အထဲ ဆရာဆုံးရှုံးသွားရတာကတော့ လွှတ်တော်အတွက်သာမက တိုင်းပြည်အတွက်ပါ ဆုံးရှုံးမှုဖြစ်ပါတယ်။