“ဦးဝီရသူထံ လိုင်ဇာ ငြိမ်းချမ်းရေးအဖွဲ့ လာရောက်တွေ့ဆုံ ဂါရဝပြု”
^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^^
လိုင်ဇာထိပ်သီးဆွေးနွေးပွဲမှ ပြန်လာကြသော ငြိမ်းချမ်းရေးအဖွဲ့ မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယ ကျောင်းသို့ ယနေ့ 6.11.2013 ညနေ 3:00 နာရီတွင် ရောက်ရှိကာ ဆရာတော် ဦးဝီရသူအား ဂါရဝပြုကြပြီး သြဝါဒစကား နာယူခဲ့ကြကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့တွင် ဦးညိုအုန်းမြင့် (M.P.C) မွန်ပြည်သစ်ပါတီနှင့် UNFC အထွေထွေ အတွင်းရေးမှူး ဦးနိုင်ဟံသာ၊ KNPP ဥက္ကဋ္ဌနှင့် UNFC ဥက္ကဋ္ဌ ဦးအေးဆက်တွိဒ်၊ ရခိုင်ပြည်အမျိုးသားကောင်စီ(ANC) အထွေထွေ အတွင်းရေးမှူး ဦးထွန်းဇော်၊ ရခိုင်ပြည်တပ်မတော် တပ်ဦးစီးချုပ် ဗိုလ်မှူးကြီးမင်းထွန်း၊ လားဟူဒီမိုကရက်တစ် သမဂ္ဂ (LDU) ဝ-အမျိုးသားအဖွဲ့ချုပ် (WNO) တို့ ပါဝင်ကြောင်း သိရသည်။
ငြိမ်းချမ်းရေးအဖွဲ့မှ တင်ပြလျှောက်ထားချက်များကို နားထောင်ပြီး၊ ငြိမ်းချမ်းရေးရလိုက ဘုရားတရားတော် အတိုင်း လိုက်နာကျင့်သုံးကြဖို့ တိုက်တွန်းခဲ့ကြောင်း သိရသည်။